ထူဆန်းတဲ့ မျက်နှာပုံစံနဲ့ အရမ်းချစ်စရာကောင်းတဲ့ ကြောင်ကလေး Chimera

[email protected]_maew

ကြောင်ကလေးတွေဆိုတာ သခင်တွေကို အမြဲတမ်း ပွတ်သီးပွတ်သပ်လုပ်ပြီး ချစ်စရာကောင်းအောင်နေတတ်ကြတဲ့ ကောင်လေးတွေပါ။ အခုပြောပြချင်တဲ့ ကြောင်ကလေးကတော့ ကြောင်ချစ်သူတွေအကြိုက်တွေ့စေမယ့် ကြောင်မလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဲဒီကြောင်မလေးရဲ့ မျက်နှာဟာ တစ်ဖက်နဲ့တစ်ဖက် အရောင်မတူတာပါပဲ။

https://www.instagram.com/p/CBQoPx7AK09/

ပုံထဲမှာတွေ့ရတဲ့အတိုင်း အဲဒီကြောင်မလေးရဲ့ မျက်နှာဟာ တစ်ဖက်နဲ့ တစ်ဖက်မတူပါဘူး။ ညာဖက်မျက်နှာအခြမ်းကတော့ အဖြူရောင်ရှိပြီး ဘယ်ဖက်မျက်နှာအခြမ်းကတော့ မီးခိုးအရင့်ရောင်လေးပါပဲ။ ဒါကလည်း တမင်တကာလုပ်ယူထားတာမဟုတ်ပဲနဲ့ မွေးကတည်းက ဒီလိုကာလာကွဲမျက်နှာလေးနဲ့  မွေးလာခဲ့တာ ဖြစ်ပါတယ်။

https://www.instagram.com/p/CBSIgmugc1c/

ဒီကြောင်မလေးဟာ လက်ရှိအချိန် ထိုင်းနိုင်ငံက Eve လို့ အမည်ရတဲ့ အမျိုးသမီးလက်ပေါ်မှာတင် ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကြောင်မလေးရဲ့ နာမည်ကတော့ ထိုင်းလိုဆိုရင် “Chimera” ဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ “Cat”၊ မြန်မာလိုဆိုရင်တော့ ကြောင်လို့ အမည်ရပါတယ်။

READ
မိခင်ခြင်္သေ့မကြီး အသတ်ခံရလို့ ကြောက်ရွံ့နေတဲ့ ခြင်္သေ့လေးတွေကို အချိန်မီကယ်နိုင်ခဲ့

https://www.instagram.com/p/CBQGXcSAS_Y/

Chimera ဟာ အိမ်သာသုံးစက္ကူတွေနဲ့ ဆော့ကစားရတာ အင်မတန်ကြိုက်နှစ်သက်ပြီး လူလစ်ရင်လစ်သလို အိမ်သာထဲ ခိုးခိုးဝင်ပြီး အိမ်သာသုံးစက္ကူတွေနဲ့ ဆော့ကစားနေတတ်ပါတယ်။ ပြီးတော့ Chimeraနဲ့ အတူတူဆော့လေ့ရှိတာကတော့ ပိုးဟပ်တွေပဲ ဖြစ်ပါတယ်။

“Chimera က ပိုးဟပ်တွေနဲ့ ဆော့တာ အရမ်းဝါသနာပါတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ သူ့ကို ပိုးဟပ်အရုပ်လေးတွေ ဝယ်ပေးထားတယ်။ အဲဒါတွေနဲ့ဆိုလည်း ကစားတာပဲ။ တစ်ချက်မှ အငြိမ်မနေဘူး။ လစ်ရင်အိမ်သာထဲလည်း ခိုးဝင်ပြီး အိမ်သာခမ်းထဲမှာ အိမ်သာသုံးစက္ကူတွေနဲ့ လျှောက်ဆော့နေတတ်တာ။ ပုံစံကတော့ တွေ့တဲ့အတိုင်းပဲ။ Batman ကောမစ်ထဲက Harvey Dent လိုမျိုး မျက်နှာနှစ်မျိုးနဲ”့လို့ ပြောပြီး Eve က ရယ်မောကာ Bored Panda သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE