လူကောင်ကြီးဖို့မလိုဘူး၊ တိုက်ခိုက်တတ်ဖို့ပဲလိုတယ်ဆိုတဲ့ ဆူမိုနပမ်းသမားလေးရဲ့ပွဲ

Twitter

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် အားကစားနည်းတစ်ခုဖြစ်တဲ့ ဆူမိုနပမ်းပွဲအကြောင်း လူတော်တော်များများ သိကြပါလိမ့်မယ်။ ခွန်အားကို အခြေခံတဲ့ ကစားနည်းတစ်ခုဖြစ်လို့ အဲဒီ နပမ်းပွဲက ဆူမိုတွေဟာ ကြီးမားတဲ့ လူကောင်ကြီးတွေ ရှိကြသလို၊ သူတို့ရဲ့ ခွန်အားကလည်း ကြောက်ဖို့ကောင်းပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဆူမိုနပမ်းပြိုင်ပွဲတစ်ခုမှာတော့ လူကောင်ကြီးတိုင်းလည်း အသုံးမ၀င်ဘူးဆိုတဲ့အကြောင်းကို ဆူမိုနပမ်းသမားတစ်ယောက်က ပြသသွားခဲ့ပါတယ်။

Twitter

ဂျပန်နိုင်ငံ၊ တိုကျိုမှာကျင်းပတဲ့ (၄၄)ကြိမ်မြောက် Grand Sumo Tournament ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံဖြစ်တဲ့ နပမ်းသမားကြီး ဟာကူဟို ကို စိန်ခေါ်သူတစ်ယောက် ပါဝင်လာခဲ့ပါတယ်။ ဟာကူဟို ဟာ အရပ် (၆)ပေ (၃)လက်မခွဲရှိပြီး ကိုယ်အလေးချိန်က (၃၄၈)ပေါင်အထိ ရှိသူပါ။

သူ့ကိုစိန်ခေါ်တဲ့သူကတော့ အံ့အားသင့်စရာပါပဲ။ သူက လူကောင်သေးတဲ့ ဆူမိုနပမ်းသမားတစ်ယောက်ဖြစ်ပြီး အရပ်က (၅)ပေ(၆)လက်မ သာ ရှိသလို ကိုယ်အလေးချိန်ကလည်း (၂၁၈)ပေါင်သာ ရှိပါတယ်။

READ
ဝီလီယံနဲ့ကိတ်တို့အများရှေ့မှာ လက်ချင်းချိတ်သွားတာမျိုး သိပ်မတွေ့ရတဲ့အကြောင်းအရင်း

စင်မြင့်ပေါ်ရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားက သိသိသာသာ ကွာဟနေခဲ့ပြီး စိန်ခေါ်သူ အန်ဟို အာကီရာ က ချန်ပီယံနပမ်းသမားကြီးရဲ့ ရင်ဘတ်လောက်တောင် အရပ်မရှိရှာပါဘူး။

Twitter

သူတို့နှစ်ယောက်က ကလေးနဲ့ လူကြီး ယှဉ်ပြိုင်နေသလို ဖြစ်နေခဲ့ပြီး ပွဲစတယ်ဆိုတာနဲ့ ဟာကူဟို က အန်ဟို ရဲ့ခေါင်းကို လက်နဲ့ တွန်းထားခဲ့လို့ အန်ဟို တစ်ယောက် ဘယ်လိုမှ မတိုက်ခိုက်နိုင်ပဲ ဖြစ်နေခဲ့တာပါ။

ပွဲကြည့်သူတွေကလည်း ဒီပွဲမှာ ဟာကူဟို တစ်ယောာက် ဘယ်လိုပဲဖြစ်ဖြစ် နိုင်သွားလိမ့်မယ်လို့ ထင်နေကြပေမယ့် နောက်ထပ် မိနစ်အနည်းငယ် အကြာမှာတော့ သူတို့ရဲ့ ထင်မြင်ချက်တွေ မှားသွားကြောင်း သိခဲ့ရပါတယ်။

အန်ဟို က သူ့ခေါင်းကို တွန်းထားတဲ့ လက်ကို ဖယ်ထုတ်လိုက်ပြီး ဟာကူဟို ကို လဲကျသွားအောင် စွမ်းဆောင်လိုက်နိုင်တာမို့ပါ။ သူက ပြိုင်ဖက် နပမ်းသမားကြီးရဲ့ ခြေထောက်ကို အတင်းဆွဲလှဲခဲ့ပြီး ကြိုးဝိုင်းထဲမှာ လဲကျသွားအောင် စွမ်းဆောင်လိုက်နိုင်တာပါ။

ဒီ ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူ (၄)သန်း နီးပါးရှိခဲ့ပြီး လူကောင်ကြီးပေမယ့် တကယ်တမ်း ဥာဏ်မရှိရင်၊ ဒါမှမဟုတ် ပြိုင်ဖက်ကို အထင်သေးတယ်ဆိုရင် ရှုံးကြရတာပဲလို့ ကြည့်ရှုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

READ
အိမ်ခြေယာမဲ့အဖြစ် ရက်ပေါင်း ၆၀ နေထိုင်ခဲ့တဲ့ စွန့်စားခရီးသည်ရဲ့ကိုယ်တွေ့ဖြစ်ရပ်များ

Linn

SHARE