Harry Potter ရုပ်ရှင်တွေထဲ အပြင်အဆင်မျိုးနဲ့ မှော်ဆန်တဲ့ စာအုပ်ဆိုင်ကြီး

Instagram/pixomatic

Armenia နိုင်ငံ Yerevan မြို့ရဲ့ 45 Mashtots Avenue လမ်းပေါ်မှာ Hogwarts Tower Room လို  မှော်ဆန်တဲ့ စာအုပ်ဆိုင်ကြီးတစ်ခုရှိတယ်ဆိုတာကို အရင်က လူတော်တော်များများသတိမထားမိခဲ့ကြပါဘူး။ 

ထူးခြားတဲ့ဒီဆိုင်ကြီးဟာ မြို့လယ်ကောင်ရဲ့ အကြီးဆုံးလမ်းတစ်ခုမှာ တည်ရှိတာပါ။ ဆိုင်ရဲ့ပတ်ဝန်းကျင်မှာ အလှအပဆိုင်တွေ ၀န်းရံထားတာကြောင့်လည်း သူ့ကိုလူတွေသတိထားမိဖို့က အတော်လေးခက်ခဲခဲ့ပါတယ်။ လူတွေရဲ့အနီးနားမှာ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ ဒီလိုစာအုပ်ဆိုင်ရှိနေမယ်လို့လည်း ဘယ်သူမှမထင်ခဲ့ကြသလို၊ ဒေသခံတော်တော်များလည်း ခေါက်တုန့်ခေါက်ပြန်သွားလာနေကြပေမယ့် မသိခဲ့ကြပါဘူး။

Instagram/pixomatic

ဒါပေမယ့် ဒီဆိုင်ကို အမှတ်မထင်တွေ့ရှိသွားသူတစ်ဦးရှိခဲ့ပါတယ်။သူက ဆိုင်ရဲ့အတွင်းပိုင်းကို ၀င်ကြည့်လိုက်တာနဲ့ ဟောင်းနွမ်းနေတဲ့တံခါးတွေရဲ့နောက်မှာ ထူးဆန်းတဲ့ရတနာတွေကို သင်မြင်ရပါလိမ့်မယ်။ အထဲကို ၀င်လိုက်တာနဲ့ အခြားစာအုပ်ဆိုင်တွေနဲ့လုံးဝမတူဘဲ သင့်ကို နှစ်မိနစ်လောက် ဆွံ့အသွားစေမှာပါလို့ ဆိုပြီး ဓာတ်ပုံတွေဝေမျှခဲ့ပေးခဲ့တာဖြစ်ပါတယ်။

Instagram/pixomatic
Instagram/pixomatic

ဒီနေရာဟာ အကောင်းမွန်ဆုံးထိန်းသိမ်းထားတဲ့နေရာတစ်ခုပါ။ Hogwarts Professor တစ်ယောက်ရဲ့အိမ်ကိုရောက်သွားသလိုမျိုး သင်ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် မှော်ဆန်စာအုပ်ဆိုင်ကြီးဖြစ်ပါတယ်။ ဒီဆိုင်က ဘာလို့ထူးဆန်ပြီး မှော်ဆန်တဲ့စတိုင်းဆိုင်ကြီး ဖြစ်နေတယ်ဆိုတဲ့ သမိုင်းကြောင်းက သပ်သပ်ရှိနေပါသေးတယ်။

Instagram/pixomatic
Instagram/pixomatic

အရင်က ဆေးပေါလိပ်ဆိုင်ကြီးဖြစ်ခဲ့ပြီး၊ လူတွေက စီးကရက်တွေ ဆေးပေါလိပ်တွေလိုချင်ရင် ဒီဆိုင်ကို လာကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ တစ်ချိန်ကဆေးပေါလိပ်အိတ်ကြီးတွေ စုပုံထားတဲ့ ကြီးမားတဲ့သစ်သားစင်တွေမှာ အခုစာအုပ်တွေကို တွေ့မြင်ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဆိုင်ကြီးဟာ တစ်ချိန်ကဆေးလိပ်ငွေ့တွေအစား စာအုပ်ဟောင်းအနံ့တွေဖုံးလွှမ်းနေပြီလို့ ဆိုထားပါတယ်။

Khaing Sandar

SHARE