ရုပ်ရှင်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ Disney ရဲ့ အကောင်းဆုံး Live-Action ရုပ်ရှင်များ

Imdb/Aladdin

၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ Alice in Wonderland အပြီးမှာ ဒစ္စနေးကုမ္ပဏီဟာ ကာတွန်းဇာတ်ကောင်တွေကို လူအစားထိုးပြီး ရိုက်ကူးတဲ့ Live-Action ရုပ်ရှင်ကားတွေကို ပိုပြီး ထုတ်လုပ်လာတာပါ။ ရုံဝင်ငွေအရရော၊ ကြည့်ရှု့သူများတာကြောင့် ထွက်ရှိခဲ့သမျှ Live-Action ရုပ်ရှင်ကားတွေဟာ အလွန်အောင်မြင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒစ္စနေဟာLive-Action ရိုက်ကူးဖို့အတွက် Mulan၊  Cruella၊ The Little Mermaid နဲ့ The Hunchback of Notre Dame တို့ကို ရိုက်ကူးဖို့ စီစဉ်နေထားပါတယ်။ Disney ရဲ့ ထွက်ခဲ့ပြီးသမျှ အကောင်းဆုံး Live-Action ကား ၈ ကားကတော့ …….

၈ –  MALEFICENT

Alice in Wonderland ထွက်ရှိပြီး (၄)နှစ်အကြာ ၂၀၁၄ မှာ ထွက်ရှိခဲ့တဲ့  Maleficent ရုပ်ရှင်ကားကတော့ ဒစ္စနေရဲ့ အောင်မြင်ဆုံး ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ ပြောလို့ရမှာပါ။Angelina Jolie ရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုကြောင့်ရော၊ အသေးစိတ်က အစ ရေးဆွဲထားတဲ့ ရုပ်ပုံတွေကြောင့်ရော   Maleficent ရုပ်ရှင်ဟာ ရုပ်ရှင်ချစ်သူတွေအတွက် အသိအမှတ်ပြုခံရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Maleficent ရုပ်ရှင်ရဲ့ အဆက်ရုပ်ရှင်ဖြစ်တဲ့ Maleficent: Mistress of Evil ကို ထွက်ရှိခဲ့ပါတယ်။ Maleficent: Mistress of Evil  ဟာ ပထမကားဖြစ်တဲ့ Maleficent လောက် ရုံဝင်ငွေမရရှိခဲ့ပါဘူး။

၇ –  THE LION KING

 ၁၉၉၄ ခုနှစ်က ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Lion King ကာတွန်းကားရဲ့ Live-Action ရုပ်ရှင်ဖြစ်ပါတယ်။ မထွက်ခင်ကတည်းက တော်တော်လေးကို မျှော်လင့်နေကြတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ သရုပ်ဆောင်တွေကလည်း ဘီယွန်စေးတို့လို လူတွေပါဝင်လာလို့ ပရိသတ်တွေက ရင်ခုန်နေကြတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒါပေမယ့် တကယ်ထွက်လာချိန်မှာတော့ ပရိသတ်တွေရဲ့ မျှော်လင့်သလောက် မဖြစ်ခဲ့ပါဘူး။ အရမ်းသဘာဝကျနေတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ဝေဖန်မှတ်ချက်ပြုခံရပြီး ရုပ်ရှင်ကားတစ်ကားကြည့်ရတာထက် မှတ်တမ်းရုပ်ရှင်တစ်ကားကြည့်နေရသလိုဖြစ်နေတယ်လို့ ဝေဖန်သံတွေထွက်ခဲ့ပါသေးတယ်။

၆ – ALADDIN

READ
YoonA အတွက် Fan တွေက တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင် စီစဉ်ပေးခဲ့

ဒစ္စနေးရဲ့ Live-Action ထွက်သမျှထဲမှာ ခေတ်နဲ့အညီ creative ဖြစ်အောင် ရိုက်ကူးထားတယ်လို့ ဝေဖန်ရေးဆရာတွေက မှတ်ချက်ပြုထားတဲ့ ၂၀၁၉ ထွက် အာလာဒင် ရုပ်ရှင်ကားပါ။ တကယ်လည်း အာလာဒင်ရုပ်ရှင်ကားဟာ အရင့် အရင်က အာလာဒင်ရုပ်ရှင်တွေနဲ့ လားလားမှမဆိုင်တော့အောင် ပုံစံပြောင်းထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ Genie အဖြစ် သရုပ်ဆောင်တဲ့ ဝီလ်စမစ်အတွက်လည်း အာလာဒင်ရုပ်ရှင်ဇာတ်ကားဟာ အောင်မြင်မှုတွေ သယ်လာပေးခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။

၅ – LADY AND THE TRAMP

ဒစ္စနေးရဲ့ နောက်ဆုံးထွက်လို့ပြောမယ့် Live-Action ရုပ်ရှင်ကားတစ်ကားကတော့  Lady and the Tramp ပါ။ နှစ်ပေါင်းများစွာ ကာတွန်းကားအဖြစ်သာ ရှိနေတဲ့ Lady and the Tramp ကို ရုပ်ရှင်ကားတစ်ကားအဖြစ် ကြည့်ရှု့လို့ရပါပြီ။ ဒါဟာ  Lady and the Tramp ကာတွန်းအတွက် ပထမဆုံး Live-Action အဖြစ် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး Disney ရဲ့ Streaming Service တစ်ခုဖြစ်တဲ့ Disney+ကနေ ထုတ်လွှင့်ပြသခဲ့တာပါ။

၎ – BEAUTY AND THE BEAST

မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်မယ်လို့ထင်ရတဲ့ The Beauty and the Beast ဇာတ်လမ်းရဲ့ Live-Action တစ်ခုဖြစ်ပါတယ်။ ဂန္ထဝင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ The Beauty and the Beast ကို ပြန်လည် ဆန်းသစ်ပြီး Live-Action အဖြစ်ရိုက်ကူးရမှာ ဟယ်ရီပေါ်တာထဲက မင်းသမီးEmma Watsonက Belle အဖြစ် သရုပ်ဆောင်ထားတာပါ။ ဒစ္စနေးရဲ့ Live-Action ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးတစ်ကားဖြစ်ခဲ့တဲ့ ရုပ်ရှင်ပါ။

၃ –  CHRISTOPHER ROBIN

READ
ရုပ်ရှင်ပိုစတာနဲ့တင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိနေတဲ့ "ကိုယ်စောင့်နတ်"ရုပ်ရှင်ကားကြီး

ဒစ္စနေးကုမ္ပဏီက တခြားကာတွန်းဇာတ်ကောင်တွေကို ခဏ ခဏ ပြန်ပြီး Live-Action ရိုက်နေပေမယ့် Winnie the Pooh အတွက်တော့ မပါလာခဲ့သေးတာပါ။  Winnie the Pooh ပရိသတ်တွေကလည်း ကမ္ဘာအနှံ့မှာ အခိုင်အမာရှိနေခဲ့ပါတယ်။ အဲဒီကွက်လပ်တစ်ခုအတွက် ဒစ္စနေးကုမ္ပဏီဟာ Winnie the Pooh ရဲ့Live-Action အဖြစ် Christopher Robin ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ Christopher Robinရုပ်ရှင်ဟာ တော်တော်လေးကို သေသေပ်သပ်နဲ့ စီစဉ်ထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။

၂ – CINDERELLA

ကလေးစာပေထဲမှာ လူတိုင်းမသိသူမရှိတဲ့ ဂန္ထဝင်ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ စင်ဒရဲလား Live-Action ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကာတွန်းကားအဖြစ်လည်း အောင်မြင်ခဲ့သလို စင်ဒရဲလားရဲ့ Live-Action တွေကလည်း ရိုက်သလောက် ဝင်ငွေများစွာ ရရှိခဲ့တာပါ။ (၂၀၁၅) မှာထွက်ရှိခဲ့တဲ့ စင်ဒရဲလားရုပ်ရှင်ကတော့ Maleficent ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့် ရိုက်ကူးခဲ့တာပါ။ တကယ်တော့ စင်ဒရဲလားပုံပြင်ဇာတ်လမ်းဟာ (၁၆၀၀)ခုနှစ်လောက်ကတည်းက စပြီး ရှိနေခဲ့ပေမယ့်လည်း နှစ်ပေါင်းများစွာ အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာ အခုအချိန်အထိ လူတွေ ကြိုက်နှစ်သက်နေဆဲ ဇာတ်လမ်းတစ်ခုအဖြစ် ရှိနေဆဲပါ။

၁ – THE JUNGLE BOOK

ဒစ္စနေးရဲ့ Live-Action တွေထဲမှာ အကောင်းဆုံးလို့ ဝေဖန်ရေးဆရာတွေက သတ်မှတ်ထားတဲ့ The Jungle Book ရုပ်ရှင်ဖြစ်ပါတယ်။ ကာတွန်းကားကတော့ (၁၉၆၇) ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ Live-Action ကိုတော့ ဒါရိုက်တာJon Favreauက ရိုက်ကူးထားပြီး (၂၀၁၇) ခုနှစ်ရဲ့ အကောင်းဆုံး Visual Effects ဆုအဖြစ် အော်စကာရခဲ့ပါတယ်။ ဒါ့အပြင် ရုံဝင်ငွေတွေလည်း များစွာရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ တောကောင်တွေကို အတိအကျဆွဲထားတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ တောတွင်းသားလေးရဲ့ တောတွင်းစွန့်စားခန်းများကတော့ အခုအချိန်အထိ ပြန်ကြည့်တိုင်း မရိုးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

 

YYK

SHARE