ရစ်ခ်ျတာစကေး (၉.၀) အင်အားနဲ့ လှုပ်ခတ်သွားတဲ့ ဂျပန်ငလျင်ကြီးရဲ့ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်

ANNnewsCH

တကယ်တမ်းသဘာဝဘေးနဲ့ တွေ့ကြုံရတဲ့အခါမျိုးမှာ ဘယ်သူမှ အဆင်သင့်မဖြစ်ကြပါဘူး။ လူတွေဟာ မိမိပိုင်ပစ္စည်းတွေယူပြီး ဘေးလွတ်ရာဆီရှောင်ပြေးနိုင်ခဲ့ရင်တောင် မိမိပစ္စည်းအားလုံးကို ရအောင်သယ်ယူဖို့က အဆင်မပြေလှပါဘူး။ ပိုဆိုးတာက မုန်တိုင်းလို၊ ဟာရီကိန်းလို သဘာဝဘေးအန္တရာယ်မျိုးတွေကို ခန့်မှန်းပြီး ကြိုတင်ပြင်ဆင်လို့ရပေမယ့် ငလျင်ကိုတော့ ကြိုပြီးခန့်မှန်းတွက်ချက်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း လူတွေက အချိန်မရွေးရောက်လာနိုင်တဲ့ ငလျင်အန္တရာယ်အတွက် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားကြပါတယ်။ မကြာသေးခင်ကတော့ ဂျပန်သတင်းကွန်ယက်တစ်ခုဟာ (၂၀၁၁) ခုနှစ်တုန်းက ဂျပန်နိုင်ငံအရှေ့ပိုင်းမှာ တိုက်သွားတဲ့ ငလျင်ကြီးအကြောင်း စီစီတီဗီမြင်ကွင်းတစ်ခုကို အသိပညာဖြန့်ဝေဖို့အလို့ငှာ ဖော်ပြပေးခဲ့ပါတယ်။

YouTube/ANNnewsCH

လွန်ခဲ့တဲ့ ရက်တွေတုန်းက ဂျပန်ဟာ အင်အားရစ်ခ်ျတာစကေး (၃.၂) ကနေ (၄.၈) အတွင်း အင်အားရှိတဲ့ ငလျင်ငယ်တွေကို အကြိမ်ကြိမ်ခံစားခဲ့ရပါတယ်။ ဒါကြောင့် ဂျပန်တစ်လွှားမှာရှိတဲ့ သတင်းအေဂျင်စီတွေအနေနဲ့ တကယ်လို့ ရာသီဥတုအခြေအနေက ပိုဆိုးလာခဲ့ရင် ကာကွယ်လို့ရအောင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အခုလို အသံလွှင့်အစီအစဉ်တင်ဆက်တာတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

READ
ပန်းပွင့်လေးတွေထဲမှာ ခပ်ကွေးကွေးလေး အိပ်စက်တတ်တဲ့ ပျားမျိုးစိတ်ကလေးများ

တီဗီသတင်း အစီအစဉ်ကြေငြာတဲ့ ကွန်ယက်တစ်ခုဖြစ်တဲ့ All-Nippon News Network ကတော့ (၂၀၁၁) ခုနှစ်တုန်းက ဖြစ်သွားခဲ့တဲ့ ငလျင်ကြီးနဲ့ ဆူနာမီရေလှိုင်းတွေတက်လာတဲ့ ဗီဒီယိုကို အခုအခါ ပြန်လည်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ စီစီတီဗီဟာ ဆန်ဒါအီလေဆိပ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ငလျင်ကြီးဟာ (၃) မိနစ်တာကြာအောင် အရှိန်ပြင်းပြင်းနဲ့ လှုပ်ရမ်းနေခဲ့တာဖြစ်ပြီး ငလျင်အပြီးမှာတော့ ပင်လယ်ထဲ ဆူနာမီပါ လိုက်လာတာကိုလည်း ကျောချမ်းဖွယ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Youtube/ANNnewsCH

ဒါကတော့ (၂၀၁၁) ခုနှစ်တုန်းက Great East Japan Earthquake and Tsunami ရဲ့ ရစ်ခ်ျတာစကေး (၉.၀ – ၉.၁) ရှိတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ တကယ်တမ်း သဘာဝတရားကြီးက ဒဏ်ခတ်လာတဲ့အခါ လူတွေဟာ အမြဲတမ်းလည်စင်းခံရမယ့် အဖြစ်ကိုလည်း တွေ့ရပါသေးတယ်။

READ
သိပ္ပံပညာရှင်တွေ ခန့််မှန်းထားတဲ့ နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ ကမ္ဘာမြေကြီးရဲ့ပြောင်းလဲမှု

လင်းလင်း (ShweMom)

SHARE