Leonardo DiCaprio ရဲ့ အကောင်းဆုံးရုပ်ရှင်ကား ၅ကား

Imdb.com

Leonardo DiCaprio ဟာ မြန်မာရုပ်ရှင်ပရိသတ်တွေနဲ့ တော်တော်လေးကိုရင်းနှီးနေတဲ့ မင်းသားတစ်ယောက်ပါ။ အခုလို အော်စကာဆု မင်းသားတစ်လက်မဖြစ်ခင် ဟိုးအရင်ကတည်းက  နာမည်ကျော်တိုက်တန်းနစ် ရုပ်ရှင်ကားကြီးကနေ စလို့ အခုအချိန်အထိ ကျနော်တို့ ကြိုက်နှစ်သက်ရတဲ့ မင်းသားလို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ပြောင်မြောက်တဲ့ သရုပ်ဆောင်အတက်ပညာတွေ၊ ကျရာ ဇာတ်ရုပ်အပေါ်မှာ အပီအပြင်ဆုံး သရုပ်ဆောင်နိုင်တာတွေ၊ သရုပ်ဆောင်နေမှန်းတောင် မသိနိုင်လောက်အောင် ထူးချွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ Leonardo DiCaprio ရဲ့ ရုပ်ရှင်ကားတွေဟာ အခုအထိ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ စိတ်ကို လှုပ်ရှားမှုပေးနိုင်နေတုန်းပါပဲ။ Leonardo DiCaprio ရဲ့ အကောင်းဆုံးလို့ ပြောလို့ရမယ့် ရုပ်ရှင်ကား ၅ကားကို ဖော်ပြလိုက်ပါရစေ။

Amazon.com

(၁) Catch Me If You Can (2002)

မင်းသားကြီး Tom Hanks နဲ့ Leonardo DiCaprio တို့နှစ်ယောက် ရှားရှားပါးပါးတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ Catch Me If You Can ဟာ  Leonardo DiCaprio ရဲ့ အကောင်းဆုံး ရုပ်ရှင်ကားထဲက ထိပ်ဆုံးနေရာမှာ ရှိနေတာ မဆန်းပါဘူး။ ဒီ ရုပ်ရှင်ထဲမှာ Leonardo DiCaprio ရဲ့ သရုပ်ဆောင်အတတ်ပညာထူးချွန်မှုကို အတိုင်းသားမြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာ ဒီ ရုပ်ရှင်ကားလည်း ပါဝင်ပါတယ်။ လူလိမ်တစ်ယောက်အဖြစ် ရပ်တည်ရှင်သန်နေတဲ့ ဖြစ်ရပ်မှန် လူတစ်ယောက်နေရာမှာ  Leonardo DiCaprio သရုပ်ဆောင်ထားပါတယ်။

Amazon.com

(၂)The Departed (2006)

READ
လူမျိုးရေးခွဲခြားတဲ့ အပြုအမူလုပ်ခဲ့လို့ သရဖူမျှော်လင့်ချက်မဲ့နေတဲ့ Miss USA

ဟောလိဝုဒ်ရဲ့ အတော်ဆုံးဒါရိုက်တာ၊ အကောင်းဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Martin Scorsese ရိုက်ကူးတဲ့ The Departed ထဲမှာလည်း Leonardo DiCaprio ကို ပုံစံသစ်တစ်ခုအနေနဲ့ မြင်တွေ့ရမှာပါ။ ဂိုဏ်းစတားအကြောင်းတွေ၊ သေနတ်ပစ်ခန်းတွေနဲ့ ရာဇဝတ်မှုအကြောင်းတွေကို လှလှပပ ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Martin Scorsese ရဲ့ ပညာကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားထဲမှာ ဂန္ထဝင်မင်းသာကြီး ဖြစ်တဲ့ Jack Nicholson ၊ Matt Damon ၊ Mark Wahlberg အစရှိတဲ့ မင်းသားတွေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

Imdb.com

(၃) Titanic (1997)

ဟောလိဝုဒ်ရဲ့ ရုပ်ရှင်သမိုင်းကြောင်းကို ပြောမယ်ဆိုရင် တိုက်တန်းနစ်ရုပ်ရှင်ရဲ့ စာမျက်နှာကို ချန်လှပ်ခဲ့လို့ လုံးဝမဖြစ်နိုင်ပါဘူး။ အခုအချိန်အထိ တိုက်တန်းနစ်ရုပ်ရှင်ဟာ အကောင်းဆုံးအချစ်ကားတွေထဲမှာ ထိပ်ဆုံးက ရှိနေဆဲဖြစ်ပြီး တစ်ခါကြည့်ပြီးတာနဲ့ တစ်သက်မမေ့နိုင်စရာ ရုပ်ရှင်မျိုးပါပဲ။ တိုက်တန်းနစ်သင်္ဘောကြီးနစ်မြုပ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို နောက်ခံထားပြီး နောက်ခံအခြေအနေမတူညီတဲ့ မိသားစုနှစ်ခုကလာတဲ့ လူနှစ်ယောက်ရဲ့ ဆို့နစ်ဖွယ်ကောင်းတဲ့ တိုက်တန်းနစ်ရုပ်ရှင်ဟာ Leonardo DiCaprio ရဲ့အကောင်းဆုံး ရုပ်ရှင်ကားတွေထဲမှာ မပါဘူးဆိုရင် လုံးဝ မဖြစ်နိုင်ပါဘူး။ 

WarnerBros.com

(၄) Inception(2010)

READ
Neymar နဲ့ Chloe Moretz တွဲနေကြပြီလား?

သမားရိုးကျ ရုပ်ရှင်ရိုက်ကူးမှုပုံစံကနေ ခွဲထွက်ပြီး ရိုက်လေ့ရှိတဲ့ ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ Inception ထဲမှာလည်း Leonardo DiCaprio ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုတွေကို မြင်တွေ့ရဦးမှာပါ။ Inception ရုပ်ရှင်ကိုယ်တိုင်ကလည်း မေးခွန်းထုတ်စရာတွေ အများအပြားထားကျန်ရစ်ခဲ့ပြီး အခုအချိန်အထိတိုင်အောင် ရုပ်ရှင်ချစ်သူတွေ ငြင်းခုံနေတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။

FoxMovies.com

(၅)The Revenant (2015)

တိုက်တန်းနစ်ကနေစလို့ ပရိသတ်တွေ ရစေချင်နေတဲ့ အော်စကာထူးချွန်ဆုကို Leonardo DiCaprio ရရှိသွားတဲ့ ရုပ်ရှင်ပါပဲ။ လက်စားချေဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ နှင်းထုထဲမှာ အနာတရနဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်အဖြစ် Leonardo DiCaprio ကို မြင်တွေ့ရမှာဖြစ်ပြီး The Revenant ဟာ Leonardo DiCaprio ရဲ့  အကောင်းဆုံးသော ရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်တယ်လို့ဆိုရင် လုံးဝကို မမှားနိုင်ပါဘူးခင်ဗျာ။

 

YYK

SHARE