ငွေကြောင့်မဟုတ်အချစ်ကြောင့်ဆိုတဲ့ အလုပ်မရှိသူနဲ့ဖွားဖွားတို့ရဲ့ နှစ် ၅၀ ကွာအချစ်

Facebook-Mohamed Ahmed Irbriham

လူတော်တော်များများကတော့ အချစ်မှာမျက်စိမရှိလို့ဘူးတော့ ပြောကြတယ်။ ဒါပေမယ့် အသက် ၄၅နှစ်လောက်ကွာနေတဲ့သူကိုချစ်လို့ လက်ထပ်မယ်ဆိုတာကကော အချစ်မှာ မျက်စိမရှိဘူးလို့ ခေါင်းစဉ်တပ်လို့ ရမလား။ ဒါကတကယ်ပါ။ အသက် ၈၀အရွယ်ရှိတဲ့ အဖွားတစ်ယောက်က အသက်၃၅နှစ်အရွယ်ပဲရှိသေးတဲ့ အမျိုးသားတစ်ယောက်ကို မကြာခင်လက်ထပ်တော့မှာပါ။

Facebook-Mohamed Ahmed Irbriham

Yabaleft Online သတင်းဌာနတစ်ခုက ဖော်ပြချက်အရ အသက် ၈၀အရွယ်ရှိ ဗြိတိန်နိုင်ငံသူတစ်ဦးဖြစ်တဲ့ Iris Jones ဟာ အသက်၃၅နှစ်အရွယ်ရှိ Mohamed Ahmed လို့အမည်ရတဲ့ အီဂျစ်သားတစ်ယောက်နဲ့ မကြာခင် လက်ထပ်ဖို့ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။ သူတို့နှစ်ဦးဟာ လူမှုကွန်ယက်မှတစ်ဆင့် တစ်ဦးနဲ့တစ်ဦးသိကြတာဖြစ်ပြီး ၂၀၁၉ နိုဝင်ဘာလမှာတော့ Iris ကိုယ်တိုင် Mohamed ကို တွေ့ဖို့ အီဂျစ်ကိုသွားခဲ့ကြောင်းသိရပါတယ်။ ၄ရက်ကြာပြီးနောက် သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားခဲ့ကြပြီး ကိုင်ရိုမြို့မှာတင် လက်ထပ်ဖို့ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် Iris မှာ စာရွက်စာတမ်းတွေအပြည့်အစုံမပါလာတာကြောင့် Iris တစ်ယောက် UK ကို ပြန်လာခဲ့ရပါတယ်။ အခုလက်ရှိမှာတော့ Iris ဟာ သူ့မိသားစုဝင်တွေကို အကုန်ဆန့်ကျင်ပြီး Mohamed ကို လက်ထပ်ဖို့ Egypt ကိုသွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

READ
ကင်ဆာနဲ့သေပြီဆိုတဲ့ သတင်းအပေါ် ပြန်လည်တုန့်ပြန်ခဲ့တဲ့ မင်းသားကြီး "စတားလုံး"
Facebook-Mohamed Ahmed Irbriham

“ Mohamed က ကျွန်မကို တကယ်ချစ်တာပါ။ လူတိုင်းကတော့ ဒါကို ယုံချင်မှယုံလိမ့်မယ်။ ကျွန်မသူ့ကို လေဆိပ်မှာ စတွေ့ကတည်းက တကယ်ချစ်မိခဲ့တာပါ။ အရပ်ကြီးကလဲ အရှည်ကြီးလေ။ အဲဒီမှာသူနဲ့အတူ နေခဲ့တဲ့ အချိန်တွေက ကျွန်မအတွက် နိဗ္ဗာန်ပါပဲ။ ကမန်မကို ပိုက်ဆံအတွက်လဲ တွဲတာ မဟုတ်ပါဘူး။ အီဂျစ်မှာနေတုန်းက ကုန်တဲ့ဟာတွေအကုန်လုံးက တစ်ယောက်တစ်ဝက်ပဲရှင်းတာပါ။ ဟိုတယ်မှာ သူနဲ့အတူနေတဲ့အချိန်တွေတုန်းကလဲ အပျိုလေးတစ်ယောက်လိုပါပဲရှင်။ ရင်တွေအရမ်းခုန်ရတာ။ ဘာပဲဖြစ်ဖြစ်ကျန်နေတယ့် သက်တမ်းတိုတိုလေးမှာ Mohamed နဲ့ပဲ အချိန်တွေကုန်ဆုံးချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်သူနဲ့ပဲ လက်ထပ်သွားမှာပါ” လို့ Iris က ပြောကြားခဲ့ပါတယ်။

Facebook-Mohamed Ahmed Irbriham

Pyi Hein Kyaw

SHARE