အဖေရဲ့အသက်ကို ကယ်ဖို့ တစ်ရက်ကို အစားအစာငါးကြိမ် စားနေရတဲ့ ကလေး

Pear Videos_Weibo

တရုတ်နိုင်ငံက ကလေးငယ်တစ်ဦးဟာ ဖခင်ရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက် တစ်နေ့ကို အစားအစာ ငါးကြိမ် စားနေရတယ်လို့ သိရပါတယ်။ သူဟာ ဖခင်ဖြစ်သူကို Bone Marrow လှူဖို့ ပြင်ဆင်နေသူဖြစ်ပြီး၊ ဒီလို လှူနိုင်ဖို့အတွက် သူရဲ့ ခန္ဓာကိုယ်အလေးချိန်က (၅၀)ကီလိုဂရမ် အနည်းဆုံးရှိရမှာဖြစ်ပါတယ်။ ပေါင်အားဖြင့်ဆိုရင်တော့ (၁၁၀)ပေါင်လောက် ဖြစ်မှာပေါ့။

သူ့နာမည်ကိုတော့ Lu လို့ သိရပြီး၊ အသက်(၁၁)နှစ်သာ ရှိပါသေးတယ်။ သူဟာ ဟီနန်စီရင်စုကဖြစ်ပြီး၊ သူ့ဖခင်ကတော့ လူကေးမီးယားရောဂါတစ်မျိုး ခံစားနေရတာပါ။ ဒီရောဂါအတွက် လိုအပ်တဲ့ Bone Marrow ကို သူက လှူမှာဖြစ်ပါတယ်။ Bone Marrow  ဆိုတာ မပျော့မမာအသားတစ်ရှူးတစ်မျိုးပါ။

Pear Videos_Weibo
Pear Videos_Weibo

ဒီလို လှူုဒါန်းနိုင်ဖို့ Lu မှာ ကိုယ်အလေးချိန် ပေါင် (၁၀၀)ကျော်လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လက Lu ဟာ ကြိုးစားပမ်းစား စားသောက်ခဲ့လို့ ကိုယ်အလေးချိန် (၃၀)ကီလိုဂရမ်ကနေ၊ အခုဆိုရင် (၄၈)ကီလိုဂရမ်တောင် ရှိနေပြီမို့၊ ဖခင်အတွက် သူရဲ့ ရည်မှန်းချက်က မကြာမီ ပြည့်မီတော့မှာဖြစ်ပါတယ်။

ဖခင်ခံစားနေရတဲ့ ရောဂါနဲ့ပတ်သက်ပြီး “ တစ်ခါတလေ တစ်ချို့ညတွေမှာ ကျွန်တော် အိပ်မပျော်ဘူး … ဒါပေမယ့် ကျွန်တော့်မှာ ဒါပဲ လုပ်ပေးနိုင်တာရှိတယ် … ဒီနည်းလမ်းကပဲ အဖေ့ကို အသက်ရှည်အောင် ကူညီပေးနိုင်မှာ ”လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Bone Marrow အစားထိုးခွဲစိတ် ကုသခြင်းက ငွေကုန်ကြေးကျ များနိုင်တဲ့ လုပ်ငန်းမို့၊ ဖခင်ရဲ့ရောဂါကြောင့် အကြွေးနစ်နေတဲ့ Lu ရဲ့ မိသားစုအတွက်တော့ တစ်ခြားအထောက်အပံ့တွေ လိုနေဦးမှာပါ။

Pear Videos_Weibo

သူတို့တစ်တွေဟာ ကုန်ကျမယ့်စာရိတ်ကို အများပြည်သူထံ အကူအညီတောင်းထားပြီး၊ လောလောဆယ်တော့ လိုအပ်တဲ့ ယွမ်(၈)သိန်းအနက်၊ ယွမ် (၁၄၉၄၀၀)အထိ ရရှိထားပါပြီ။ သူတို့ လိုအပ်တဲ့ငွေကြေး ပြည့်မီတဲ့အချိန်နဲ့ Lu ရဲ့ ကိုယ်အလေးချိန် အံဝင်ခွင်ကျဖြစ်တဲ့အချိန် ကွက်တိလောက်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

လင်းသုတ (Shwemom)

SHARE