ခက်ထန်ရိုင်းစိုင်းတဲ့ မျောက်ဆိုးကြီးတွေကို စွန့်ပစ်ထားတဲ့ အာဖရိကန်ကျွန်းလေးတစ်ကျွန်း

အမေရိကန်နိုင်ငံ ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုဟာ ကူးစက်ရောဂါတွေ စွဲကပ်နေတဲ့ မျောက်ကြီးတွေကို အာဖရိကန်ကျွန်းတစ်ကျွန်းပေါ်မှာ လျှို့ဝှက်စွာစွန့်ပစ်ထားပါတယ်။ မျောက်ကြီးတွေဟာ ရန်လိုတတ်တဲ့အပြင် လူကို အသက်အန္တရာယ်ပြုနိုင်လောက်တဲ့အထိ ကြောက်စရာကောင်းတဲ့ မျောက်ကြီးတွေလည်း ဖြစ်ပါတယ်။ တောကြီးထဲက ၄င်းမျောက်ကြီးတွေ နေထိုင်ရာနေရာကို ဒေသခံတွေကတော့ မျောက်ကျွန်းဆိုပြီး ခေါ်ကြပါတယ်။ အခုဆိုရင် ကျွန်းပေါ်မှာ မျောက်ကောင်ရေ (၆၀) ကျော်ရှိပြီး မျောက်တွေက သူတို့ရဲ့ ကမ်းဆီ လူစိမ်းတွေကပ်မလာနိုင်အောင် ကာကွယ်ထားပါတယ်။

AFP OR LICENSORS

မျောက်တွေဟာ ကြမ်းတမ်းဆိုးဝါးလွန်းတာကြောင့် ကျွန်းနဲ့ အနီးတစ်ဝိုက်နေသူတွေကတော့ မျောက်တွေရဲ့ ရန်ပြုခံရမှာ ကြောက်လို့ ကျွန်းနားတောင် မကပ်ရဲကြပါဘူး။ တစ်ခါတစ်လေ မျောက်တွေကို ကြည့်ချင်လို့ ကျွန်းနားက ငါးဖမ်းလှေတွေငှားပြီးလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေလည်း ရှိပါတယ်။ ဒီအခါမှာ မျောက်တွေက လူစိမ်းတွေ့တယ်ဆိုရင်ပဲ ကျွန်းပေါ်ကနေ သရက်သီးတွေနဲ့ ပစ်ပေါက်ပြီး မောင်းထုတ်လေ့ရှိပါတယ်။ သူတို့ကို အစာလာကျွေးတဲ့ မြင်နေကျလူတွေလောက်ပဲ ကျွန်းပေါ် အတက်ခံပါတယ်။

ALAMY

အချို့ကျတော့လည်း မျောက်တွေနဲ့ ပတ်သက်လို့ ထူးဆန်းတဲ့ ကောလဟာလတွေတောင် ပြောကြပါတယ်။ မျောက်ကြီးတွေဟာ အင်မတန်ကြောက်စရာကောင်းကြောင်းနဲ့ ကျွန်းပေါ်ခြေချသူတွေကို အစိမ်းလိုက်ကိုက်စားလေ့ရှိတယ် ဆိုပြီးတော့ပါ။ ကျွန်းမှာ ၄င်းမျောက်တွေကို စောင့်ရှောက်ရတဲ့ အစောင့်အရှောက်တွေလည်း ရှိပါတယ်။ သူတို့ကလည်း လူစိမ်းတွေကို မျောက်တွေနားမကပ်ဖို့ ဝေးဝေးရှောင်ခိုင်းတဲ့ သူတွေပါ။

READ
လာမယ့် ၁၅ နှစ်အတွင်းမှာ လုံးဝပျောက်ကွယ်သွားနိုင်တဲ့ အလုပ်အကိုင် (၇) မျိုး
ALAMY

ဂျယ်ရီအမည်ရတဲ့ လုံခြုံရေးအစောင့်တစ်ဦးကတော့ “တကယ်လို့ ခင်ဗျားက လူစိမ်းဆိုရင် သူတို့က မြင်တာနဲ့ ချက်ခြင်း ရန်လိုကြတယ်။ တစ်ခုရှိတာက မျောက်တွေက ရေကြောက်တယ်။ ရေလဲမကူးဘူး။ ရေအစပ်နားလေးတွေပဲ ဖြတ်လျှောက်တာ များတယ်။” လို့ ပြောပြပါတယ်။ ၄င်းမျောက်တွေဟာ (၁၉၇၄) ခုနှစ်မှာ လိုင်ဘေးရီးယားနိုင်ငံ နယူးယောက်သွေးစင်တာက စမ်းသပ်တဲ့ ဗိုင်းရပ်စ်ပိုးမွှားစမ်းသပ်ချက်ထဲမှာ ပါဝင်ခဲ့ရတဲ့ မျောက်တွေပဲ ဖြစ်ပါတယ်။ မျောက်တွေဟာ အသည်းရောင်အသားဝါနဲ့ ကူးစက်ပိုးမွှားတွေ ထိုးသွင်းခံကြရပြီး လူတွေရဲ့ ရောဂါ ပျောက်ကင်းဖို့ ဆေးဝါးတွေထုတ်လုပ်ရာမှာ ကူညီပေးခဲ့ရတာ ဖြစ်ပါတယ်။

ALAMY

ဒီလိုနဲ့ နှစ်ပေါင်း(၄၀) ကျော်အကြာမှာတော့ နယူးယောက်သွေးစင်တာဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ကမ်ပိန်းတွေကြောင့် မျောက်တွေနဲ့ စမ်းသပ်တဲ့ ပရောဂျက်ကို ရုတ်သိမ်းခဲ့ပါတယ်။ ပြီးတဲ့အခါ သဘာဝအတိုင်း အစားအသောက်နဲ့ ရေအနည်းငယ်သာ ရနိုင်တဲ့ အခု ကျွန်းကလေးပေါ်မှာ မျောက်တွေကို စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ (၁၉၇၀) ခုနှစ်တွေဆီကစလို့ မျောက်တွေရဲ့ အစာရေစာအတွက် ပရောဂျက်မှာပါဝင်တဲ့ သူတွေကပဲ တာဝန်ယူပြီး ကျွေးမွေးလာခဲ့ပါတယ်။ (၂၀၁၄) မှာတော့ အီဘိုလာဖြစ်ပွားတဲ့အတွက် မျောက်တွေဆီ သွားရောက်ကျွေးမွေးမယ့်လူ မရှိခဲ့ပဲ မျောက်တွေဟာ အစာရေစာ ငတ်ပြတ်လာတဲ့အထိ ဖြစ်လာကြပါတယ်။ ဒီကိစ္စကြောင့် (၂၀၁၅) ခုနှစ်အရောက်မှာ Humane society ဟာ နယူးယောက်သွေးစင်တာဆီကနေ ပေါင်(၅)သန်းတောင်းယူပြီး မျောက်တွေကို ရှေ့လျှောက်တာဝန်ယူကျွေးမွေးဖို့နဲ့ ဆေးကုသစရိတ်တွေအတွက် တာဝန်ယူခဲ့ကြောင်း သိရပါတယ်။

READ
လေဘာတီရုပ်ထုရဲ့ အရွယ်အစားထက် (၂)ဆပိုကြီးမယ့် ကမ္ဘာ့အမြင့်ဆုံး ရုပ်ထုကြီး
Sun

လင်းလင်း (ShweMom)

Ref: Sun

SHARE