ယာဉ်ဖြတ်သန်းခ ကောက်ခံရေးဂိတ်ထဲအထိဝင်ပြီး ပိုက်ဆံတွေလုတဲ့ မျောက်ရဲ့လုပ်ရပ်

အိန္ဒိယနိုင်ငံက အမြန်လမ်းမကြီးတစ်ခုမှာ တည်ရှိတဲ့ Toll Plaza တစ်ခုမှာ မျောက်တစ်ကောင်ဟာ ယာဉ်စီးခကောက်ခံရေး ဂိတ်ထဲအထိဝင်ပြီး ပိုက်ဆံတွေ ဝင်လုခဲ့တာကို လုံခြုံရေးကင်မရာတွေက ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

News Lions

အဆိုပါမျောက်ဟာ ယာဉ်ဖြတ်သန်းခပေးဖို့ ရပ်လိုက်တဲ့ ကားတစ်စီးထဲကနေ ထွက်လာတာကို တွေ့ရပြီး၊ ငွေကောက်ခံရေးဝန်ထမ်း ရှိနေပါလျှက်၊ ထင်မှတ်မထားတဲ့ အနေအထားမှာ နောက်က ဖြတ်ကနဲကျော်ပြီး ငွေတွေကို အတင်းလုသွားတာပါ။

YouTube

ဒီအဖြစ်အပျက်ဟာ သဘာဝမျောက်ရိုင်းတွေ ပေါများလွန်းတဲ့ အူတာပါဒက်ရှ်ပြည်နယ်၊ ကန်ပေါမြို့အနီးက Toll Plaza တစ်ခုမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ ရဲတွေရဲ့အဆိုအရတော့ အဲဒီမျောက်ဟာ အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး၊ ပိုင်ရှင်ကိုယ်တိုင်က ခိုးဖို့အတွက် ကောင်းကောင်းလေ့ကျင့်ထားပုံရတယ်လို့ ပြောပါတယ်။

အခုအဖြစ်အပျက်မှာလည်း (၇၂)ဒေါ်လာ တန်ဖိုးရှိ အိန္ဒိယရူပီးတွေ ပါသွားခဲ့ကြောင်း သိရပါတယ်။ မျောက်မှာပိုင်ရှင် ရှိတယ်ဆိုသော်လည်း ပိုင်ရှင်ကို အရေးယူခြင်းရှိမရှိ၊ မျောက်ဆီကနေ ပိုက်ဆံတွေ ပြန်ရခြင်း ရှိမရှိဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘုး။

 

READ
(၈၉) နှစ်အရွယ် ဓာတ်ပုံပညာရှင်ဖွားဖွားနဲ့ သူမရဲ့ တစ်ကိုယ်တော် ရယ်မောဖွယ် လက်ရာများ

လင်းသုတ (Shwemom)

Source : upi.com

SHARE