Copenhagen မြို့က ရေပေါ်ကျွန်းတွေနဲ့ ဖန်တီးထားတဲ့ ထူးထူးခြားခြား ပန်းခြံ

[email protected] arkitektforeningen [email protected] gadfoundation

မြို့တစ်မြို့မှာ အနည်းဆုံးပန်းခြံတစ်ခုကတော့ ရှိစမြဲပါပဲ။ ဒါပေမယ့် ပန်းခြံ အများစုကတော့ ဒီအတိုင်း သစ်ပင်ပန်းပင်တွေနဲ့ ပြည့်နေတတ်တာပါပဲ။ နဲနဲထူးခြားတဲ့ ပန်းခြံဆိုရင်တော့ အထဲမှာ ကစားကွင်းပုံစံတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ ပန်းခြံကတော့ တော်တော်ထူခြားပါတယ်။ ပန်းခြံကို ရေကန်ကြီးတစ်ခုထဲမှာ ဆောက်လုပ်ထားပြီး အဆိုပါပန်းခြံထဲမှာ ရေကန်အနှံ့ကို သွားလို့ရတဲ့ ရေပေါ်ကျွန်းတွေနဲ့ ပြည့်နေကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါပန်းခြံကတော့ ဒိန်းမတ်နိုင်ငံ၊ Copenhagen မြို့မှာ တည်ရှိပြီး Copenhagen Islands လို့ အမည်ပေးထားပါတယ်။ အဆိုပါပန်းခြံဟာ တစ်ခြားပန်းခြံတွေနဲ့ မတူတဲ့ အချက်ကတော့ ရေပေါ်ကျွန်းတွေ ရှိနေတာပါပဲ။ တစ်ခြားပန်းခြံတွေကို သွားမယ်ဆိုရင်တော့ ဒီအတိုင်းပန်းခြံထဲ လမ်းလျှောက်ပြီး ဟိုကြည့်ဒီကြည့်ပဲ လုပ်လို့ရပါတယ်။ ဒါပေမယ့် Copenhagen Islands မှာဆိုရင်တော့ ရေပေါ်မှာ မျောနေတဲ့ ကျွန်းတွေကို လှေတွေနဲ့ လျှောက်သွားနိုင်မယ့်အပြင် ရေပါကူးလို့ရပါသေးတယ်။

READ
လတ်ဆတ်တဲ့ခံစားမှုတွေပေးနိုင်မယ့် ကမ္ဘာတစ်ဝန်းက ရောင်စုံမြို့လေးများ

https://www.instagram.com/p/CBvRg0ohILn/

ဒီပန်းခြံကြီးကို တည်ဆောက်ခဲ့တာကတော့ Studio Fokstrot နဲ့ သြစတြေးလျ ဗိသုကာပညာရှင် Marshall Blecher တို့ပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ရေပေါ်ကျွန်းကတော့ 215 square-foot ရှိပြီး ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လူတော်တော်များများကလည်း အဆိုပါပန်းခြံရှိ ရေပေါ်ကျွန်းတွမှာ အပန်းဖြေရတာ တော်တော်လေးကို နှစ်သက်သလို ထင်ထားတာထက် အဆိုပါရေပေါ်ကျွန်းတွေဟာ လူကြိုက်များခဲ့ပါတယ်။

https://www.instagram.com/p/CB21J6IBIGl/

“လာမယ့် ၂၀၂၁ ခုနှစ်မှာလည်း ဒီထက်ပိုများတဲ့ ရေပေါ်ကျွန်းတွေကို ပန်းခြံထဲမှာ ဆောက်လုပ်ဖို့ ရှိပါတယ်။ များသောအားဖြင့် လူတွေက ဒီပန်းခြံကိုလာရင် မိသားစုလိုက်လာကြတာများပါတယ်။ ရေကူးလိုက်၊ ကျွန်းမျောကြီးတွေပေါ်မှာ နားလိုက်နဲ့ တော်တော်ပျော်နေကြပါတယ်။ တစ်ချို့နားအေးပါးအေးနေချင်တဲ့ လူတွေကျတော့လည်း တစ်ယောက်တည်း ကျွန်းသေးသေးလေးတွေပေါ်မှာ အနားလာယူလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လာလည်ဖူးတဲ့လူတိုင်း ဒီပန်းခြံကိုတော်တော်ကြိုက်ကြပါတယ်။ လာလည်ပြီး လုံးဝနောင်တရမယ့်နေရာမျိုးမဟုတ်ပါဘူး”လို့ Copenhagen Islands ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
UNESCO စာရင်းဝင် ပိုလန် ဆားမိုင်းတွင်းကြီးရဲ့ အ ကြောင်း

https://www.instagram.com/p/B_fVFzsHtl1/

Pyi Hein Kyaw

SHARE