ထူးခြားတဲ့ မျက်ဝန်းတစ်စုံကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ ကြောင်ကလေး

[email protected] bowie__the__cat

ကြောင်ကလေးတွေဆိုတာ ခွေးကလေးတွေပြီးရင် လူတွေ အချစ်ဆုံး အိမ်မွေး တိရစ္ဆာန်တစ်မျိုးပါပဲ။ သခင်တွေအပေါ် အရမ်းကို တွယ်ကပ်ပြီး ပွတ်သီးပွတ်သပ်နေတတ်သလို အမြဲလိုလို အပျင်းကြီးပြီး အိပ်နေတတ်တဲ့ ချစ်စရာအကောင်လေးတွေဆိုလည်း မမှားပါဘူး။ အခုလည်း ကြောင်ကလေးတစ်ကောင်ဟာ အရောင်မတူညီတဲ့ မျက်လုံးနှစ်လုံးကို ပိုင်ဆိုင်ထားတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးပြီး လူချစ်လူခင်ပေါများနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CBvsX2dqXZd/

အဆိုပါကြောင်ကလေးရဲ့ နာမည်ကတော့ Bowie ဖြစ်ပါတယ်။ Bowie လေးဟာ သာမန်ကြောင်ကလေးတစ်ကောင်ဖြစ်ပေမယ့် တစ်ခြားကြောင်တွေနဲ့ မတူတဲ့ အချက်ကတော့ သူ့ရဲ့မျက်လုံးနှစ်လုံးဟာ တစ်လုံးနဲ့တစ်လုံး လုံးဝအရောင်မတူတာပဲ ဖြစ်ပါတယ်။ ပုံထဲမှာ တွေ့မြင်ရတဲ့ အတိုင်း ညာဖက်မျက်လုံးကတော့ အပြာရောင်ဖြစ်ပြီး ဘယ်ဖက်မျက်လုံးကတော့ အစိမ်းရောင်ပဲ ဖြစ်ပါတယ်။

Bowie ရဲ့ ပိုင်ရှင်ကတော့ Maria Lloret လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး Bowie ကို တိရစ္ဆာန်ဂေဟာ တစ်ခုကနေ မွေးစားခဲ့တာ ဖြစ်ပါတယ်။ Maria ရဲ့ ပြောပြချက်ဆိုရင်တော့ Bowie ကို အဆိုပါတိရစ္ဆာန်ဂေဟာရဲ့ အွန်လိုင်းကြော်ညာမှာတွေ့တွေ့ချင်း သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးကို တော်တောချစ်မိသွားပြီး မွေးစားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အခုဆိုရင် Bowie ကို ကိုယ်ပိုင် Instagram အကောင့်လေးတစ်ခု ဖွင့်ထားပေးပြီး သူရဲ့ နေ့စဉ်လှုပ်ရှားမှုဓာတ်ပုံတွေကို တင်ပေးလေ့ရှိပြီး ယခုအချိန်မှာတော့ Bowie ရဲ့ Instagram အကောင့်မှာ Follower ပေါင်း 40k နီးပါအထိ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

“Bowie ကို Bowie လို့ နာမည်ပေးရတဲ့ အကြောင်းအရင်းကတော့ Bowie ရဲ့ မျက်လုံဟာ နာမည်ကြီး အင်္ဂလိပ်အဆိုတော်ာ David Bowie လိုပဲ အရောင်မတူညီတဲ့ မျက်လုံးနှစ်ဖက်ပါရှိတာကြောင့် အခုလို Bowie လို့ နာမည်ပေးထားတာပါ။ Bowie ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ အခုအချိန်အထိ သူမစားတဲ့ အစားအစာဆိုတာ မရှိသေးတာပါပဲ။ ကျွေးသမျှ အကုန်စားပါတယ်။ အဆာ့ကလဲ အင်မတန်သန်သလို တော်တော်လေးကိုလည်း ချစ်ဖို့ကောင်းတဲ့ Bowie လေးပါပဲ”လို့ Maria က ပြောကြားခဲ့ပါတယ်။

READ
ကမ္ဘာကော်ျကာတွန်းဇာတ်ကားတွေမှာ မြင်ရတဲ့ ဟာသအလွဲလေးများ

https://www.instagram.com/p/B_2o-W4q3SO/

https://www.instagram.com/p/B_u89xoKf7H/

Pyi Hein Kyaw

SHARE