တမူထူးခြားတဲ့ selfie ဗားရှင်းသစ်နဲ့ ထွက်ရှိလာမယ့် Nokia 8

မကြာခင်ထွက်ရှိတော့မယ့် Nokia ရဲ့ ဖုန်းသစ် Nokia 8 ကတော့ Snap ကြိုက်သူတွေ အတွက်တော့ သေချာပေါက် အကြိုက်တွေ့ ကြမှာပါ။ကိုယ့်ကိုယ် ကိုရော၊ကိုယ်ဘာကိုကြည့်နေ လဲဆိုတာကိုပါ တစ်ချိန် တည်းမှာ Snap ရိုက်နိုင် တဲ့ selfie ဗားရှင်းပါ။ ပုံမှန်ဆို ရင် selfie က ရိုက်ရင် ကိုယ့်မျက်နှာကိုပဲ ရိုက် လို့ရပြီး ကိုယ့်ရှေ့မှာ ဘာ ရှိနေ တယ်၊ကိုယ်ဘာကို ကြည့်နေတယ်ဆိုတာကို ရို က်လို့ မရပါဘူး။Nokia ရဲ့ ဖုန်း သစ်မှာပါမယ့် ဗားရှင်းမှာတော့ ကိုယ့်မျက်နှာ ကိုရော ကိုယ်ဘာကို ကြည့်နေ တယ်ဆိုတာကိုပါ ရိုက်လို့ရပါတယ်။front ကင်မရာရော၊Rear ကင်မရာကိုပါ တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း သုံး လို့ရပါတယ်။ဒါကြောင့် snaps ရိုက် တာ၊ Facebook နဲ့  YouTube ဗီဒီယို live stream ing အတွက် ရော တ ကယ့်ကို အသုံးတည့်မယ့် ဖုန်းတစ် လုံးဖြစ်လာမှာပါ။

Mu sic fans  တွေအနေ နဲ့လည်း ဖော်ျဖြေပွဲမှာ live streaming လွှင့်ရင် အားပေးနေသူရော ရှေ့မှာ ဖော်ျဖြေနေတဲ့ အဆိုတော်ရဲ့ ပုံကိုပါ တစ်ပြိုင် နက် တည်း ခံစားနိုင်မှာပါ။ Nokia မှတာဝန်ရှ်သူတစ်ဦးကလည်း “selfie နည်း လာ ပြီး နှစ် မျိုးလုံးရိုက်ကူးလို့ရတာတွေ ပိုများလာမှာပါ။ Nokia 8 ရဲ့ Dual-Sight fea ture က အ သုံးပြုသူတွေအနေနဲ့ တခြားသူတွေကို ပုံရိပ်တွေ အပြည့်အ ၀ရှယ်နိုင်အောင် ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။Nokia 8 ဟာ iPhone နဲ့ Galaxy S8 တို့ကို ယှဉ်ပြိုင်နိုင်ဖို့ ဒီဇိုင်းဖန်တီးထားတဲ့ ပထမဆုံးဖုန်းပါ။ Dual မို့လို့ ကင်မရာ အရည်အသွေးကရော ကောင်းပါ့မလာလို့ တွေးပူစရာ မလိုပါဘူး။Nokia 8  ကင်မရာနှစ်ခုလုံးဟာ 13 MP ပါ။

READ
Hacker တွေအကြောင်း စိတ်ဝင်စားသူတိုင်းကြည့်သင့်တဲ့ ရုပ်ရှင်(၅)ခု

Nokia 8 ရဲ့ Specifications တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။Display: အရွယ်အစားကတော့ (၅.၃)လက်မပါ။ Resolution  ကတော့ 2560 x 1440၊CPU ကတော့ Qualcomm Snapdragon 835 Mobile Platfo rm၊RAM ကတော့ 4 GB ပါ။Operating system အနေနဲ့ကတော့  Andr oid 7.1.1 Nougat ကိုသုံးထားပါတယ်။ကင်မရာတွေကတော့ 13 MP ပါ။

Memory အနေနဲ့ကတော့ 64 GB ဖြစ်ပြီး  MicroSD card ကို သုံးပြီး 256 GB အထိလည်း တိုးမြှင့်အသုံးပြုလို့ရပါတယ်။ရေနည်းနည်းစိုတာလောက် ပြဿနာမရှိပေမယ့် iPhone နဲ့ Samsung တို့လိုတော့ ရေစိုခံနိုင်တဲ့ အစွမ်း မရှိပါဘူး။ဘက်ထရီသက်တမ်းကတော့3090mAh  ဖြစ်ပြီး၊ဘက်ထရီ (၈၀) ရာခိုင်နှုန်းအားပြန်ပြည့်ဖို့ ကြာချိန်ကတော့ နာရီဝက်လောက်ပဲ လိုတာကြောင့် အားသွင်းမြန်ပါတယ်။Fingerprint  ပါပါတယ်။အသံ Sound အတွက် ကေ တာ့ surround-sound audio နည်းပညာကို သုံးထားပါတယ်။

READ
Samsung Galaxy S7နဲ့ iPhone 6Sကို ရေနွေးဖြင့်ပြုတ်ပြီးစမ်းသပ်ကြည့်ခြင်း

Nokia 8 ကိုတော့ လန်ဒန်မှာ သြဂုတ်(၁၆)ရက်နေ့က မိတ်ဆက်ပေးခဲ့ပြီး စက် တင်ဘာလထဲမှာ ဈေးကွက်ထဲကို ရောက်လာမှာပါ။ဈေးနှုန်းအနေနဲ့ကတော့ £549 ပါ။အရောင်(၄)ရောင်နဲ့ထွက်ရှိမှာပါ။တရားဝင်တော့ မကြေညာရသေးေ ပမယ့် နောက်ထပ် Nokia 9 လည်းထွက်ရှိလာဖို့ ရှိသေးတယ်လို့ thesun မှာဖော်ပြထားပါတယ်။

Nilar(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE