အာရှတစ်ခွင်သွားရောက်လည်ပတ်သင့်တဲ့နေရာများ

(၁) Bali (အင်ဒိုနီးရှား)

အင်ဒိုနီးရှားရဲ့ နိုင်ငံမှာတည်ရှိတဲ့ ဘာလီကျွန်းဟာ အာရှတိုက်မှာတော့ အကောင်းဆုံးပင်ဘယ်ကမ်းခြေတွေကို ပိုင်ဆိုင်
ထားတဲ့နေရာဖြစ်ပါတယ်။ အသစ်စက်စက် လင်မယားတွေရဲ့ ပျားရည်ဆမ်းခရီး ထွက်ရာနေရာဖြစ်ပြီး၊ ရေမြေသဘာဝကို
ချစ်မြတ်နိုးကြတဲ့ သူတွေအနေနဲ့လည်း သွားသင့်တဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် ရှေးဟောင်းသမိုင်းဝင် နေရာတွေက
လည်း ခရီးသွားတွေကို အံ့သြပျော်ရွှင်မှုတွေ ပေးမှာပါ။

(၂) Maldives

ကျွန်းနိုင်ငံလေးဖြစ်တဲ့ Maldives ဟာလည်း ခရီးသွားတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ သဘာဝလက်ဆောင်တွေး
ပေးစွမ်းနိုင်ပါတယ်။ ပင်လယ်ရေနေသတ္တ၀ါမျိုးစိပ်ပေါင်းများစွာကို လေ့လာနိုင်ပြီး မိသားစုနဲ့ အတူတူ သွားရောက်လည်
ပတ်သင့်တဲ့ နေရာဖြစ်ပါတယ်။ ကမ်းနီး ကျွန်းစုပေါင်း တစ်ထောင်ကျော် ရှိပြီး မတူကွဲပြားတဲ့ အတွေ့အကြုံတွေ ပေးပါ
လိမ့်မယ်။

READ
ကိုဗစ်အလွန်ခရီးသွားရာသီအတွက် ဗီဇာအသစ်တစ်မျိုးနဲ့ ကမ်းလှမ်းလိုက်တဲ့ ဘာမြူုဒါဒေသ

(၃) Phuket (ထိုင်း)

ထိုင်းနိုင်ငံ ကမ္ဘာကျော် Phuket ကမ်းခြေကတော့ 2000 ပြည့်နှစ်နောက်ပိုင်းမှာ လှပတဲ့ သဘာဝကမ်းခြေ၊ ဖြူလွှလွှ ငွေ
ရောင် သောင်ကမ်းစပ်၊ ပင်လယ်ထဲမှာ ထိုးထွက်နေတဲ့ ကျောက်တောင်ပူစာလေးတွေနဲ့အတူ လူတွေကြားမှာ အလွန်ရေ
ပန်းစားလာတဲ့ ကမ်းခြေဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းချီလာရောက်ရာ နေရာဖြစ်ပါတယ်။

(၄) Kyoto (ဂျပန်)

ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် Kyoto ကတော့ Kansai ပြည်နယ်မှာ တည်ရှိပြီး လွန်ခဲ့တဲ့နှစ်တစ်ထောင်ကတော့ ဂျပန်
နိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ မြို့တော်ဟာ ဟွန်ရှူးကျွန်းရဲ့အလယ်မှာတည်ရှိပြီး 18 ရာစုနှစ် ရှေးဟောင်းသမိုင်းဝင်
လက်ရာတွေ၊ UNESCO ကနေ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေလို့ အသိအမှတ်ပြုထားတဲ့ ထူးခြားတဲ့ နယ်မြေ 17 ခု
ကြောင့် အတိတ်ကို နေ့ချင်းညချင်း သွားနိုင်ပြန်နိုင်တဲ့ တန်ခိုးတွေ ရလိုက်သလို ဖြစ်စေပါလိ့မ့်မယ်။

READ
တောင်အဖရိကမှာရှိတဲ့ စိတ်လှုပ်ရှားဖွယ်ရာ Cage Diving

(၅) Seoul (တောင်ကိုရီးယား)

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် Seoul မြို့မှာတော့ ခေတ်မီဆန်းသစ်လှတဲ့ မိုးမျှော်အဆောက်ဦတွေ၊ အဆင့်မြင့်ဈေး
တွေ၊ ကမ္ဘာ့အဆင့်မီဟိုတယ်တွေရဲ့ စွမ်းဆောင်မှုတွေကြောင့် ပြန်ချင်စိတ်တောင် တစ်စက်ကလေး ဖြစ်စေမှာ မဟုတ်ပါ
ဘူး။ ဒါ့အပြင် ရှေးခေတ် မင်းအဆက်ဆက်ရဲ့ နန်းတော်ဟောင်းတွေ။ သမိုင်းဝင်နေရာတွေကလည်း လည်ပတ်သူရဲ့ စိတ်
ကို ဆန်းသစ်စေမှာပါ။

နတ်စည်တော် (Shwemom)

shwemom post photo

source : top10for.com

 

SHARE