ဝက်ခြံတွေကို အမြန်ဆုံးပျောက်ကင်းစေနိုင်တဲ့ မထင်မှတ်ထားတဲ့ ပစ္စည်း(၃)မျိုး

ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲ ဖြစ်ဖြစ် ဝက်ခြံပေါက်တာ အရမ်းကိုစိတ်ညစ်ဖို့ကောင်းသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့သွားစေပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို အမြန်ဆုံးပျောက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါ့မယ်။

(၁) ကြက်သွန်ဖြူ

ကြက်သွန်သုံးမွှာလောက်ကို ထောင်းပြီး ရေအနည်းငယ်ရောလိုက်ပါ။ ရလာတဲ့ အရည်ကို ဝက်ခြံဖြစ်ပေါ်နေတဲ့ အရေပြားပေါ်ကို တိုက်ရိုက်လိမ်းလိုက်ပါ။ ဆယ်မိနစ်လောက်ထားပြီး မျက်နှာသစ်လိုက်ပါ။ ကြက်သွန်ဖြူဟာ ဝက်ခြံတွေကို သက်သာစေတဲ့အပြင် နောက်ထပ်ဝက်ခြံတွေ ထပ်ပြီး ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။ ရေမရောပဲ အသုံးမပြုမိစေရန် သတိပြုပါ။

(၂) ရေခဲ

ရေခဲတုံးကို ယူပြီး ဝက်ခြံဖြစ်တဲ့နေရာတွေကို ညင်သာစွာ ပွတ်ပေးပါ။ ရေခဲဟာ ဝက်ခြံတွေကို အလျင်အမြန်ပျောက်ကင်း သက်သာစေတဲ့အပြင် ရောင်ရမ်းမှုတွေကိုပါ လျှော့ချပေးပါတယ်။ ဒါပေမယ့် မျက်နှာပေါ်မှာ အကြာကြီးမတင်ပါနဲ့။ သုံးမိနစ်လောက်ဆို ရပါပြီနော်။

READ
Sexyကျတဲ့ခါးလေးပိုင်ဆိုင်စေမယ့် ၆မိနစ်စာလေ့ကျင့်ခန်း

(၃) အုန်းရည်

အုန်းရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ညအိပ်ရာမဝင်ခင် ဝက်ခြံဖြစ်နေတဲ့ နေရာတွေကိုလိမ်းလိုက်ပါ။ တစ်ညလုံးထားပြီး နောက်နေ့မှ ဆေးလိုက်ပါ။ အုန်းရည်ဟာ အသားအရည်ကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် အာဟာရဓာတ်တွေကိုလည်း ပေးပါတယ်။ ဒါပေမယ့် သင်ဟာ အုန်းရည်နဲ့ ဓာတ်မတည့်ရင်တော့ ဒီနည်းလမ်းကို အသုံးမပြုပါနဲ့။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE