ဆက်ခံသူကို အမျိုးသမီးသာဖြစ်စေလိုတဲ့ ဆန္ဒရှိကြောင်း ပြောလာတဲ့ Uniqlo သူဌေး

Shutterstock/ AzriSuratmin

ကမ္ဘာကျော် လက်လီအထည်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Uniqlo မှ အသက်(၇၀) နှစ်အရွယ် သူဌေးကြီး တာဒါရှိယာနာအီက သူဟာ သူ့ကုမ္ပဏီကို ဆက်ခံမယ့်သူက အမျိုးသမီးတစ်ယောက်သာ ဖြစ်စေချင်ကြောင်း ဆိုခဲ့တယ်လို့ news.com.au သတင်းစာမျက်နှာအရ သိရပါတယ်။ “ဒီအလုပ်က အမျိုးသမီးတွေနဲ့ ပိုသင့်တော်တယ်။ အမျိုးသမီးတွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်းရှိတယ်၊ အသေးစိတ်လုပ်ကိုင်နိုင်တယ်၊ ပြီးတော့ အလှအပနဲ့ပတ်သက်လို့ အမြင်လည်းရှိတယ်…” လို့ တာဒါရှိက မကြာသေးခင်ကမှ ပြောခဲ့တာပါ။

Shutterstock/Savvapanf Photo

ဂျပန်တွေဟာ မကြာခဏဆိုသလို လုပ်ငန်းပိုင်းရာထူးကြီးကြီး နေရာရောက်တဲ့အခါ အမျိုးသမီးတွေကို သိပ်နေရာမပေးဘူးဆိုပြီး လူပြောများပါတယ်။ ဂျပန်ကုမ္ပဏီတွေ အများစုကို ကြည့်လိုက်ရင် ရာထူးကြီးပိုင်းမှာ တာဝန်ယူဆောင်ရွက်ရတဲ့ အမျိုးသမီးဦးရေဟာ (၄.၁) ရာခိုင်နှုန်းပဲ ရှိတာကြောင့် ဂျပန်တွေဟာ ကျားမခွဲပြီး နေရာပေးတယ်လို့လည်း အများစုက ဆိုပါတယ်။ ဒါပေမယ့် တာဒါရှိကတော့ Uniqlo ဟာ ဂျပန်ကုမ္ပဏီဖြစ်ပေမယ့်လည်း သူ့ကုမ္ပဏီထဲက အမျိုးသမီးတွေကို အုပ်ချုပ်ရေးပိုင်းတွေမှာ အမျိုးသားတွေနဲ့ တန်းတူဖြစ်အောင် အခွင့်အရေးတွေ ပေးနေပါတယ်လို့ ဆိုပါတယ်။

READ
ချစ်သူအပေါ် စိတ်နာသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပြောင်းလဲသွားမယ့် အမူအကျင့်များ
Shutterstock/dekitateyo

ယခုနှစ်အစောပိုင်းတုန်းကတော့ Uniqlo ကုမ္ပဏီနဲ့ ပတ်သက်လို့ ကုမ္ပဏီမှာ အလုပ်လုပ်ဖူးတဲ့ သြစတေးလျနိုင်ငံသား အလုပ်သမားဟောင်းတွေက Uniqlo ရဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကို မနှစ်မြို့ကြဘူးဆိုတဲ့ သတင်းတွေ ထွက်လာပါသေးတယ်။ လုပ်ငန်းခွင်ထဲမှာ တစ်ယောက်အပေါ် တစ်ယောက် အနိုင့်ကျင့်ဗိုလ်ကျတာက ယဉ်ကျေးမှုလို ဖြစ်နေတဲ့အပြင် နေ့တိုင်း စိတ်ညစ်ရလွန်းလို့ ငိုနေရသူတွေတောင် ရှိတယ်လို့လည်း  ဆိုပါတယ်။ အချို့ကလည်း ဂျပန်တွေရဲ့ အဆိုးဆုံးအပြုအမူနဲ့ ဓလေ့စရိုက်တွေကို ဒီကုမ္ပဏီတစ်ခုထဲမှာ တစ်စုတစ်စည်းတည်း လာတွေ့ရတယ်လို့လည်း ဝေဖန်ကြပါတယ်။

Uniqlo.Com

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Uniqlo ကတော့ လုပ်ငန်းခွင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအချင်းချင်း အနိုင်ကျင့်တဲ့ပြဿနာကို အထက်ဆီတင်ပြစေလိုကြောင်း၊ ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေရဲ့အကျိုးကို နစ်နာစေတဲ့ ဆိုးဝါးတဲ့ လုပ်ငန်းခွင်အပြုအမူမှန်သမျှကိုလည်း လက်ခံမှာမဟုတ်တဲ့အကြောင်း စတဲ့ အချက်တွေနဲ့ ကြော်ငြာစာထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

READ
သမ္မတကိုစော်ကားတဲ့အမှုနဲ့ တရုတ်နိုင်ငံမှာ အပိတ်ခံခဲ့ရတဲ့ လူကြိုက်များသရဲဂိမ်း

လင်းလင်း (ShweMom)

SHARE