Work from home ရဲ့ အားသာချက်၊ အားနည်းချက်များ

Pixabay-JoshuaWoroniecki

လက်ရှိအခြေအနေမှာ COVID 19 ကပ်ရောဂါကြောင့် အလုပ်တော်တော်များများ ပိတ်ခဲ့ရပြီး တစ်ချို့အလုပ်တွေဆို အိမ်ကနေအလုပ်လုပ်ရ၊ တစ်ချို့လုပ်ငန်းတွေကျပြန်တော့လည်း လုံးဝကို ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေတွေအထိ ဖြစ်ကုန်တာပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိဒီလိုအခြေအနေမှာ အလုပ်လုပ်နေရပြီး ပိတ်ရက်၂ ရက်လည်းနားရ၊ အိမ်ကနေလည်း အလုပ်လုပ်နေရပြီး လစာလည်း အပြည့်အဝရနေသေးရင် ကိုယ့်အလုပ်ကို တန်ဖိုးထားပါ။

Pixabay-Free-Photos

ဘာကြောင့်လဲဆိုတော့ အလုပ်တော်တော်များများမှာ ရုံးလည်းတက်ရ၊ အိမ်ကနေလည်း အလုပ်လုပ်ရတဲ့အပြင် လစာကလည်း COVID 19 ကာလဖြစ်တာကြောင့် လစာတစ်ဝက်ပဲပေးတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် အိမ်ကနေ အလုပ်လုပ်နေရတဲ့ အလုပ်တွေဟာ လက်ရှိအခြေအနေနဲ့ဆို ရေရှည်အခြေအနေ လုပ်ကိုင်ရမှာဖြစ်တာကြောင့် ဘယ်လိုပုံစံနဲ့ လုပ်ရမလဲ၊ ဘယ်လိုအားသာချက်၊ အားနည်းချက်တွေရှိလဲဆိုတဲ့ အကြောင်းအရာလေးကို အဓိကထားပြီး Shwemom ပရိသတ်ကြီးသိအောင် ပြောပြချင်ပါတယ်။

Pixabay-Tumisu

အိမ်ကနေ အလုပ်လုပ်ရတာက များသောအားဖြင့် ကောင်းတယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အိမ်မှာ အလုပ်လုပ်ရတာကြောင့် နံနက်စောစောထစရာမလိုပဲ ရုံးတက်ချိန်ထက် ၅ မိနစ်လောက်စောပြီး alarm ပေးကာ clock in လုပ်လိုက်ရုံပါပဲ။ ပြီးတော့ ရုံးတက်ဖို့ ရေချိုးရတာတွေ၊ အမျိုးသမီးတွေဆို မိတ်ကပ်လိမ်းရတာတွေ၊ အဝတ်အစားရွေးရတာမျိုးတွေ လုံးဝမရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်လုပ်ရတာ ညောင်းလာပြီဆိုရင်လည်း ခဏတဖြုတ်အနားယူတာမျိုးတွေ လုပ်နိုင်ပါတယ်။ နေ့လည်စာဆိုရင်လည်း ကိုယ့်အိမ်မှာပဲ ဖြစ်တာကြောင့် စိတ်ကြိုက်ချက်ပြုတ်စားသောက်နိုင်ကာ ထမင်းစားပြီးရင်လည်း နာရီဝက်၊တစ်နာရီလောက် ထမင်းလုံးစီလို့ ရပါသေးတယ်။ ပြီးတော့ ကိုယ်သတ်မှတ်ထားတဲ့ အလုပ်တာဝန်ပြီးဆုံးပြီဆိုတာနဲ့ ကိုယ့်စိတ်ကြိုက်နေထိုင်လို့ ရပါတယ်။ ရုံးမှာလို အလုပ်ပြီးလည်း အထက်လူကြီး မကြည်မှာ ကြောက်တာကြောင့် အလုပ်ရှိသလို ဖောရှောတွေ လုပ်နေဖို့ မလိုပါဘူး။

READ
ကလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့
Pixabay-StartupStockPhotos

Work from home ရဲ့ ဆိုးကျိုးကတော့ အဓိက ပြောစရာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အလုပ်လုပ်တာ ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ရိုးအီလာရတာပါ။ အိမ်မှာနေပြီး အလုပ်လုပ်တာဟာ သာမန်ရုံးတက်ရုံးဆင်းပြီး အလုပ်လုပ်ရတာထက် ပိုပြီးတော့ ရိုးအီလာစေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်တွေကိုပဲ ဒီတစ်နေရာထဲမှာ ငုတ်တုတ်ထိုင်ပြီး အလုပ်လုပ်နေရတာ တဖြည်းဖြည်းငြီးငွေ့လာစေလို့ပါ။ တစ်လနှစ်လ Work from home တွေက သိပ်မသိသာပါဘူး။ ဒါပေမယ့် ၃ လ ထက်ပိုပြီး Work from home လာရရင်တော့ အဲဒီလူတွေဟာ အလုပ်မှာ စိတ်ပါဝင်စားမှုနည်းလာတတ်ပါတယ်။

အပြင်လည်း မထွက်ရ၊ မိသားစုဝင်တွေနဲ့ကလွဲပြီး စကားပြောဖော်မရှိ၊ တစ်နေကုန်တစ်နေခန်း Laptop ရှေ့ထိုင်ပြီး အလုပ်လုပ်နေရတာက ရေရှည်မှာ တစ်ကယ်ကို ငြီးငွေ့လာတတ်ပါတယ်။ အဲဒီလို ငြီးငွေ့လာပြီဆိုရင်တော့ အလုပ်ကို အချိန်မှီ မပြီးတာတွေ၊ အလုပ်မနိုင်မနင်းဖြစ်တာတွေ၊ ကိုယ်လုပ်တဲ့ အလုပ်တွေထဲမှာ အမှားပါတာတွေ အစရှိတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုပုံစံမျိုးတွေ မဖြစ်ချင်ရင်တော့ ခွင့်ခဏယူပြီး အေးအေးဆေးဆေး စိတ်ကို အနားပေးပြီး ခန္ဓာကိုယ်ကို အနားယူတာ အကောင်းဆုံး အဖြေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလိုရေရှည်ဖြစ်နေရင် ကိုယ့်အတွက်ကော၊ အလုပ်အတွက်ပါ ထိခိုက်လာနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ဝန်ထမ်းတွေအနေနဲ့ကော၊ အထက်လူကြီးတွေအနေနဲ့ကော၊ အလုပ်ရှင်တွေအနေနဲ့ကော ဒါတွေကို သေသေချာချာ သိထားသင့်ပါတယ်။

READ
အဆိုးမြင်ဝါဒီသမားတွေမှာတွေ့ရတတ်တဲ့ ရှားရှားပါးပါး ကောင်းကျိုး (၅) ခု

Pyi Hein Kyaw

SHARE