နယ်မြေကျူးကျော်လာတဲ့ ပိုလာဝက်ဝံ အကောင်(၅၀) ကျော်ကြောင့် ဒုက္ခတွေ့နေတဲ့ မြို့လေး

ရုရှားနိုင်ငံရဲ့ အာတိတ်ဒေသ မြို့လေးတစ်မြို့ထဲ ပိုလာဝက်ဝံတွေ ကျူးကျော်ဝင်ရောက်လာပြီးနောက် အာဏာပိုင်တွေဟာ မြို့ကို အရေးပေါ် အခြေအနေတစ်ရပ်တစ်ဖြစ် ကြေညာခဲ့ရပါတယ်။ ၀က်ဝံတွေကြောင့် လူတွေဟာ အပြင်ထွက်ဖို့ ကြောက်နေကြပါတယ်။ ၀က်ဝံတွေဟာ အလှမ်းဝေးလှပြီး လူဦးရေ(၃,၀၀၀) နေထိုင်နေတဲ့ နိုဗာရာ ဇမ်လျာ ကျွန်းစုက အိမ်တွေနဲ့ အဆောက်အဦးတွေထဲ ၀င်ရောက်နေခဲ့တာ ဖြစ်ပါတယ်။

dailymail
dailymail

ဒီဇင်ဘာလကတည်းက ပိုလာဝက်ဝံ(၅၂) ကောင်ဟာ နိုဗာရာဇမ်လျာကျွန်းစုရဲ့ ဘီလူရှီရာဂူဘာဒေသထဲ ၀င်ရောက်နေခဲ့ကြပြီး အချို့ဝက်ဝံတွေဟာ လူတွေအပေါ်မှာ ရန်လိုမယ့်ပုံရတဲ့ အနေအထားကိုတွေ့ခဲ့ရပါတယ်။ ဒါကြောင့် မြို့ခံတွေအနေနဲ့ အပြင်ထွက် သွားလာဖို့ရန်မှာ ခက်ခဲနေပြီး ၄င်းတို့ရဲ့ နေ့စဉ်ဘ၀ဟာ ဆင်းရဲဒုက္ခအပြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။

dailymail
dailymail

ဒေသခံအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အလက်စန်းဒါးမီနာယက်ဗ်ကတော့ “မိဘတွေက ကလေးတွေကို ကျောင်းတွေ၊ မူကြိုတွေဆီ လွှတ်ရမှာ စိတ်ပူနေကြတယ်။ ပိုလာဝက်ဝံတွေက အရိုင်းတိရစ္ဆာန်တွေဆိုတော့ လူတွေကို ရန်ပြုမယ့်ပုံပေါ်ပါတယ်။ အန္တရာယ်ပြုတာလည်း ရှိနေပါတယ်။ အဆောက်အဦးတွေထဲလည်း လျှောက်ဝင်နေတာပါ။ ပုံမှန် ၀က်ဝံ(၆) ကောင်ကနေ (၁၀) ကောင်ထိ အဆောက်အဦးထဲမှာ ရှိတတ်ပါတယ်…” လို့ ပြောပြပါတယ်။

READ
မသန်စွမ်းအစ်ကိုတွေကိုစောင့်ရှောက်နေတဲ့ကောင်မလေး၊ ကာတွန်းစာအုပ်ရဲ့ ဇာတ်ကောင်ဖြစ်လာ
dailymail
dailymail

ပိုလာဝက်ဝံတွေရဲ့ ရန်ဟာ ခြောက်ခြားစရာ ဖြစ်နေပေမယ့်လည်း မြို့ခံတွေဟာ ၀က်ဝံတွေကို ပစ်ခတ်ဖမ်းဆီးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ပိုလာဝက်ဝံတွေဟာ မျိုးတုန်းခါနီးဖြစ်နေတဲ့ သတ္တ၀ါမျိုးစိတ်တွေ ဖြစ်တာကြောင့် ပစ်ခတ်လိုက်ရင် ရဲအဖမ်းခံရမှာကို မြို့ခံတွေက ကြောက်နေပါတယ်။ မြို့ခံတွေဟာ ၀က်ဝံအန္တရာယ်စိုးရိမ်ပြီး ၀က်ဝံအချို့ကို ပစ်မိန့်ပေးဖို့ မော်စကိုကို တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ပိုလာဝက်ဝံတွေဟာ ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ ဆိုးဝါးတဲ့ဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။ အာတိတ်ဒေသက ရေခဲတွေအရည်ပျော်လာတာကြောင့် လူတွေရှိရာ ကုန်းမြေဘက်ဆီ စားကျက်ချဲ့ထွင်လာကြတာဖြစ်ပါတယ်။ ယခုဝက်ဝံတွေရှိရာ နိုဗာရာ ဇမ်လျာမှာ ရုရှားရဲ့ လေတပ်စခန်း ရှိပြီး ၄င်းနေရာဟာ ဆိုဗီယက်ယူနီယံရဲ့ နျူကလီးယားစမ်းသပ်ချက်တွေ ပြုလုပ်ခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE