၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အကောင်းဆုံး animation ကာတွန်းဇာတ်ကားများ

အထူးပြုလုပ်ဖန်တီးချက်တွေနဲ့အတူ ကာတွန်းဇာတ်ကားတွေကတော့ အရင်ကထက်တောင် ပိုပြီးတောင် ကြည့်လို့ကောင်းလာပါတယ်။ အဲ့ဒါကြောင့်လည်း animation ကာတွန်းဇာတ်ကားတွေကိုတော့ ကလေးတွေသာမက လူကြီးတွေကပါ ကြိုက်နှစ်သက်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အန်နီမေးရှင်း ကာတွန်းဇာတ်ကားကောင်းတွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် ပြီးခဲ့တဲ့ နှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်း ၅ကားကို တင်ဆက်ပေးလိုက်ပါတယ်။

Hotel Transylvania 3: Summer Vacation

ဒီကာတွန်းကားလေးကတော့ ရှေ့မှာလည်း တစ်နဲ့ နှစ်ဆိုပြီး အဆက်တွေနဲ့ ထွက်လာခဲ့တာဖြစ်ပြီး Hotel Transylvania 3မှာဆိုရင်တော့ ဟိုတယ်မှာရှိတဲ့ သူတွေအကုန် အပျော်စီးသဘောင်္စီးပြီး အပန်းဖြေခရီးထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီခရီးမှာဆိုရင်တော့ Drac က သဘောင်္ ကပ္ပတိန်အမျိုးသမီးကို အရမ်းကို ကြွေသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီအမျိုးသမီးကတော့ မကောင်းတဲ့ အကြံဥာဏ်နဲ့ Drac ကို ချဉ်းကပ်ခဲ့တာဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်ဖို့ လျှို့ဝှက်ချက်ကိုလည်း သိထားပါတယ်။ ပျော်ရွှင်စရာခရီးလေးကနေ ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ ခရီးအဖြစ်ပြောင်းလဲသွားတယ်ဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်လိုက်ပါဦးနော်။

The Grinch

ဒီဇာတ်ကားမှာတော့Grinch နဲ့သူရဲ့ခွေးလေး Max တို့က အထီးကျန်စွာနဲ့ တောင်တစ်ခုထဲ ဂူလေးတစ်ခုထဲမှာနေပါတယ်။Grinchရဲ့ မကြေမချမ်းမှုတွေ ထလာတာကတော့ ခရစ်စမတ်ကာလမှာ သူရဲ့ အိမ်နီးချင်းတွေက ခရစ်စမတ်ပွဲကို ကြီးကျယ်ခမ်းနားလာအောင် အမျိုးမျိုး ပြင်ဆင်နေမှုတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Grinchဟာ သူရဲ့ ခွေးလေး နဲ့အတူ ခရစ်စမတ်ပွဲကြီး တိတ်ဆိတ်ငြိမ်သွားအောင် လျှိ့ဝှက်အစီအစဉ်တွေရေးဆွဲပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ပါနော်။

Mary and the Witch’s Flower

Mary and the Witch’s Flower ကာတွန်းကားကတော့ သူမကို တညတာ သဘာဝလွန် စွမ်းအားတွေ ပေးစွမ်းနိုင်တဲ့ ပန်းတစ်ပွင့်ကို ရရှိခဲ့တဲ့ မိန်းကလေးအကြောင်းဖြစ်ပါတယ်။  ဂျပန်နိုင်ငံမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Incredibles 2

ပရိသတ်တွေတွေတိုင်းကြိုက်ကြတဲ့ Incredibles မိသားစုလေးပါ။ ဒီဇာတ်ကားမှာတော့ ဟီးရိုးတွေရဲ့ နေ့စဉ်ဘဝကို ပုံဖော်ရိုက်ပြထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့Incredibles မိသားစုရဲ့ ကလေးလေးဖြစ်တဲ့  Jack-Jackမှာလည်း စူပါပါတွေ တဖြည်းဖြည်းပိုပြီးတော့ တိုးလာနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာလည်း ဗီလိန်အသစ်ရဲ့ အကွက်စေ့လွန်းတဲ့ အကြံအစည်တွေကို သူတို့တွေ ဘယ်လို တိုက်ထုတ်ကြမလဲဆိုတာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

Ralph Breaks the Internet

ဒီကားမှာတော့ Ralph နဲ့ သူရဲ့ တွဲဖက် Vanellope တို့က အွန်လိုင်းရှောပင်းလုပ်ဖို့အတွက် အင်တာနက်ကို ဖွင့်လိုက်ပြီးနောက်မှာ သူတို့အရင်က တစ်ခါမှ မကြုံဖူးတဲ့ ကိစ္စတွေနဲ့ ကြုံလာပြီး သူတို့နှစ်ယောက် ဘယ်လို ဖြေရှင်းဖြတ်သန်းကြမယ်ဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

READ
သီဟတင်စိုးကို အမှုဖွင့်ထားတဲ့ အမျိုးသမီးကို အလုပ်ခန့်ခဲ့ဖူးတဲ့ နေဆန်း

Source: esquire

SHARE