ဝန်ကြီးချုပ်မင်းသား Mahesh Babu ရဲ့လူကြိုက်အများဆုံး ဇာတ်ကားတစ်ကား

Amazon

Bollywood ရုပ်ရှင်ပရိသတ်မှန်ရင်တော့ ဝန်ကြီးချုပ်မင်းသား Mahesh Babu ကိုတော့ ကောင်းကောင်းကြီး သိကြမှာပါ။ Mahesh Babu ကို ဘာကြောင့် ဝန်ကြီးချုပ်မင်းသားလို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ Mahesh ဟာ Bollywood ဇာတ်ကားတော်တော်များများမှာ ဝန်ကြးချုပ် ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်များတာကြောင့် ပရိသတ်တွေက Mahesh ကို ဝန်ကြီးချုပ်မင်းသားလို့ ချစ်စနိုးနဲ့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ ဇာတ်ကားမှာတော့ Mahesh ကို ဝန်ကြီးချုပ်ဇာတ်ရုပ်နေရာမှာ မဟုတ်ပဲ ကုမ္ပဏီကြီးတစ်ခုရဲ့ CEO နေရာကနေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကတော့ Maharshi လို့ အမည်ရတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

wikimedia commons

အဆိုပါ ဇာတ်ကားဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နာမည်ကြီး ဒါရိုက်တာ Vamshi Paidipally ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားမှာ Mahesh babu တင်သာမက Pooja Hegde နဲ့ Allari Naresh တို့လို နာမည်ကျော်အနုပညာရှင်တွေပါ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ရသမျိုးစုံပါဝင်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်နေတာပါပဲ။ အချစ်၊အက်ရှင်၊နိုင်ငံရေး အစရှိတဲ့ ရသတွေကိုပါ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ အခြေခံလူတန်းစားဘဝတွေကိုပါ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

READ
၂၀၁၈ အတွင်း တရှိန်ထိုးအောင်မြင်လာတဲ့ တောင်ကိုရီးယားဒီဂျေမလေး DJ Siena

ဇာတ်လမ်းအစမှာတော့ Mahesh ဟာ အောင်မြင်ကျော်ကြားတဲ့ Software ကုမ္ပဏီကြီးတစ်ခုရဲ့ နာမည်ကြီး CEO တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဘဝကို ရောက်ဖို့အတွက် Mahesh ဟာ သူင်ယချင်း၊ ချစ်သူ၊ မိဘဆွေမျိုးတွေနဲ့ အကုန်အဆက်အသွယ်ဖြတ်ပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ Gathering ပါတီတစ်ခုမှာ သူအရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်ရဲ့အကြောင်းကို မမျှော်လင့်ပဲ သိလိုက်ရတဲ့ အချိန်မှာ သူ့သူငယ်ချင်းရှိရာရွာသို့ လိုက်သွားခဲ့ပါတယ်။ အဲဒီရွာကို ရောက်တဲ့အချိန်မှာတော့ သူ့သူငယ်ချင်းနေထိုင်တဲ့ အဆိုပါရွာလေးကို သံယောဇဉ်ဖြစ်သွားပြီး အဆိုပါ ရွာကလေးရဲ့ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးခဲ့ပါတယ်။ အမှန်တရားဖက်က ရပ်တည်တဲ့ လူကောင်းတစ်ယောက်ရဲ့ ဘေးမှာ သူ့ကိုဒုက္ခပေးမယ့်သူတွေ အမြောက်အမြားရောက်လာပြီး ရွာလေးကိုဒုက္ခပေးမယ့် လူတွေပေါ်ပေါက်လာပါတယ်။ အဲဒီအခက်အခဲတွေကြားက ရွာလေးကို ဘယ်လိုကယ်တင်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့နိုင်မယ့် ရသစုံဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Maharshi ကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

READ
ပရိသတ်တွေ သဘောကျနေကြတဲ့ သက်မွန်မြင့်ရဲ့ ပုံရိပ်လေးတွေ

 

 

View this post on Instagram

 

A post shared by Mahesh Babu (@urstrulymahesh)

Pyi Hein Kyaw

SHARE