ဖခင်စိတ်အပြည့်ရှိပြီး စံနမူနာယူထိုက်တဲ့ ဟောလိဝုဒ် အကျော်အမော်များ

ယောက်ျားတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့အရာက သူ့ရဲ့တာဝန်ယူစိတ်ပါပဲ။ ဘယ်လောက်ပဲ ရုပ်ချော၊ ခန္ဓာကိုယ်လှပြီး ကြွယ်ဝချမ်းသာနေလည်း တာဝန်ယူစိတ်မရှိတဲ့ ယောက်ျားဟာ လုံးဝဆွဲဆောင်မှုမရှိပါဘူး။ ခုဖော်ပြပေးမှာကတော့ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အမြင့်ဆုံးအောင်မြင်မှုရရှိနေကြပြီး ဖခင်စိတ်လည်း အပြည့်ရှိတဲ့ စံနမူနာယူထိုက်တဲ့ ဟောလိဝုဒ်က အကျော်အမော်တွေပဲဖြစ်ပါတယ်။ ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

(၇) Brad Pitt

ဟောလိဝုဒ်ရဲ့နာမည်ကျော်မင်းသား Brad Pitt ဟာဆိုရင် ကလေးခြောက်ယောက်ရဲ့ ဖခင်ဖြစ်တဲ့အလျောက် သူ့တာဝန်က မသေးပါဘူး။ ကလေးတွေအားလုံးရဲ့ ကျောင်းစရိတ်၊ အသုံးစရိတ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို ထောက်ပံ့နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် “မိသားစုဆိုတာ ကျွန်တော့်ရဲ့စိတ်ကိုပိုပြီး ငြိမ်းချမ်းစေသလို၊ ဘဝကိုလည်း ပိုပြီးအဓိပ္ပါယ်ရှိစေတယ်” လို့ ဆိုခဲ့ပါတယ်။ အခုတော့ အိမ်ထောင်ရေး အဆင်မပြေလို့ မိသားစုခွာပြဲနေပေမယ့် ဘရက်ပစ်ကတော့ သူ့တာဝန်တွေကို မပျက်ကွက်သေးဘူးလို့ဆိုပါတယ်။

(၆) Channing Tatum

Channing Tatum ဟာဆိုရင် အမျိုးသမီးထုကြီးရဲ့အသည်းစွဲ ကမ္ဘာကျော် မင်းသားတစ်ဦးဖြစ်ပါတယ်။ သမီးလေးဖြစ်သူ မွေးခါစကတည်းက သမီးလေးရဲ့ အောက်ခြေသိမ်းအလုပ်တွေအားလုံး သူကိုယ်တိုင် လုပ်ပေးခဲ့တာပါ။ “ကျွန်တော် ဒိုင်ပါဝတ်ပေးတာ ဘယ်လောက်ကျွမ်းလဲဆိုရင် သမီးလေး လမ်းလျှောက်နေရင်း၊ ကစားနေရင်း၊ ဘယ်လိုနေနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ရအောင်လဲပေးနိုင်တယ်” လို့လည်း အရွှန်းဖောက်ပြောခဲ့ပါသေးတယ်။ သူ့သမီးလေးကတော့ ကံကောင်းသူလေးပေါ့။

READ
ညစ်ညမ်းရုပ်ရှင်အကြည့်များခြင်း၏ စိုးရိမ်ရတဲ့ကျန်းမာရေးဆိုးကျိုး

(၅) Will Smith

ကမ္ဘာကျော်မင်းသား Will Smith ဟာဆိုရင် သားသမီးတွေအားလုံးကိုပါ ကမ္ဘာကျော်ဖြစ်တဲ့အထိ မွေးထုတ်ပေး၊ မြေတောင်မြှောက်ပေးနိုင်တဲ့ တော်လွန်းတဲ့ ဖခင်တစ်ယောက်ပါ။ သားသမီးတွေကိုထိန်းကျောင်းတဲ့အပိုင်းကို အင်တာဗျူးတစ်ခုမှာ ကျွန်တော်တတ်တာ၊ ကျွန်တော်သိတာမှန်သမျှ သားသမီးတွေအားလုံးကို ပြန်သင်ပေးတယ်၊ ပြန်ပြောပေးတယ်၊ ပြန်လည်ဝေမျှပေးတယ်၊ နောက်ပြီး ကျွန်တော်ချစ်နိုင်သမျှ အစွမ်းကုန် သူတို့ကို ချစ်ပေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဇနီးသည်ကိုယ်တိုင်က သူနဲ့ပတ်သက်ရင် ဂုဏ်ယူမဆုံး၊ ကြည်နူးမဆုံးဖြစ်နေရတဲ့သူပါ။

(၄) Hugh Jackman

X-man မင်းသားဆိုရင် မသိသူမရှိလောက်အောင် ကျော်ကြားတဲ့ Hugh Jackman ဟာဆိုရင်လည်း စံနမူနာယူထိုက်တဲ့ ဖခင်ကောင်းတစ်ဦးပါ။ သားသမီးတွေကို နေ့တိုင်းဟာအဖေများနေ့ပဲ ဒါကြောင့် နေ့တိုင်းအဖေ့ကိုချစ်ပေးပါလို့ ဆုံးမတတ်တဲ့သူပါ။ ဒါ့အပြင် သစ်ပင်စိုက်ရတာ ဝါသနာပါတဲ့သားကို နယူးယောက်ပန်းခြံအမြဲ လိုက်ပို့ပေးတဲ့သူပါ။ သားနဲ့သမီးကို အသက် (၁၃)နှစ်ပြည့်တာနဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေမှာ ပါဝင်ဖို့လည်း စည်းကမ်းထုတ်ထားပါတယ်။ သားနဲ့သမီးဟာလည်း တကယ့်ကိုလိမ္မာပြီး လုပ်စရာရှိတာကို သွက်လပ်ဖျတ်လပ်စွာ လုပ်ကိုင်တတ်တဲ့ သူလေးတွေပါ။

(၃) Johnny Depp

ပင်လယ်ဓားပြမင်းသာ Johnny Depp ဟာဆိုရင် မိသားစုကို တကယ်ကြင်နာပြီး ဂရုစိုက်တဲ့သူတစ်ယောက်ပါ။ “ကျွန်တော်ဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီလိုပြောရတာကိုလည်း ကျွန်တော့်ကိုကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ကလေးတွေကို ကျွန်တော်ရိုသေသလို သူတို့ဆီကလည်း သင်ယူစရာရှိတာ သင်ယူပါတယ်။ ကျွန်တော့်မိသားစုကို ကျွန်တော့်ဘဝရဲ့အကောင်းဆုံးလို့ ခံယူထားပါတယ်”လို့ ဆိုပါတယ်။

READ
ချစ်သူရှိဖို့လိုအပ်နေပြီလို့ယူဆရင် သင့်ကိုယ်သင်ပြန်ပေးသင့်တဲ့မေးခွန်းများ

(၂) Matt Damon

မင်းသား Matt Damon ဟာဆိုရင် ကလေးတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးတဲ့ သူတစ်ယောက်ပါ။ ညဖက်တစ်ရေးနိုးရင်တောင် ကလေးတွေအသက်ရှူ၊ မရှူ စစ်ဆေးတတ်တဲ့သူတစ်ယောက်ပါ။

(၁) David Beckham

တစ်ကမ္ဘာလုံးက လေးစားအားကျရတဲ့ ဘောလုံးသမားဟောင်း Beckham ဟာဆိုရင် သူ့ရဲ့ဇနီးနဲ့ သားသမီးတွေအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်ပါတယ်။ သားတွေရန်ဖြစ်ရင် ဖြန်ဖြေပေးတယ်၊ သမီးလေးအပြင်သွားခါနီး သူကိုယ်တိုင် အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်ပေးတယ်၊ ဇနီးသည်ရဲ့လုပ်ငန်းတွေမှာလည်း အများကြီးကူညီပေးပါတယ်။ ကလေးတွေကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ဖို့က မိဘနှစ်ယောက်လုံးရဲ့တာဝန်ပါလို့ ခံယူထားတဲ့သူဖြစ်ပါတယ်။ သူပြောခဲ့တဲ့စကားတစ်ခွန်းကတော့ ကျွန်တော့်ရဲ့အလုပ်တွေမှာ များစွာသောအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲဒီ့အထဲကမှ အအောင်မြင်ဆုံးအရာတစ်ခုကတော့ ကျွန်တော့်ရဲ့မိသားစုဘဝလေးပါပဲ လို့ပြောခဲ့တဲ့ David Beckham ဟာ ဟောလိဝုဒ်ရဲ့ အထာကျဆုံးဖခင်တွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။

Em Em(Auntymay)

SHARE