ကမ္ဘာ့စံချိန်တင် မိသားစုဝင် အရေအတွက်အများစုံး ပိုင်ဆိုင်ထားတဲ့ မိသားစု(၅)စု

YouTube/TheAmazining World

ပတ်ဝန်းကျင်မှာ ကလေးတွေ အများကြီးမွေးထားတဲ့ မိသားစုတွေကို တွေ့မိဖူးကြမှာပါ။ တချို့မိသားစုတွေမှာဆိုရင် ၆ ယောက် – ၇ ယောက်။ ဒါပေမယ့် အဲဒီထက်ပိုပြီး ကလေးတွေ အများကြီးမွေးထားတဲ့၊ သားသမီးတွေအများဆုံး ပိုင်ဆိုင်ထားတဲ့ မိသားစုအကြီးကြီးတွေလည်း ရှိပါသေးတယ်။ အံ့သြဖွယ်လောက်ဖွယ် မိသားစုဝင် အရေအတွက်တွေကို ပိုင်ဆိုင်ထားတဲ့ မိသားစုတွေအကြောင်း စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁ – The Ziona မိသားစု
YouTube/TheAmazining World

Ziona Chana လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ မိသားစုပါ။ သူက အိန္ဒိယမှာ မွေးဖွားခဲ့တယ်။ သူ့ရဲ့ ပထမဆုံးဇနီးဖြစ်လာမယ့်သူနဲ့ လက်ထပ်တာက သူ့အသက် ၁၇ နှစ်မှာ။ အခုအချိန်မှာဆိုရင်တော့ သူမှာ မိန်းမ ၃၉ ယောက်ရှိနေပြီး အဲဒီမိန်းမတွေက မွေးလာတဲ့ ကလေးပေါင်းကလည်း ၉၄ ယောက်ပါ။ အဲဒီအုပ်စုကြီးအတွက် တစ်နေ့ကို ဆန် ပေါင် ၂၀၀ လောက် ချက်ရပါတယ်။။ အဲဒီမိန်းမနဲ့ ကလေးတွေကို အခန်းပေါင်း ၁၀၀ လောက်ရှိတဲ့ တိုက်တစ်တိုက်ထဲမှာ ထားထားပြီး အတူတူနေကြတာပါ။ ကောင်းလှချည်လားလို့တောင် ရေရွတ်မိပါတယ်။

၂ – Bates မိသားစု
YouTube/TheAmazining World

Bates မိသားစုမှာတော့ ကလေးပေါင်း ၁၉ ယောက်တောင် မွေးထားတဲ့ အမေရိကန်မိသားစုတစ်ခုပါ။ မိဘတွေဖြစ်ကြတဲ့ ဂဲလ်နဲ့ ကယ်လီတို့ လက်ထပ်တုန်းကတော့ အသက် ၂၂ နဲ့ ၂၁ နှစ်မှာပါ။ သူတို့နှစ်ယောက်ဟာ ဒီလောက် ကလေးတွေ အများကြီး မွေးဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ကြပါဘူး။ ဒါပေမယ့် ပထမကလေးတစ်ယောက်ရလာချိန်မှာတော့ ကလေးထိန်းရတာကို ကြိုက်နှစ်သက်သွားပြီး အခုလို ၁၉ ယောက်တိတိတောင် မွေးချပစ်လိုက်တာပါ။ အဲဒီ ကလေးတွေကနေ ထပ်မွေးလာတဲ့ ကလေးတွေကလည်း ၁၀ ယောက်တောင်ရှိပါတယ်။ သိပ်မကြာခင်မှာလည်း နောက်ထပ် လေးယောက်တောင် ရောက်လာဦးမယ်တဲ့လေ။

၃ –  Hann မိသားစု
Facebook/Hann Family

စတော့တလန်နိုင်ငံ Dundee မြို့က Hannsမိသားစုကတော့ ကလေးပေါင်း ၁၃ ယောက်တောင် ရှိတာပါ။ ကလေး ၁၃ ယောက်ထဲမှာ အသက် အငယ်ဆုံးကတော့ နှစ်နှစ်သားဖြစ်ပြီး အကြီးဆုံးကတော့ ၂၅ နှစ်ရှိပါပြီ။ အဲဒီမိသားစုကြီးတစ်ခုလုံးအတွက် တစ်ပတ်တစ်ပတ်ကို ကျွေးရတဲ့ နွားနို့တွေ၊ ပေါင်မုန့်တွေ ကလည်း မနည်းပါဘူးတဲ့။

၎ – Radford မိသားစု
YouTube/15 Kids and Counting

Radfords မိသားစုဖြစ်လာဖို့ အစကတော့ နိုဝယ်လ်နဲ့ ဆူးတို့ဟာ မိသားစုလေးတစ်ခု ထူထောင်ဖို့အတွက် စိတ်ဆန္ဒပြင်းပြနေတာက စရမှာပါပဲ။ သူတို့လက်ထပ်တော့ ကလေးသာသာ အရွယ်တွေသာ ရှိပါသေးတယ်။ တစ်ယောက်က ၁၄ နှစ်ဖြစ်ပြီး တစ်ယောက်က ၁၈ နှစ်ပါ။ အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ကလေးပေါင်း ၂၁ ယောက်ကို မွေးထားခဲ့ပါပြီ။ သူတို့မိသားစုနေတာကတော့ အင်္ဂလိန်နိုင်ငံ၊  Morecambe မြို့လေးမှာပါ။တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့နေနေကြပြီး သူတို့ရဲ့ အဓိက စီးပွားရေးကတော့ ပိုင်မုန့်ရောင်းတာပါ။

၅ -Duggar မိသားစု
YouTube/19 Kids and Counting

ဂျင်မ်နဲ့ မစ်ချဲတို့ရဲ့အချစ်ဇာတ်လမ်းစတင်ခဲ့တဲ့ ခုနှစ်က ၁၉၈၀ ခုနှစ်ပါ။ ဘာသာရေးလုပ်ရင်းနဲ့ အတူတူရင်းနှီးခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက်က သံယောဇဉ်တွေ တွယ်ငြိလာခဲ့ပြီး မင်္ဂလာဆောင်ဖြစ်ခဲ့ကြပါတယ်။ သူတို့မင်္ဂလာဆောင်စဉ်က ဂျင်မ်က အသက် ၁၉ နှစ်သာ ရှိပြီး မစ်ချဲကတော့ အသက်၁၇ နှစ်ပဲရှိသေးတာပါ။ ပထမဆုံး ကလေးဖြစ်လာမယ့် Joshua ကို ၁၉၈၈ ခုနှစ်မှာ မွေးခဲ့ပါတယ်။ အခုအချိန်မှာတော့ စုစုပေါင်း ကလေး ၁၉ ယောက်ရှိနေပြီဖြစ်တဲ့ မိသားစုအကြီးကြီးတစ်ခုပါ။ အဲဒီ ၁၉ ယောက်ကနေ ထပ်မွေးလာတဲ့ ကလေးတွေကလည်း ၁၇ ယောက်တောင်ရှိနေပါပြီ။

READ
သင်မသိလောက်သေးတဲ့ ဆန်းဆန်းပြားပြား အကြောက်ရောဂါများ

Ye Yint Kyaw

SHARE