ကြောင်လေးတစ်ကောင်လက်ဆောင်ပေးပြီး သတို့သမီးကို Surprise လုပ်ခဲ့တဲ့ သတို့သား

Facebook/Wild and Wonderful Photography

အိမ်မွေးတိရစ္ဆာန်တွေကို  လုံးဝမချစ်တတ်တဲ့ သတို့သားဖြစ်သူက ကြောင်ချစ်တဲ့ သူ့ရဲ့ သတို့သမီးဖြစ်သူကို ကြောင်လေးတစ်ကောင်ပေးပြီး Surprise လုပ်ခဲ့တာပါ။ 

Orion နဲ့ Kayleeတို့ဟာ သူတို့ရဲ့ မင်္ဂလာဆောင်အတွက် ဓာတ်ပုံဆရာတစ်ယောက်ကို ငှားရမ်းထားခဲ့ပြီးသားဖြစ်ပါတယ်။ သတို့သားဖြစ်သူ Orion က သူ့ချစ်သူအတွက် အကောင်းဆုံးလက်ဆောင်တစ်ခုပေးဖို့ ဆန္ဒရှိတာကြောင့် သူ့ရဲ့ အကြံဥာဏ်ကို ဓာတ်ပုံဆရာနဲ့ တိုင်ပင်ပြီး စီစဉ်ခဲ့တာပါ။  အဲဒါကတော့ ကြောင်ချစ်သူ သူ့ရဲ့ ဇနီးလောင်းလေးတွေအတွက် ကြောင်ပေါက်စလေးတစ်ကောင်ကို လက်ဆောင်ပေးဖို့ပါ။ ကြိုတင်စီစဉ်ထားမှုကြောင့် Surprise လုပ်တဲ့ပုံတွေကို တစ်ပုံခြင်းစီ ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းလေးတစ်ပုဒ်လို ဖြစ်နေတဲ့ ဓာတ်ပုံတွေပါပဲ။

Facebook /Wild and Wonderful Photography
Facebook /Wild and Wonderful Photography

ဓာတ်ပုံရဲ့ အစမှာ သတို့သမီးဟာ ဝတ်စုံအပြည့်နဲ့ သူ့ချစ်သူလာမှာကို ကျောပေးပြီး စောင့်နေခဲ့ပါတယ်။ သူ့ချစ်သူ သတို့သားလာတာကိုလည်း မမြင်သလို လက်ဆောင်ကိုလည်း မမြင်နိုင်သေးပါဘူး။ သတို့သားဟာ သတို့သမီးရဲ့ ပုခုံးကို ထိတွေ့လိုက်ချိန်မှာတော့ သူ(မ)ဟာ နောက်ပြန်လှည့်လာခဲ့တာပါ။ အဲဒီအချိန်ခဏမှာပဲ သတို့သမီးရဲ့ အံ့သြပျော်ရွှင်သွားတဲ့ မျက်နှာကို မြင်တွေ့ရမှာပါ။

သတို့သမီးပျော်ရွှင်သွားတာက သတို့သား လက်ထဲမှာ ပွေ့ယူလာတဲ့ လက်ဆောင်တစ်ခုကြောင့်ပါ။ Chloe လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ နှစ်ယောက်ရဲ့ မိသားစုဝင်အသစ်ပေါ့။

Facebook /Wild and Wonderful Photography
Facebook /Wild and Wonderful Photography

တကယ်တော့ သူတို့နှစ်ယောက်ဟာ မင်္ဂလာပွဲမလုပ်ခင်ကတည်းက အတူတူနေထိုင်နေတဲ့ ချစ်သူနှစ်ယောက်ပါ။ သတို့သမီးလောင်းလေး Kaylee ကတော့ အိမ်မှာ ကြောင်တစ်ကောင်မွေးဖို့ ဆန္ဒရှိနေခဲ့ပေမယ့် သတို့သားလောင်း Orion ကတော့ ဘယ်အိမ်မွေးတိရစ္ဆာန်ကိုမှ မမွေးချင်ပါဘူး။

Facebook /Wild and Wonderful Photography
Facebook /Wild and Wonderful Photography

ဒါပေမယ့် သိပ်မကြာခင်မှာပဲ Orion ရဲ့ စိတ်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ သူဟာ ချက်ချင်းပဲ အစွန့်ပစ်ခံတိရစ္ဆာန်တွေကို ထိန်းသိမ်းထားတဲ့ နေရာတစ်ခုကို သွားပြီး ကြောင်လေးတစ်ကောင် သွားဝယ်ခဲ့တာပါ။ ဒါပေမယ့် တိရစ္ဆာန်ထိန်းသိမ်းရေးစင်တာက သူ့ကို မရောင်းချခဲ့ပါဘူး။

EDIT: WOW!! You guys, we are totally blown away by the response of this sweet post!!!! <3Just to clear up a few…

Posted by Wild and Wonderful Photography on Monday, October 21, 2019

ကံကောင်းစွာနဲ့ပဲ သူ့ရဲ့နေအိမ်အနီးတစ်ဝိုက်မှာပဲ လေလွင့်ကြောင် နှစ်ကောင်ကို တွေ့ရခဲ့ရပါတယ်။ လေလွင့်ကြောင် နှစ်ကောင်ကို အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ အဘွားဖြစ်သူက သတို့သမီးလောင်းလေး မသိအောင် တခဏမွေးစားထားခဲ့ပါတယ်။ အဲဒီ ကြောင်ပေါက်စလေး နှစ်ကောင်ထဲက တစ်ကောင်ကတော့ သူ့ရဲ့ Kaylee အတွက် လက်ဆောင်မွန်လေးတစ်ခုဖြစ်လာခဲ့ပါတယ်။ 

Ye Yint Kyaw

SHARE