မိသားစုနဲ့ ဆွေမျိုးတွေကြားမှာ သိုးမည်းတစ်ကောင်ဖြစ်ရခြင်း ကောင်းကျိုး (၅) ခု

Imdb/TheJudge

မိသားစုတစ်စုထဲမှာ ကိုယ်က တခြားလူတွေနဲ့ မတူဘဲ သီးသန့်ခွဲထွက်နေရင် မိမိကိုယ် သူကတော့ သိုးမည်းပါကွာလို့ ခဏ ခဏ ညွှန်းဆိုတတ်လေ့ရှိကြတာပါ။ ကိုယ့်မိသားစုထဲမှာပဲ ကိုယ်က တခြားသူတွေနဲ့မတူညီဘဲ သီးသန့်တစ်ဘာသာဖြစ်နေရင် သိုးမည်းလို့ တံဆိပ်အကပ်ခံရလေ့ရှိပါတယ်။ သိုးမည်းတွေမှာ သိုးမည်းဖြစ်ရတာ ဘယ်လိုကောင်းကျိုးတွေရမလဲ၊ ဘာကောင်းကျိုးတွေရမလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

– လွတ်လပ်တယ်

သိုးမည်းဖြစ်ရတာရဲ့ ကောင်းကျိုး နံပတ်တစ်ကတော့ လွတ်လပ်ခြင်းပါပဲ။ ဟုတ်ပါတယ်။ ကိုယ့်အကိုဖြစ်သူ-အစ်မ ဖြစ်သူတွေရဲ့ လွှမ်းမိုးမှု၊ ကိုယ့်မိဘအသိုင်းအဝန်းတွေကြားမှာ သတ်မှတ်ထားခြင်းခံထားရတဲ့ အခြေအနေတွေကနေ သိုးမည်းတစ်ကောင်က လွတ်လျွတ်လပ်လပ်နေထိုင်ပြုမူလို့ရတာပါ။

ကိုယ့်ရှေ့က ညီအကိုမောင်နှမတွေက ဘာကြီးဖြစ်လို့ ကိုယ်လည်း ဘာကြီးဖြစ်ရမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေဟာ တကယ်တော့ ငြီးငွေ့ပျင်းရိစရာကောင်းလှပါတယ်။ သိုးမည်းတစ်ကောင်ဖြစ်ရတဲ့ လူတစ်ယောက်အတွက်ကေတာ့ အဲဒါတွေ ကင်းလွတ်ပြီး မိမိဖြစ်ချင်ရာ-မိမိဖြစ်ချင်တာကို အနှောင်အဖွဲ့မရှိ ပြုလုပ်နေထိုင်လို့ရတာပါ။

The BigBang Theory.Com

– ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိတယ်

သိုးမည်းတစ်ကောင်ရဲ့ အားသာချက်တစ်ခုကတော့ ဘယ်သူ့အကူအညီမှ မယူဘဲ အရာရာအားလုံး ကိုယ့်လမ်းကိုယ် ဖောက်ပြီး ရှင်သန်နေထိုင်ရတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားခြင်းက လူတစ်ယောက်အတွက် သိပ်ကို အရေးပါတဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ မိသားစုဝင်တွေထဲက တခြားလူတွေနဲ့ မတူတဲ့ ရှင်သန်နေထိုင်မှုမျိုးနဲ့ ဖြတ်သန်းနေရတဲ့အတွက်လည်း အရာရာဟာ လွတ်လပ်ပြီး အရာရာက ကိုယ့်အတွက်ချည်းပါ။ ကိုယ့်ကိုယ်ကိုသာ အားကိုးအားထားရာတစ်ခုဖြစ်လာပြီး ဘဝအတွက်လည်း တိကျသေချာတဲ့ အတွေ့အကြုံကောင်းတွေ ပိုရလာတတ်ပါတယ်။

