အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်အောင် လူတွေ အမှတ်တမဲ့ လုပ်မိနေတဲ့ အချက်(၅)ချက်

Pixabay-manbob86

အိပ်စက်ခြင်းဆိုတာ လူတိုင်းအတွက်အရေးကြီးပါတယ်။ လူတစ်ယောက်ဟာတစ်နေ့ကို အနည်းဆုံး ၆နာရီအိပ်စက်သင့်ပါတယ်။ ဒီဘက်ခေတ်လူငယ်တော်တော်များများကတော့ အိပ်ချိန်မမှန်တတ်ကြပါဘူး။ ညဥ့်သန်းခေါင်ကျော်မှ အိပ်တာတွေ၊ တစ်နေ့ကို အနည်းဆုံးအိပ်စက်ချိန်ဟာ အနည်းဆုံး၆နာရီတောင်မပြည့်တာတွေ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် Bright Side သတင်းဌာနက သတင်းတစ်ချို့ကို မှီငြမ်းပြီး လူတိုင်းလုပ်မိနေတဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်၅ချက်ကို တင်ပြပေးလိုက်ရပါတယ်။

၁။ မအိပ်ခင် ဖုန်းစခရင်၊ တီဗ္ဗီတို့ကိုကြည့်ရှု့ခြင်း
Youtube

လူတော်တော်များများဟာ မအိပ်ခင်မှာ တီဗ္ဗီကြည့်တတ်ကြသလို တစ်ချို့ကြတော့လည်း ဖုန်းသုံးတတ်ကြပါတယ်။ ဒါဟာ အိပ်စက်ခါနီးအနားယူတော့မယ့် ဦးနှောက်အတွက် အရမ်းအနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ခါနီးအကောင်းဆုံးကတော့ မိနစ်၃၀လောက် ဖုန်းကိုပိတ်ပြီး ရေချိုးပြီး အိပ်စက်တာ အကောင်းဆုံးပါပဲ။

၂။ အိပ်စက်ချိန်ကို ပုံသေထားပါ
Reader’s Digest Canada

ဒါကတော့ လူငယ်တွေသိသင့်ပါတယ်။ လူတစ်ယောက်ဟာ အိပ်စက်အနားယူချိန် ပုံမှန်ရှိသင့်ပါတယ်။ အနည်းဆုံး၆နာရီတော့ အိပ်စက်သင့်ပါတယ်။ ဒီဘက်ခေတ်လူငယ်တော်တော်များများဟာ ညဘက်ဆို nigh out ထွက်ကြတာ များပါတယ်။ အဓိကကတော့ အိပ်စက်ချိန်ကို ပုံမှန်အချိန်တစ်ခုသတ်မှတ်ပြီး အိပ်စက်တာဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။

READ
အရေပြားပေါ်မှာ အလွယ်တကူ အညိုအမဲ စွဲထင်ရခြင်းရဲ့ အကြောင်းရင်းများ
၃။ နှိုးစက်ကို တစ်ကြိမ်သာ alarm ပေးပါ
Personnel Today

လူတစ်ချို့ဟာ မနက်အိပ်ရာထဖို့ကို alarm အနည်းဆုံး ၄ခေါက်ထက်မနည်းပေးကြပါတယ်။ ဒါဟာ အရမ်းကို လွဲမှားနေတဲ့ အလေ့အကျင့်ကြီးပါ။ Alarm ကို ၅မိနစ်ခြားပေးတာတွေ၊ ၁၀မိနစ်ကြားပေးတာတွေက ဦးနှောက်ကို အရမ်းထိခိုက်စေပါတယ်။ အကောင်းဆုံးကတော့ alarm ကို ၁ကြိမ်တည်းပေးပြီး အဲဒီအချိန်မှာ အိပ်ရာထနိုင်ရင် အကောင်းဆုံးပါပဲ။

၎။ အိပ်စက်ခါနီး အစားမစားပါနဲ့
Healthline

လူတစ်ယောက်ဟာ ညနေ၃နာရီနောက်ပိုင်း အစာမစားတာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ အစာအိမ်ထဲမှာရှိတဲ့ အစာချေဖျက်နှုန်းဟာ ညနေ၃နာရီနောက်ပိုင်း ကောင်းစွာ အလုပ်မလုပ်နိုင်တော့လို့ပါပဲ။ ဗိုက်ဆာလို့ အရမ်းစားချင်နေတယ်ဆိုရင်လဲ မအိပ်ခင် ၃နာရီအလိုမှာ အနည်းငယ်စယးသောက်တာ အသင့်တော်ဆုံးပါပဲ။

၅။ လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း
Pixabay-MatanVizel

အလုပ်ကိစ္စတွေနဲ့ အရမ်းရှုပ်နေတဲ့သူတွေဟာ တစ်နေ့ကို အနည်းဆုံး၁၀မိနစ်ခန့် လေ့ကျင့်ခန်းလေးပုံမှန်လုပ်ပေးတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်ရင် ညဘက်အိပ်ပျော်နေတုန်းလန့်နိုးတာတွေ ဖြစ်တတ်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။

READ
နေ့စဉ်ယောဂကျင့်ခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးများ

Pyi Hein Kyaw

SHARE