ကားလမ်းပိတ်တဲ့အခါ ကားပေါ်မှာတင် ပြုလုပ်နိုင်တဲ့ အကြောလျှော့ လေ့ကျင့်ခန်း(၄)မျိုး

Unsplash/Outline

လူတိုင်းနီးပါး ကားလမ်းပိတ်နေရင် စိတ်တိုပြီး ဒေါသထွက်ကြမှာ အမှန်ပါပဲ။တစ်နေကုန်အလုပ်ထဲမှာ ပင်ပန်းလာတဲ့သူတွေဆို ပိုဆိုးမှာပေါ့။အလုပ်ပင်ပန်းတာအပြင် ကားပိတ်နေတဲ့အခါ ကြွက်သားတွေက အရမ်းကြီးတင်းနေကြမှာပါပဲ။အဲဒီလိုဖြစ်နေရင် အကောင်းဆုံးက ကားပေါ်မှာနေရင်းနဲ့ ကြွက်သားတွေကို လျော့ပြီး လေ့ကျင့်ခန်းလုပ်တာအကောင်းဆုံးပါပဲ။ဒါ့ကြောင့် မလေးရှာနိုင်ငံမှာကားပိတ်ရင် မလေးရှားနိုင်ငံသားတွေ ကားပေါ်မှာ အကြောလျှော့လေ့ရှိတဲ့ လေ့ကျင့်ခန်းလေးတွေကို worldofbuzz.com မှတစ်ဆင့် ကိုးကားပြီး တင်ဆက်ပေးလိုက်ပါတယ်။

(1)လည်ပင်းအကြောလျှော့နည်း

WordPress
  • ညာဘက်ကို ဦးခေါင်းလှည့်ပြီး (၅)စက္ကန့်ခန့် ကြည့်ပါ။ အလားတူ ဘယ်ဘက်ကိုလည်း (၅)စက္ကန့်ခန့်လှည့်ပြီးကြည့်ပါ
  • ညာဘက်သို့ ဦးခေါင်းစောင်းပြီး (၅)စက္ကန့်ခန့်နေပါ။အလားတူ ဘယ်ဘက်ကိုလည်း ဦးခေါင်းစောင်းပြီး (၅)စက္ကန့်ခန့်နေပါ
  • ဦးခေါင်းကို အထက်သို့မော့ပြီး (၅)စက္ကန့်ခန့်နေပါ။အလားတူ ဦးခေါင်းကို အောက်သို့ စိုက်ပြီး (၅)စက္ကန့်ခန့်နေပါ။

(2)ပုခုံးအကြောလျှော့နည်း

My Health Alberta
  • လက်နှစ်ဖက်လုံး စတီယာတိုင်ကို သေချာကိုင်ပြီး ပုခုံးမှ အရှေ့မှ အနောက်သို့ရွေ့ပါ။
  • အလားတူ ပုခုံးကို အနောက်မှ အရှေ့သို့ရွေ့ပါ။
READ
မျက်လုံးကျန်းမာရေးကို ဆိုးဝါးစေတဲ့ အကျင့်ဆိုးများ

(3)လက်ဖျံအကြောလျှော့နည်း

Core77
  • စတီယာတိုင်ကို နာရီပုံစံသဘောထားပြီး ဘယ်ဘက်လက်မှ ၁၀နာရီနေရာသို့ကိုင်ပါ။ညာဘက်လက်မှ ၂နာရီနေရာသို့ကိုင်ပါ။
  • ထို့နောက်ပုခုံးကို ရှေ့သို့တွန်းပြီး ကျောနှင့်ခုံကိုကပ်၍ထားပါ။
  • (၁၀)စက္ကန့်ခန့်လောက် အကြာမှ တဖြည်းဖြည်းချင်း စိတ်ကိုလျှော့ချပါ။

(4)ဗိုက်ကြွက်သားလျော့နည်း

Weibo/Jing
  • ဗိုက်ရှိကြွက်သားများကို အတွင်းဘက်သို့ ဆွဲကျုံ့ပါ။
  • စက္ကန့်၃၀ခန့်ကျုံ့ပြီး စိတ်ကိုတဖြည်းဖြည်းချင်းလျှော့ချပါ။
  • ထို့နောက်စက္ကန့်၃၀ခန့်နားပြီး လိုအပ်သလောက်ပြန်လုပ်ပါ။

Pyi Hein Kyaw

SHARE