ဘုရားကျေင်းထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ သရဲစီးနေတယ်ဆိုတဲ့အမျိုးသား

ကားတိုက်တယ်ဆိုတာ များသောအားဖြင့် ကားမဆင်မခြင်မောင်းတာတို့၊ မူးပြီးကားမောင်းဘို့ ကားတိုက်တာတို့ အစရှိသဖြင့် ကားမတော်တဆမှုတွေပဲရှိတာ ကြားဖူးကြမှာပါ။ ဒါပေမယ့် အမျိုးသားတစ်ယောက်ကတော့ သူ့ခန္ဓာကိုယ်ထဲကို သရဲဝင်စီးလို့ ကားတိုက်သွားကြောင်း သိရှိရပါတယ်။

Twitter/San Juan Evangelista church

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၈.၁.၂၀၂၀) ည(၁)နာရီလောက်က စပိန်နိုင်ငံမှာ လူတစ်ယောက်ဟာ ခရစ်ယာန်ဘုရားကျောင်းကိုဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလူဟာ ပထမတစ်ကြိမ် ဘုရားကျောင်းရဲ့ တံခါးကိုတိုက်ပြီးတဲ့အချိန်မှာ ရပ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားကျောင်းအနီးမှာ ရှိတဲ့ မိန်းမတစ်ယောက်ဟာ ကားနားကပ်ပြီး အဆိုပါအမျိုးသားကို အဆင်ပြေမပြေမေးခဲ့ပါတယ်။

အဲဒီအချိန်မှာ အဆိုပါအမျိုးသားဟာ ကားမှန်တံခါးကိုဖွင့်ပြီး အကျယ်ကြီး အော်ဟစ်ခဲ့ပါတယ်။ ထို့နောက်အဆိုပါအမျိုးသမီးလဲ အရေးပေါ်ဌာနကို ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အဆိုပါအမျိုးသားဟာ နောက်ထပ်တစ်ခေါက် ကားနဲ့ တံခါးကိုတိုက်ပြီး ဘုရားကျောင်းထဲကို မောင်းဝင်ခဲ့ကြောင်းသိရှိရပါတယ်။

Twitter/San Juan Evangelista church

“အခြေအနေကတော့တစ်မျိုးပဲဗျ။သူကတော့ ကျွန်တော်တို့ကို သရဲဝင်စီးသွားလို့ ဒီအခြေအနေမျိုးဖြစ်သွာကြောင်းပြောပါတယ်။ အခုတော့ဆေးရုံမှာပဲရှိပါသေးတယ်။ သူအရက်သောက်ထားလား မူးယစ်ဆေးသုံးစွဲထားတာလား အစရှိတဲ့ စစ်ဆေးမှုတွေပြုလုပ် ရအုံးမှာပါ”လို့ စပိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

READ
အိန္ဒိယသူတွေသုံးတဲ့ ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်း (၅)မျိုး

Pyi Hein Kyaw

SHARE