လင်းနို့တစ်ကောင်နဲ့ တူလွန်းနေတဲ့ ကြောင်မလေး၊ လူမှုကွန်ရက်ပေါ်မှာ ဆယ်လီဖြစ်နေ

Instagram/lucythebatcat

ကြောင်တစ်ကောင်ထက်စာရင် လင်းနို့တစ်ကောင်နဲ့ ပိုပြီး တူနေတဲ့ ကြောင်ကလေးတစ်ကောင်ကတော့ သူရဲ့ ထူးခြားတဲ့ ပုံစံကြောင့် အခုဆိုရင် လူမှုကွန်ရက်ပေါ်မှာ ဆယ်လီဖြစ်နေပါပြီတဲ့။ ကြောင်မလေးတစ်ကောင် ဖြစ်ပြီး၊ နာမည်ကတော့ Lucy လို့ ခေါ်ပါတယ်။ သူမရဲ့ပိုင်ရှင်ကတော့ Zilla Bergamini ဖြစ်ပြီး၊ အစ္စရေးမှာ နေကြတာပါ။

Zilla ဟာ အသက်(၄၄)နှစ်ဖြစ်ပါတယ်။ Lucy ဟာ Sphynx cat အမျိုးအစားဖြစ်ပါတယ်။ အမွေးအမျှင် ကင်းမဲ့တဲ့ ကြောင်မျိုးစိတ်ဖြစ်လို့ တစ်ခါတလေမှာ အိုမင်းရင့်ရော်နေတဲ့ပုံ၊ တစ်ခါတရံမှာတော့ တစ်ခြားဂြိုဟ်ကလာတဲ့ ဂြိုဟ်သားလေးတွေလို့ အထင်ရှိစေပါတယ်။ Lucy ဟာ hydrocephalus လို့ခေါ်တဲ့ ရောဂါကိုလည်း ခံစားနေရပါတယ်။

 

သူမရဲ့ ရောဂါကြောင့် သူရဲ့ကျောရိုးတွင်းအဆီခဲတွေကို ခန္ဓာကိုယ်က မစုပ်ယူနိုင်ဘဲ၊ ဦးနှောက်ရဲ့အတွင်းပိုင်းကိုပဲ ဒီ Fluid တွေက လာစုနေတာပါ။ သူမရဲ့ဘဝဟာ ဆိုးဝါးလွန်းလှပေမယ့် ထင်မှတ်မထားပါဘဲ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားပါတယ်။ Lucy အတွက် ရည်စူးဖွင့်ထားတဲ့ အင်စတာဂရမ်ကတော့ LucyTheBatCat ဖြစ်ပါတယ်။

အခုဆိုရင် ပရိသတ် (၂၃၅၀၀)အထိ ရရှိထားပါပြီ။ ဒီအင်စတာဂရမ်မှာတော့ Lucy ရဲ့ပုံလေးတွေဟာ တစ်နေ့တစ်မျိုး မရိုးရလောက်အောင် တင်ထားပါတယ်။ ကွန်ပျူတာပရိုဂမ်မာတစ်ဦးဖြစ်တဲ့ ပိုင်ရှင် Zilla က ကြောင်မလေး Lucy ခံစားနေရတဲ့ ရောဂါအခြေအနေကြောင်းကိုလည်း မျှဝေခဲ့ပါတယ်။

 

View this post on Instagram

 

Coronapocalypse hobby n.2: neighbor watch 🔭🕵🏼‍♀️

A post shared by Hydrocefalus Nude Kitten (@lucythebatcat) on

ရောဂါဖြစ်နေပေမယ့် ကြောင်မလေးရဲ့ ခန္ဓာကိုယ်က ဖိအားတွေကို အနိမ့်ဆုံးမှာ ထိန်းချုပ်ထားနိုင်တဲ့အတွက် Lucy အနေနဲ့ အာရုံကြော ချို့ယွင်းမှုနဲ့ဆိုင်တဲ့ တစ်ခြားဆိုးရွားတဲ့ခံစားမှုတွေကို မခံစားရတာဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့် Lucy ရဲ့ လက်ရှိဘဝဟာ တစ်ခြား ကြောင်တွေလိုပဲ ပုံမှန်ပါပဲလို့ ပြောပါတယ်။

Lucy ရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာနဲ့ပတ်သက်ပြီး မှတ်ချက်ရေးသူတစ်ဦးက “ Lucy ကို ချစ်မိနေပြီ ”လို့ ရေးခဲ့သလို၊ တစ်ခြားတစ်ဦးက “ ဒီကြောင်ကလေးဟာ ဒီကမ္ဘာမှာ တစ်မိနစ်အတွင်း ပျော်စရာနဲ့ ချစ်စရာနှစ်မျိုးစလုံးကို စွမ်းဆောင်နိုင်သူပါ”လို့ ရေးခဲ့ပါတယ်။ ပိုင်ရှင် Zilla ကတော့ သူမရဲ့ကြောင်လေး နာမည်ကြီးလာလို့ ဝမ်းသာနေပါတယ်။

လင်းသူရိန်

SHARE