မိန်းကလေးဘက်က စတင်တဲ့ Relationship တစ်ခုရဲ့ ကောင်းကျိုးများ

Pixabay-5688709

Relationship တစ်ခုစတင်ဖို့ဆိုတာ များသောအားဖြင့် ယောက်ျားလေးဖြစ်သူက စတင်ဖွင့်ပြောမှ ဇာတ်လမ်းတစ်ခု အစပြုကြတာပါ။ ယောက်ျားလေးဘက်က စတင်ဖွင့်ပြောမှ ချစ်သူဖြစ်နိုင်တယ်ဆိုတဲ့ အလေ့အထကြီးက ဘယ်ကဘယ်လိုစတင်ခဲ့မှန်းမသိပေမယ့် ယောက်ျားမိန်းမရင်ဘောင်တန်းနေတဲ့ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက်အနေနဲ့လဲ ကိုယ်ကြိုက်တဲ့ ယောက်ျားလေးတစ်ယောက်ကို လွတ်လပ်စွာ ဖွင့်ပြောခွင့်ရှိပါတယ် (စနိုက်တာကလွဲပြီးပေါ့နော်)။ မိန်းကလေးတစ်ယောက်က စတင်တဲ့ Relationship တွေဟာ ဘာကြောင့်ပိုမိုခိုင်မြဲသလဲ၊ ဘာကောင်းကျိုးတွေရှိလဲဆိုတာ Brightside သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို အခြေခံပြီး ရေးသားတင်ပြလိုက်ပါတယ်။

မိန်းကလေးဖက်က စတင်လိုက်တဲ့ Relationship ဟာ ယောက်ျားလေးတွေကို ရင်ခုန်စေပါတယ်

Pixabay-MarinaVoitik

များသောအားဖြင့် ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို စတင်ဖွင့်ပြောတာများပြီး အဲဒီမိန်ကလေးဆီကအဖြေကို စောင့်ရင်း ရင်ခုန်လေ့ရှိပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်ရင်ချစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းစပြောခဲ့မယ်ဆိုရင် တစ်ဖက်ယောက်ျားလေးက မိန်းကလေးတစ်ယောက်ဆီက အဖြေစောင့်ရတဲ့ ရင်ခုန်မှုထက် ပိုမိုရင်ခုန်ရတဲ့ ခံစားချက်ကို ရရှိစေပါတယ်။ အဲဒီလို ရင်ခုန်တဲ့ ယောက်ျားလေးကတော့ ဖွင့်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို တော်ရုံနဲ့ မေ့ပျောက်မှာ မဟုတ်ပါဘူး။

READ
ဒီ စိုးရိမ်ပူပန်မှု(၅)မျိုးက ချစ်သူနှစ်ယောက်ကို ဝေးသွားစေနိုင်သတဲ့

ကိုယ်နဲ့သင့်တော်မယ့် ယောက်ျားတစ်ယောက်ကို အချိန်ကုန်ခံပြီး ထိုင်စောင့်နေစရာမလိုပါဘူး

Pixabay-Pexels

မိန်းကလေးတစ်ယောက်ဟာ ကိုယ်နဲ့ အဆင်ပြေမယ့် ယောက်ျားလေးတစ်ယောကို စောင့်ရင်း အချိန်ကုန်သွားတတ်ကြပါတယ်။ တစ်ချို့ကြတော့လဲ တစ်ယောက်မကောင်းတစ်ယောက်ပြောင်းနဲ့ ပတ်ဝန်းကျင်မှာ ရည်းစားများတဲ့ မိန်းကလေးအဖြစ် သမုတ်ခံရပြီး တစ်ချို့ကျပြန်တော့လည်း အစောင့်လွန်ရင်းနဲ့ အပျိုကြီးအဖြစ် နေထိုင်သွားရတဲ့ သာဓကတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိကြမှာပါပဲ။ ဒါ့ကြောင့် ကိုယ်နဲ့ နာလည်မှုလည်းရ၊ လိုချင်နဲ့ type နဲ့လည်း ထပ်တူကျနေရင် အဲဒီယောက်ျားလေးကို အမြန်ဆုံး ဖွင့်ပြောလိုက်တာ အကောင်းဆုံးပါပဲ။

တစ်ဖက်ယောက်ျားလေးတစ်ယောက် Impress ဖြစ်တာကို ခံရမှာပါ

Pixabay-Norexy_art

ကိုယ်ကစပြီး ဖွင့်ပြောလို့ ယောက်ျားလေးတစ်ယောက်ရဲ့ အထင်သေးမှုကို ခံရလိုက်မယ်လို့ မထင်ပါနဲ့။ ခံစားချက်ရှိပြီး နွေးထွေးတဲ့ ယောက်ျားလေးမှန်တယ်ဆိုရင်တော့ ကိုယ်ဖွင့်ပြောတဲ့ စကားအသွားအလာပေါ် မူတည်ပြီး ကိုယ့်အပေါ်မှာ လေးနက်မှုရှိပါတယ်။ ဒါ့အပြင် တစ်ဖက်ယောက်ျားလေးက ကိုယ့်ကို စိတ်စိတ်ထဲမှာရှိတဲ့အတိုင်း ဖွင့်ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်၊ ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ထင်မြင်မှာပဲ ဖြစ်ပါတယ်။

READ
အမျိုးသားတွေ ဖောက်ပြန်ရခြင်း၏ ယေဘုယျအကြောင်းရင်းများ

ကိုယ့်အကြောင်းကို အချိန်ပြည့် တွေးတောနေတတ်ပါတယ်

Pixabay-Pexels

မိန်းကလေးဖက်က စဖွင့်ပြောတဲ့အခါ တစ်ဖက်ယောက်ျားလေးရဲ့ ဘဝမှာ အမှတ်တရ တော်တော်ဖြစ်သွားပါတယ်။ သာမန်မိန်းကလေးတွေနဲ့မတူပဲ သူ့အပေါ်ဒီလိုမျိုးလေးရှိပါလားဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ အဲဒီမိန်းကလေးရဲ့အကြောင်းကို အချိန်ပြည့်တွေးတောနေတတ်လေ့ရှိစမြဲပါပဲ။ ကံမကောင်းအကြောင်းမလှလို့ ပြတ်သွားခဲ့ရင်တောင်မှ ပတ်သတ်ခဲ့ဖူးတဲ့ ယောကျာ်းလေးဟာ အဲဒီမိန်းကလေးကို အချိန်တစ်ခုအထိ မမမေ့နိုင်ပါဘူး။

Pyi Hein Kyaw

SHARE