အပြေးလေ့ကျင့်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရား ၅ ခု

Pixabay-skeeze

ပြေးတယ်ဆိုတာဟာ တစ်ကယ်တမ်းတော့ ကိုယ့်ကျန်းမာရေးအတွက် အင်မတန်ကို ကောင်းမွန်လှတဲ့ အရာတစ်ခုပါပဲ။ သာမန်အမြင်နဲ့ ကြည့်မယ်ဆိုရင် အပြေးလေ့ကျင့်တယ်ဆိုတဲ့ အရာဟာ ကျန်းမာရေးအတွက် ကောင်းတဲ့ အရာတစ်ခုလို့သာ လူတော်တော်များများ သိထားကြပြီး ကိုယ့်အတွက် ဘယ်လိုကောင်းမွန်စေလဲဆိုတာကိုတော့ သိတဲ့လူ ရှားပါတယ်။ ဒါ့ကြောင့် အပြေးလေ့ကျင့်ခြင်းကြောင့် ရရှိလာနိုင်စေတဲ့ အကျိုးတရား ၅ ခုကို Insider သတင်းဌာနမှာ ဖော်ပြဖူးတဲ့ အကြောင်းအရာတစ်ချို့ကို မှီငြမ်းပြီး Shwemom ပရိသတ်ကြီး သိအောင် ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။

Pixabay-StockSnap

၁။ အပြေးလေ့ကျင့်တယ်ဆိုတာဟာ တစ်ခြား ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေထက် ပိုပြီး ဝိတ်ကျအမြန်ဆုံးနဲ့ ကယ်လိုရီ လောင်ကျွမ်းမှု အမြင့်မားဆုံးပါပဲ။ သေချာပြောရမယ်ဆိုရင်တော့ မိနစ် ၃၀ လောက် လမ်းလျှောက်မယ်ဆိုရင်တောင် ခန္ဓာကိုယ်က အဆီတွေဟာ ကယ်လိုရီ ၂၆၀ အထိ လောင်ကျွမ်းနိုင်သလို မိနစ် ၃၀ အထိ စက်ဘီးနင်းခြင်းက ကယ်လိုရီ ၂၂၀ လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမယ့် မိနစ် ၃၀ လောက် အပြေးလေ့ကျင့်မယ်ဆိုရင်တော့ ကယ်လိုရီ ၄၅၀ လောက်အထိကို လောင်ကျွမ်းစေနိုင်ကြောင်း သိရပါတယ်။

READ
ဦးနှောက်၏ပုံသဏ္ဍာန်နဲ့ လူသားတို့၏အလေ့အကျင့်စရိုက်များ ဆက်စပ်နေ

၂။ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးဖြေဖျောက်နိုင်တာပါပဲ။ လူတစ်ယောက် စိတ်တွေအရမ်းညစ်နေတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ အရမ်းများနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် အားရပါးရပြေးလိုက်တယ်ဆိုတာနဲ့ စိတ်ဖိစီးမှုတွေ တော်တော်များများ လျော့ကျသွားနိုင်ပါတယ်။ အဲဒါကတော့ တစ်ကယ်ကို မှန်ကန်ပါတယ်။ စိတ်ထဲမှာ ဘယ်လောက်ပဲ မွန်းကျပ်နေပါစေ ချွေးတွေထွက်လာတဲ့အထိပြေးလိုက်ရင် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာကို တော်တော်လေးကို ပေါ့သွားနိုင်ပါတယ်။

Pixabay-StockSnap

၃။ ကောင်းကောင်းအိပ်ပျော်ချင်ရင်တော့ များများပြေးပါ။ ဘာကြောင့်လဲဆိုတော့ ပြေးရင် လူတိုင်း ပင်ပန်းပြီး မောတတ်ကြပါတယ်။ ဒါ့အပြင့် ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူအပုပ်တွေ တော်တော်ကင်းစင်သွားသလို အညစ်အကြေးမှန်သမျှ ခန္ဓာကိုယ်အရေပြားကနေ ချွေးအဖြစ်နဲ့ ပြန်စိမ့်ထွက်သွားတာကြောင့် တော်တော်လေးကို နေလို့ထိုင်လို့ကောင်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အိပ်မပျော်တာမျိုးတို့၊ ညဖက် ခဏခအိပ်နေရင်းနဲ့ လန့်နိုးတတ်တဲ့ လူမျိုးဆိုရင်တော့ နေ့တိုင်းအချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန်ပြေးသင့်ပါတယ်။

READ
အမျိုးသမီးများသတိထားသင့်တဲ့ ကင်ဆာရောဂါများအကြောင်း

၎။ ဒါ့အပြင် မကြာခဏပြေးခြင်းက ကိုယ့်ရဲ့ နှလုံးကို ပိုမိုအားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို အများကြီး အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်က ကျန်းမာရေးလေ့လာတွေ့ရှိချက်တစ်ခုအရဆိုရင်တော့ ပုံမှန်ပြေးနေကျ လူတစ်ယောက်ဟာ သာမန်လူတွေထက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ၄၅ ရာခိုင်နှုန်း လျော့နည်းတဲ့အပြင် ရုတ်တရက် နှလုံးထဖောက်တတ်တာတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေမှ ကင်းဝေးစေကြောင်း သိရပါတယ်။

Pixabay-gfkDSGN

၅။ နောက်ဆုံးတစ်ခုကတော့ အပြေးလေ့ကျင့်ခန်း လုပ်နေကျလူတွေဟာ သာမန်လူတွေထက် အသက်ရှည်ရှည် ပိုနေနိုင်ပါတယ်။ နေ့စဉ် အပြေးလေ့ကျင့်ခန်းလိုမျိုး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်နေတဲ့ လူတွေဟာ အခြားပြင်ပရောဂါ ဖြစ်မှာတွေ၊ ကိုယ်ခံအား မကောင်းမှာတွေကို တွေးပူနေစရာမလိုပါဘူး။ ကိုယ်ပြေးနေကျ ပုံစံလေးအတိုင်း ပုံမှန်ပြေးသွားမယ်ဆိုရင်တော့ ရေရှည်မှာ အခြားလူတွေထက် ကျန်းမာစွာ နေနိုင်ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE