မီးဘေးသင့် ခိုအားလားလေးတွေကို အားလပ်ချိန်မှာ ပြုစုနေတဲ့ စစ်သားကြီးများ

Facebook/9thBrigade

လွန်ခဲ့တဲ့နှစ် (၂၀၁၉) စက်တင်ဘာလကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ သြစတြေးရီးယားတောမီးဟာ အခုချိန်ထိကို အကုန်လုံး မငြိမ်းနိုင်သေးပါဘူး။ ကံကောင်းတာတစ်ခုကတော့ ဒီးကြားထဲမှာ မိုးအကြီးအကျယ်ရွာသွားလို့ နေရာတော်တော်များများမှာ မီးငြိမ်းသွားပြီဖြစ်ပါတယ်။ ဒီတော မီးကြောင့်ပဲ  လူ၂၇ယောက်သေဆုံးခဲ့ရပြီး  မီးလောင်သွားတဲ့ တိရစ္ဆန်အရေအတွက်ဟာလည်း ၁၀သန်းကျော်ရှိခဲ့ပါတယ်။ လူနေအိမ်တွေအပြင် သစ်တောတွေလည်းတော်တော်များများ လောင်ကျွမ်းပျက်ဆီးခဲ့ပါတယ်။  မီးသတ်သမားတွေလည်း နေ့ရောညပါ ယခုအချိန်ထိ  မီးလုံးဝငြိမ်းသွားအောင် လုပ်ဆောင်နေဆဲပါပဲ။ အခုချိန်မှာတော့ New South Wales ပြည်နယ်နဲ့ Victoria မြို့ အရှေ့မြောက်ဖက်ခြမ်းတွေမှာ ၂၀၁၉ ဒီဇင်ဘာလကထက်စာရင် မီးလောင်ကျွမ်းမှုဟာ အတော်လျော့နည်းသွားပြီဖြစ်ကပါတယ်။

[email protected]

ဒါ့အပြင် သြစတြေးရီးယား ဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ Scott Morrison ဟာ စစ်သား၃၀၀၀ကျော်ကို မီးဘေးသင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတောင်းခံခဲ့တာကြောင့် ယခု မီးဘေးသင့်ဒေသတွေမှာ စစ်သားတွေအနေနဲ့ အင်တိုက်အားတိုက် ပါဝင်ကူညီပေးနေကြကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

READ
ကလေးတွေကို ကျောင်းကားစောင့်ပေးနေတဲ့ ခွေးလေးရဲ့ချစ်စရာဗီဒီယိုဖိုင်
[email protected] Brigade – Australian Army
[email protected] Brigade – Australian Army

16 Regiment Emergency Support Force have been using their rest periods to lend a helping hand at the Cleland Wildlife…

Posted by 9th Brigade – Australian Army on Thursday, January 23, 2020

ဒါ့အပြင် စစ်သားကြီးတွေဟာ သူတို့ရဲ့ အားလပ်ချိန်တွေမှာ အနားယူခြင်းမရှိဘဲ မီးလောင်ရာမှ လွတ်မြောက်လာတဲ့ ခိုအားလားလေးတွေကို ပြုစုနေကြကြောင်း သိရပါတယ်။ စစ်သားတော်တော်များများအာ သူတို့ရဲ့ အားလပ်ချိန်မှာတောင် အနားမယူဘဲ မီးဘေးသင့် ခိုအားလားလေးတွေကို ပြုစုနေတဲ့ ပုံရိပ်တွေကို ကြည်နူးစဖွယ် မြင်တွေ့ရမှာပါ။

READ
ငွေကြေးမတတ်နိုင်တဲ့လူနာရှင်ကို အခမဲ့ခွဲစိတ်ပေးခဲ့တဲ့ မေတ္တာရှင်ဆရာဝန်များ
[email protected] Brigade – Australian Army
[email protected] Brigade – Australian Army
[email protected] Brigade – Australian Army

Pyi Hein Kyaw

SHARE