သခင်တွေအပေါ် ခင်တွယ်ပြီး သစ္စာရှိတဲ့ ထိပ်တန်းခွေးအမျိုးအစားများ

Imdb/Hachiko

ခွေးတွေဟာ အခြားတိရစ္ဆာန်တွေနဲ့မတူတာကတော့ သူတို့အတွက် နေစရာနဲ့စားစရာတွေကိုပေးလို့ လူတွေအပေါ် ကောင်းတာမျိုးမဟုတ်ပဲ သူတို့ကိုယ်တိုင်ကိုက လူတွေကိုခင်တွယ်တာဖြစ်ပါတယ်။သူတို့ဆီမှာ လူတွေနဲ့ ဆက်သွယ်နိုင်တဲ့အခြေအနေတွေရှိတာကြောင့် လူတွေအပေါ်အရမ်းကိုသစ္စာရှိကြပါတယ်။

ခွေးတစ်ကောင်ဟာ သူတို့ပိုင်ရှင်ရဲ့အနံ့ကိုကောင်းမွန်စွာသိရှိနိုင်တဲ့အတွက်ကြောင့် သခင်ဖြစ်သူရဲ့စိတ်ခံစားချက်နဲ့ ဆက်စပ်ပြီးသိရှိနိုင်တယ်ဆိုတာကိုလေ့လာချက်တစ်ခုမှာဖော်ပြထားပါတယ်။ ဒါကြောင့် သခင်တွေအပေါ်သစ္စာရှိတဲ့ ထိပ်တန်းခွေး(၁၀)ကောင်ကိုဖော်ပြပေးလိုက်ပါတယ်နော်။

၁) Akita

Imdb/Hachiko

Akita ခွေးတွေဟာ သူတို့ရဲ့မိသားစုတွေကို အမြဲချစ်ခင်ပြီး သစ္စာရှိတဲ့ခွေးမျိုးပဲဖြစ်ပါတယ်။သူတို့ဟာ ဂျပန်ခွေးအမျိုးအစားဖြစ်ပြီး သူတို့ဆီကနေ ချစ်ခင်မှု၊ လေးစားမှုနဲ့ဖျော်ဖြေမှုတွေကိုရရှိမှာဖြစ်ပါတယ်။ ကမ္ဘာ့အကျော်ကြားဆုံးနဲ့သစ္စာရှိဆုံးလို့လူအများကသတ်မှတ်ခဲ့တဲ့ Hachiko ခွေးလေးဟာလည်း Akita ခွေးမျိုးနွယ်ပဲဖြစ်ပါတယ်။

၂) Golden Retriever

reddit /hjalmar111

Golden ခွေးတွေဟာ American Kennel Club ကအသိအမှတ်ပြုထားတဲ့ အကျော်ကြားဆုံး လူကြိုက်အများဆုံး ခွေးအမျိုးအစားပဲဖြစ်ပါတယ်။သူတို့ဟာ သူတို့ရဲ့သခင်တွေအပေါ် အရမ်းကိုသစ္စာရှိပြီး ဖော်ရွေပြီးလူချစ်လူခင်များ တဲ့ခွေးလေးတွေပဲဖြစ်ပါတယ်။

၃) German Shepherd

Depositphotos/Lightpoet

 

READ
အစွမ်းအစရှိသူတစ်ဦးအဖြစ် လူတွေမြင်မြင်ချင်းလက်ခံလာစေဖို့ သတိထားသင့်တဲ့အချက်များ

German Shepherd လို့ခေါ်တဲ့ ဂျာမန်သိုးထိန်းခွေးတွေဟာ ကျော်ကြားတဲ့ခွေးအမျိုးအစားဖြစ်ပြီး လူတော်တော် များများရဲ့ သဘောကျချစ်ခင်မှုကိုရတဲ့ခွေးအမျိုးအစားပဲဖြစ်ပါတယ်။သူတို့ဟာ ကမ္ဘာပေါ်မှာ အသိဥာဏ်အရှိဆုံးနဲ့ ရဲစွမ်းသတ္တရှိတဲ့ခွေးလေးတွေဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ သစ္စာအရှိဆုံးခွေးအမျိုးအစားထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း German Shepherd ခွေးတွေကို ရဲ၊ စစ်တပ်နဲ့ မျက်မမြင်တွေ မွေးကြတာဖြစ် ပါတယ်။

၎) Beagle

reddit/paperm3rmaid

Beagle ခွေးလေးတွေဟာ ယုံကြည်စိတ်ချလို့ရတဲ့ခွေးအမျိုးအစားဖြစ်တဲ့အပြင် သူတို့ဟာ အရမ်းကိုဖော်ရွေတတ်၊ စပ်စုတတ်၊ ပျော်တတ်တဲ့ခွေးလေးတွေပဲဖြစ်ပါတယ်။ဒီခွေးလေးတွေက တိုက်ခိုက်တယ်ဆိုတာဟာ အရမ်းကိုရှားပါးတဲ့ဖြစ်ရပ်ပါပဲ။ သူတို့ဆီမှာ ကျယ်လောင်တဲ့အသံနဲ့ မြည်တမ်းတတ်လေ့ရှိပါတယ်။

၅) Collie

wikimedia commons

Collie ခွေးတွေဟာ နာမည်ကြီးခွေးမျိုးနွယ်တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ သစ္စာရှိပြီး လူယဉ်တဲ့ခွေးအမျိုးစားတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့သစ္စာရှိမှု၊ အသိဥာဏ်နဲ့စရိုက်လက္ခဏာတွေဟာ သူတို့အတွက်တော့ ဒဏ္ဍာရီပုံပြင်တွေပဲဖြစ်ပါတယ်။

၆) Boxer

reddit /risk-is-write

Boxer ခွေးတွေဟာ ကြီးမားပြီး ကြောင်တောင်တောင်ပုံစံနဲ့ ပျော်ရွှင်မှုတွေကိုပေါင်းစပ်ထားတဲ့ ခွေးအမျိုးအစားပဲ ဖြစ်ပါတယ်။ သူတို့ဟာဖော်ရွေပြီး ကလေးတွေကိုချစ်ပြီး ပျော်ပျော်နေတတ်တဲ့ခွေးပဲဖြစ်ပါတယ်။ သူတို့ဟာ အရမ်းကိုစိတ်ရှည်သည်းခံတတ်တဲ့ခွေးလည်းဖြစ်ပါတယ်။

READ
သစ်သီးတွေကို ၀ယ်ယူတဲ့အခါမှာ သတိထားသင့်တဲ့ အချက်များ

၇) St. Bernard

reddit /dangle124

St. Bernard ခွေးတွေဟာ လူကြိုက်များတဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။ သူတို့ဟာ အရမ်းကိုချစ်စရာကောင်းပြီး ပျော်မြူးနေတတ်တဲ့ခွေးအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ သူတို့ဟာ တာဝန်ယူစိတ်အရမ်းရှိတာကြောင့် ကယ်ဆယ်ရေးခွေးတွေအဖြစ်အသုံးပြုလေ့ရှိပါတယ်။

၈) Great Pyrenees

reddit/terrafarma

Great Pyrenees ခွေးတွေဟာ ခံ့ညားထည်ဝါတဲ့ခွေးမျိုးနွယ်ပဲဖြစ်ပါတယ်။သူတို့ရဲ့ခြွင်းချက်မရှိတဲ့သစ္စာရှိမှုတွေဟာ သင့်ကိုအရမ်းကိုအံ့အားသင့်စေမှာအမှန်ပါပဲ။သူတို့ကို သိုးထိန်းခွေးတွေအဖြစ်အသုံးပြုလေ့ရှိပါတယ်။

၉) Labrador Retriever

reddit /FuriousToast

Lab ခွေးတွေဟာ ချစ်စရာကောင်းပြီး အရမ်းကိုအသိဥာဏ်ရှိတဲ့ခွေးတွေဖြစ်ပါတယ်။သူတို့ဟာ သင့်ကိုထားသွားမယ့်ခွေးမျိုးမဟုတ်ပါဘူး။သင်သွားရာကို အနောက်ကနေ တစ်ကောက်ကောက်လိုက်နေမယ့် သစ္စာရှိတဲ့ခွေးမျိုးပဲဖြစ်ပါတယ်။

၁၀) Doberman

reddit/hasp225

Doberman ခွေးတွေဟာ အလွန်ကြီးမားတဲ့ခွေးမျိုးနွယ်ထဲကဖြစ်ပါတယ်။ သူတို့ဟာ သစ္စာရှိယုံတင်မကဘူး အကြောက်တစ်ရားမရှိပဲ နိုးနိုးကြားကြားရှိတတ်တဲ့ခွေးမျိုးပဲဖြစ်ပါတယ်။

Thae Su

SHARE