တူရကီ နိုက်ကလပ်မှာ နာမည်ကြီးယူကရိန်းမော်ဒယ် ရဲတွေ ရိုက်တာကို ပြင်းထန်စွာခံခဲ့ရ

Instagram/Daria Kyryliuk

ယူကရိန်းနိုင်ငံမှာ နာမည်တစ်လုံးနဲ့ လူကြိုက်များရေပန်းစားနေတဲ့ မော်ဒယ်မလေး Daria Kyryliuk ကတော့ တူရကီမှာ ရဲက ပြင်းထန်စွာ ရိုက်နှက်ခံရလို့ အတော်လေးကို ထိတ်လန့်ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။ အသက်(၂၄)နှစ်အရွယ် Daria ရဲ့ မျက်နှာတစ်ခုလုံး သွေးတွေပေကျန်နေတဲ့ အနေအထားနဲ့၊ ငိုယိုနေတဲ့ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဒီအဖြစ်အပျက်ဟာ တူရကီကမ်းခြေမြို့တော် Çeşme မှာတည်ရှိတဲ့ Beach of Momo ကမ်းခြေမှာ ပြီးခဲ့တဲ့အပတ် သောကြာနေ့က ဇူလိုင်လ(၃၁)ရက်က  ဖြစ်ခဲ့တာပါ။ အခင်းဖြစ်စဉ် CCTV ကို ပြန်လည်သုံးသပ်ရာမှာတော့ Daria ဟာ နိုက်ကလပ်အပြင် အဆောက်ဦပြင်ပမှာရှိနေချိန် အရိုက်ခံခဲ့ရတာဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Daria Kyryliuk (@dariakyryliuk) on

Daria ဟာ အမေရိကန်မှာ နေထိုင်ပြီး၊ ယူကေအခြေစိုက် British GQ မဂ္ဂဇင်းမှာတောင် ဓာတ်ပုံတွေ ဖော်ပြခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူမအနေနဲ့တော့ ရက်ရက်စက်စက် ပြုမူခံလိုက်ရတဲ့ အမှန်တရားတွေအတွက် ရေငုံနှုတ်ပိတ် မနေနိုင်ဘူးလို့ ဆိုပါတယ်။

ကောင်မလေး (၄)ယောက်ကို မျက်နှာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်နှက်ခဲ့တာဖြစ်ကြောင်း၊ ကောင်လေးတွေလည်း တော်တော်လေး ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့ထံမှာ အမှုဖွင့်တိုင်ကြားထားပြီးပြီလို့ ဆိုပါတယ်။

 

 

View this post on Instagram

 

Thank you for always standing by my side no matter what, for your endless support and protection. Love you, forever!

A post shared by Daria Kyryliuk (@dariakyryliuk) on

အခင်းဖြစ်ရာ နိုက်ကလပ်ကိုတော့ သက်ဆိုင်ရာ အစိုးရက ပိတ်ထားပြီး ပတ်သက်သူတွေကို အရေးယူမယ်လို့လည်း သိရပါတယ်။ အနောက်သတင်းစာတွေကတော့ ဒီလုပ်ရပ်ဟာ ဥပဒေအတွင်းက ဥပဒေပြင်ပလုပ်ရပ်ဖြစ်လို့ တူရကီကို ဘယ်သူမှ သွားရဲတော့မှာမဟုတ်ဘူးဆိုပြီး နှပ်ကြောင်းပေး ဖော်ပြနေကြပါတယ်။

 

 

View this post on Instagram

 

Turkey is such a welcoming country!🇹🇷 How was your experience here? ✨Swimsuit by @nurkaraata Hotel ✨@biblosresortalacati

A post shared by Daria Kyryliuk (@dariakyryliuk) on

တူရကီခရီးသွားလာရေးဝန်ကြီး Mehmet Nuri Ersoy က ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ကို ပြင်းထန်စွာ ဝေဖန်လိုက်ပြီး Lockdown စည်းမျဉ်းချိုးဖောက်သူတွေကို ကိုင်တွယ်ဖို့ ဒီအခွင့်အာဏာမျိုး ပေးအပ်ထားခြင်းမရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ နောက်ပြီး အမျိုးသမီးတွေအပေါ် ဒီလို ပြုမူတာကို လက်ခံနိုင်ဘူးလို့ ပြောပါတယ်။

Beach of Momo အစိုးရအဖွဲ့တော့ Daria ရဲ့တိုင်ကြားချက်ကို ပယ်ချခဲ့ကြောင်း သူတို့အနေနဲ့ တစ်ဖက်က ရန်လိုတဲ့ အပြုအမူတွေ၊ အမိန့်နာခံဖို့ ငြင်းဆန်တဲ့လုပ်ရပ်တွေကြောင့်၊ အခုလို မလုပ်ချင်ဘဲ လုပ်ခဲ့ရတာဖြစ်ကြောင်းဆိုပါတယ်။

Daria ကတော့ သူတို့အဖွဲ့ဟာ ဘာမှမပြောမဆိုနဲ့ ရုတ်တရက် တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ ကောင်လေးတွေထဲမှာ သူမရဲ့ချစ်သူလည်း ပါဝင်ကြောင်း ဆိုပါတယ်။ တူရကီက ချစ်ဖို့ကောင်းပေမယ့် နောက်ဆိုရင် ကျဉ်သွားပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE