တပည့်မလေးကို အဓမ္မပြူကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ ကမ္ဘာ့ထိပ်သီး ကာယဗလမောင်

SHAWN RHODEN/Instagram

လက်ရှိ Mr. Olympia အဖြစ် ရပ်တည်နေတဲ့ အသက်(၄၄)နှစ်အရွယ် Shawn ‘Flexatron’ Rhoden ဟာ ကမ္ဘာ့အဆင့် နာမည်ကျော် ကာယဗလချန်ပီယံတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ လေ့ကျင့်သင်ကြားပေးနေတဲ့ အမျိုးသမီးငယ်တစ်ဦးကို သူရဲ့ ဟိုတယ်မှာ အဓမ္မကျင့်ခဲ့တယ်ဆိုပြီး ကြာသပတေးနေ့က စွဲချက်တင်ခံလိုက်ရပြီလို့ သိရပါတယ်။

Shawn ဟာ ပြီးခဲ့တဲ့ (၂၀၁၈) အောက်တိုဘာလတုန်းက အဆိုပါအမျိုးသမီးကို အဓမ္မကျင့်ခဲ့တာလို့ သူမရဲ့ ပြောဆိုချက်အရ သိရပါတယ်။ သူမဟာ Shawn ဆီကနေ နည်းစနစ်ခံယူကာ ကာယဗလမယ်ဖြစ်ဖို့ လေ့ကျင့်ခဲ့သူလို့ သိရပါတယ်။ Shawn ကို သူ့ရဲ့ပရိသတ်တွေက Flexatron လို့ အမည်ပြောင် ခေါ်ကြပါတယ်။

 

Shawn ဟာ လက်ရှိမှာ အမေရိကန် ကယ်လီဖိုးနီးယားမှာ နေထိုင်သူဖြစ်ပြီး၊ သူ့ကို ရဲက ဖမ်းဆီးခြင်းမပြုသေးပေမယ့် Utah အခြေစိုက်ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဖို့ ဝရမ်းထုတ်ထားပြီးပြီလို့ သိရပါတယ်။ အမျိုးသမီးအမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Shawn ဟာ အင်စတာဂရမ်စတား Michelle Sugar နဲ့ ချစ်သူတွေဖြစ်နေတာ အတော်လေး ကြာမြင့်နေပါပြီ။

READ
"Delivery Man” အဖြစ်နဲ့ ဘ၀ကို ရုန်းကန်နေရတဲ့ (၇)နှစ်အရွယ် ကလေးငယ်
Shawn-Rhoden-Instagram

လက်ရှိစွပ်စွဲခံနေရမှုတွေနဲ့ပတ်သက်ပြီး Shawn ဘက်က ဘာဖြေရှင်းချက်မှ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Shawn ဟာ Mr. Olympia ကို အသက်ကြီးဆုံး ရရှိသူအဖြစ် မှတ်တမ်းရေးထိုးထားနိုင်သူဖြစ်ပါတယ်။ သူဟာ အလွန်ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် အမေရိကန်တစ်လွှားမှာ နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

လင်းသူရိန် (Shwemom)

SHARE