လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ခဲ့တာကို မယုံနိုင်ဖြစ်နေသေးတဲ့ မောင်နှမနှစ်ယောက်

ဘောလုံးဝါသနာအိုး ကောင်လေးတစ်ယောက်နဲ့ သူရဲ့ ညီမဖြစ်သူတို့ဟာ လေယာဉ်ပျက်ကျမှုမှာ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့လို့ မယုံကြည်နိုင်အောင် ဖြစ်နေရတယ်လို့ ဆိုပါတယ်။ အစ်ကိုဖြစ်သူကတော့ Jack Moore (၁၉)နှစ်ဖြစ်ပြီး၊ ညီမကတော့ Billie Manley (၁၆)နှစ် ဖြစ်ပါတယ်။

Facebook
Athena Pictures

သူတို့နှစ်ဦးဟာ လေယာဉ်မှူးဖြစ်သူ ဦးလေး Stuart Moore ရဲ့ မောင်းနှင်မှုနဲ့ ပုဂ္ဂလိကလေယာဉ်ငယ်လေးကိုစီးပြီး ဝေးလ်ကနေ မန်ယူ-ကာဒစ်ဖ်ပွဲကိုကြည့်ဖို့ သွားရောက်ခဲ့ကြတာပါ။ လမ်းခုလတ်မှာပဲ လေယာဉ်ဟာ မဟာဓာတ်အားလိုင်းကြိုးကို ဝင်တိုက်မိပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပါတယ်။

Athena Pictures
Facebook

ဒါကြောင့် စက္ကန့်အနည်းငယ်အတွင်းမှာပဲ Monmouthshire က A40 အမြန်လမ်းမပေါ်ကို ပျက်ကျခဲ့ပါတယ်။ လေယာဉ်ဟာ မီးတောက်ကြီးရဲ့ဝါးမျိုမှုကို ချက်ချင်းခံလိုက်ရပြီး၊ လမ်းသွားလမ်းလာ သူရဲကောင်းနှစ်ဦးက Jack နဲ့ Billie တို့ မောင်နှမကို လေယာဉ်ထဲကနေ အမြန်ဆွဲထုတ်နိုင်ခဲ့ပါတယ်။

သူတို့ကို ကယ်ဆယ်ခဲ့သူတွေကတော့ Joel Snarr (၃၅)နှစ်နဲ့ Daniel Nicholson (၄၆)နှစ်တို့ ဖြစ်ပါတယ်။ ဦးလေးဖြစ်သူ လေယာဉ်မှူး Stuart ကိုပါ ကယ်ဆယ်နိုင်ခဲ့တဲ့အဖြစ်ပါ။ အသီးသီးဒဏ်ရာတွေ ရရှိခဲ့လို့ အရေးပေါ်ဆေးရုံ ပို့ပေးခဲ့ရာ၊ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။

Facebook

လေယာဉ်မောင်းနှင်ရာမှာ ပေါ့ဆခဲ့တဲ့ လေယာဉ်မှူး Stuart ကို ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အခုလိုအဖြစ်ဆိုးမှာ အားလုံး အသက်ရှင်တာကိုပဲ ဝမ်းသာရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းကတော့ အဲဒီနေ့က ကာဒစ်ဖ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ Jack တို့ဟာ ဝေးလ်မှာ နေထိုင်သူတွေဖြစ်တာကြောင့် ဝေးလ်အခြေစိုက် ကာဒစ်ဖ်အသင်းရဲ့ ပရိသတ်တွေ ဖြစ်ပုံရပါတယ်။

လင်းသူရိန် (Shwemom)

READ
ဂျပန်နိုင်ငံအပေါ်ကနေ ဒုံးကျည်တစ်စင်း ရန်စပစ်ခွင်းခဲ့တဲ့ မြောက်ကိုရီးယား

Source : thesun.co.uk

SHARE