Pajamas ဝတ်ပြီး အိပ်စက်ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

Pixabay-candice_rose

ကျွန်တော်တို့ဆီက လူတော်တော်များများဟာ အိပ်တဲ့အချိန်မှာ Pajamas(ညအိပ်ဝတ်စုံ)ကို ဝတ်ပြီး အိပ်လေ့ရှိတာ နည်းပါတယ်။ များသောအားဖြင့် ညဖက် အိပ်တဲ့အချိန်မျိုးမှာ စွပ်ကျယ် ဒါမှမဟုတ် အိမ်နေရင်း အင်္ကျီတွေ၊ ဘောင်းဘီတိုတွေသာ ဝတ်ပြီး အိပ်စက်လေ့ ရှိပါတယ်။ တစ်ချို့ တစ်ယောက်တည်း သီးသန့်အခန်းနဲ့ အိပ်တဲ့လူတွေဆိုရင် ဘာမှမဝတ်ပဲ ကိုယ်တုံးလုံးတီးကြီးနဲ့ အိပ်စက်လေ့ ရှိပါတယ်။ ညအိပ်တဲ့အချိန်ကျရင် တကူးတက Pajamas ကို လဲမဝတ်ချင်တာတစ်ကြောင်း၊ ညအိပ်ရင် ရာသီဥတာပူတာကတစ်ကြောင်း အစရှိတာတွေကြောင့် Pajamas ကို ဝတ်ပြီး အိပ်လေ့အိပ်ထ မရှိပါဘူး။ ဒါ့ကြောင့် Shwemom ပရိသတ်ကြီးကို Pajamas ဝတ်ပြီး အိပ်စက်ရင် ရရှိနိုင်မယ့် ကောင်းကျိုးတရားတွေကို ပြောပြချင်ပါတယ်။

Amazon

Pajamas ဝတ်ပြီး အိပ်တာက ကောင်းပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ လူ့ခန္ဓာကိုယ်ဟာ အိပ်ပျော်သွားတဲ့ အချိန်ကျရင် ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ တော်တော်လေးကျသွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသိစိတ်က အိပ်ပျော်သွားပြီဆိုတာနဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေဟာ ရပ်နားသွားပြီး ဘာမှဆက်မလုပ်လို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုအချိန်ကျရင် ခန္ဓာကိုယ်ဟာ အေးစက်နေတတ်တာကြောင့် Pajamas ဝတ်ထားရင် နွေးနွေးထွေးထွေးလေး ရှိနေစေတတ်ပါတယ်။ ဒါ့အပြင် အအေးမိတာတို့၊ နှာစေးချောင်းဆိုးတာတွေကိုပါ ကာကွယ်ပေးနိုင်တာကြောင့် အိပ်စက်တော့မယ်ဆိုရင် Pajamas ကို ဝတ်ဆင်ပြီး အိပ်တာ အကောင်းဆုံးပါပဲ။

READ
အစားထိုးမရနိုင်တဲ့ ဖိုးဖိုး၊ဖွားဖွားတို့ရဲ့ ချစ်စရာအကောင်းဆုံးအချက်လေးတွေ
Pixabay-NataljaDanilchenko

ပြီးတော့ အင်္ကျီလက်တို၊ ဘောင်းဘီတို ဝတ်ပြီးအိပ်စက်မယ်ဆိုရင် ခြင်က အလွယ်တကူ သွေးနံ့ကို အနံ့ခံနိုင်ပြီး ခြင်ကိုက်တတ်ပါတယ်။ အဲဒီလို ခြင်ကိုက်ရာကနေ ငှက်ဖျားပိုးတို့၊ သွေးလါန်တုပ်ကွေးတို့ အစရှိတဲ့ ရောဂါတွေ ဝင်ရောင်စေလာနိုင်ပြီး ကိုယ်ခံအားကို လျော့နည်းစေနိုင်ပါတယ်။ Pajamas ကတော့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဖြစ်တာကြောင့် အလွယ်တကူ ခြင်မကိုက်နိုင်ပါဘူး။ နောက်ဆုံးတစ်ချက်ကတော့ Pajamas ဝတ်ပြီး အိပ်စက်ရင် အဲဒီလူဟာ နွေးနွေးထွေးထွေးနဲ့ အိပ်စက်သလိုဖြစ်တာကြောင့် နောက်တစ်နေ့ မိုးလင်းလာတာနဲ့ အိပ်ရေးဝပြီး လန်းဆန်းတက်ကြွမှုကို ခံစားစေနိုင်တာပဲ ဖြစ်ပါတယ်။

Pixabay-ChaminaGallery

Pyi Hein Kyaw

SHARE