– ပိုသန်မာလာတယ်

READ
ပျော်ရွှင်အောင် နေထိုင်နိုင်ရန် အလေ့အကျင့်ကောင်း(4)ချက်

သိုးမည်းတစ်ကောင်အတွက် ဆိုးကျိုးတစ်ခုကတော့ တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်သူ့အကူအညီမှ မရရှိတော့တာပါပဲ။ လဲကျရင်လည်း ကိုယ့်ကို ဖေးမကူပေးမယ့်သူဆိုတာမျိုးက ရှားပါးလှပါတယ်။အရာအားလုံးမှာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်လမ်းကို လျှောက်ရတဲ့သူမို့ ရတဲ့ သင်ခန်းစာအတွေ့အကြုံမှန်သမျှက အစစ်အမှန်ချည်းဖြစ်နေတတ်ပါတယ်။ ကိုယ်လဲကျချိန်မှာလည်း သိုးမည်းတစ်ကောင်ဖြစ်နေတဲ့အတွက် ကိုယ့်ကို ကူညီဖေးမပေးမယ့် လူဆိုတာ ရှားကောင်းရှားနိုင်ပါတယ်။ အဲဒီအချိန်မှာ အားကိုးရာကတော့ မိမိကိုယ်တိုင်ပါပဲ။ ရှုံးနိမ့်တဲ့အချိန်၊ အရေးနိမ့်တဲ့အချိန်၊ ပင်ပန်းတဲ့အချိန်ဆိုတာလည်း ခဏ ခဏ တွေ့ရမှာ မလွဲမသွေပါပဲ။ ဒီလို လဲကျလိုက်-ပြန်ထလိုက်နဲ့ အရှုံးမပေးဘဲ ရင်ဆိုင်လာရတဲ့ အကျိုးဆက်ကတော့ ကိုယ့်ကိုယ်ကို ခိုင်မာလာတဲ့ ရလဒ်ပဲဖြစ်ပါတယ်။

– သတ္တိပိုရှိလာတယ်

လွတ်လပ်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်၊ ပိုသန်မာလာတယ်။ ပြီးတောာ့  သတ္တိပိုရှိလာတတ်တာပါ။ တစ်သက်တာလုံး အများနဲ့မတူဘဲ ကိုယ်ယုံကြည်ရာပေါ်မှာ မားမားမတ်မတ်ရပ်တည်နေရခြင်းရဲ့ အကျိုးဆက်တစ်ခုပါ။ တစ်ခုခုဆို ကိုယ့်မှာ ကိုယ်ပဲရှိတယ်ဆိုတဲ့ အသိဟာ ကိုယ့်ကိုယ့်ကို သတ္တိပိုရှိလာစေတတ်ပါတယ်။ အများမစွန့်စားရဲတဲ့ အလုပ်တွေမှာဆိုရင်လည်း စွန့်စွန့်စားစား လုပ်လေ့ရှိပြီး သူများ မရရှိတတ်တဲ့ အောင်မြင်မှုတွေ ရယူနိုင်စွမ်းရှိတာလည်း သိုးမည်းတွေပါပဲ။

YouTube/Blue is the warmest colour

–  ထူးခြားတဲ့ လူတစ်ယောက်ဖြစ်အောင် စွမ်းဆောင်နိုင်တယ်

READ
ခရီးသွားဆောင်းပါးကောင်း တစ်ပုဒ်ရအောင် ဘယ်လိုရေးမလဲ

မိသားစုထဲမှာ ကိုယ့်ကို မိသားစုဝင်တွေက သူတို့နဲ့ မတူညီလို့၊ သူတို့ လျှောက်တဲ့လမ်းကို မလျှောက်ဘဲ ကိုယ်ဖြစ်ချင်တာ လမ်းကြောင်းတစ်ခုပေါ်ကို လျှောက်လို့ဆိုပြီး ကိုယ့်ကို သိုးမည်းတစ်ကောင်ပဲလို့ တံဆိပ်အကပ်ခံရတတ်ပါတယ်။ ဒီလို သိုးမည်းဖြစ်ရတာက ကိုယ်က သူတို့နဲ့ မတူညီဘဲ ကိုယ်နဲ့ လိုက်ဖက်ရာ၊ ကိုယ်စိတ်ဝင်စားရာ လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရလို့ပါ။ ဒီလို သိုးမည်းတစ်ကောင်ဖြစ်ရလို့ဆိုပြီး စိတ်ဓာတ်မကျသွားပါနဲ့။

သိုးမည်းတစ်ကောင်ဖြစ်ရတာရဲ့ ကောင်းကျိုးတစ်ခုကတော့ ကိုယ်က ကိုယ်လုပ်ချင်ရာ အလုပ်၊ ကိစ္စရပ်တွေကို အနှောင်အဖွဲ့မရှိ၊ အစည်းအတားမရှိဘဲ လွတ်လွတ်လပ်လပ် လုပ်လို့ရတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေရဲ့ တစ်သတ်မှတ်တည်းဖြစ်နေတဲ့ လမ်းကြောင်းကို ဆက်လိုက်ဖို့ဆိုတာ ကိုယ့်မှာ တာဝန်မရှိတာ။ ဘဝဆိုတာ တစ်မိသားစုထဲမှာ ဒီတစ်ယောက်က ဒါဖြစ်ရင် ဒီတစ်ယောက်လည်း ဒါဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်မှုတွေမရှိပါဘူး။ ဒီလို အချက်အလက်တွေဟာ သိုးမည်းတစ်ကောင်ကိုယ့်အတွက် ထူးခြားတဲ့ လူတစ်ယောက်ဖြစ်အောင် ပုံဖော်ပေးနိုင်ပါတယ်။

Ye Yint Kyaw

SHARE