ဗင်းနစ်စ်မြို့အကြောင်း သင်မသိသေးတဲ့ အချက်(၁၀) ချက်

လှပဆန်းကြယ်လွန်းတဲ့ တူးမြောင်းတွေနဲ့ ပုံဖော်ထားတဲ့ အီတလီနိုင်ငံ ဗင်းနစ်စ်မြို့ဟာ ကမ္ဘာပေါ်မှာ အလှဆုံးနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ပြိုင်ဖက်ကင်းလွန်းတဲ့ ဗင်းနစ်စ်နဲ့ ပတ်သက်လို့ လူသိနည်းနေသေးတဲ့ အချက်တွေကတော့ အောက်မှာ အတိုင်းပဲ ဖြစ်ပါတယ်။

ဗင်းနစ်စ်မြို့မှာ တံတားပေါင်း(၄၁၇) စင်း ရှိပါတယ်

clickstay

မြို့ရဲ့ ရိုးရာအရ မြို့ထဲ လှေစီးသွားကြတဲ့ စုံတွဲတွေဟာ တံတားတစ်ခု အောက်ကို ဖြတ်တိုင်း တစ်ခါ အနမ်းခြွေသင့်တယ်လို့ ဆိုပါတယ်

clickstay

ကမ္ဘာ့အကျဉ်းဆုံးလမ်းကို ဗင်းနစ်စ်မှာ တွေ့နိုင်ပြီး Ramo Varisco အမည်ရတဲ့ ၄င်းလမ်းဟာ (၅၃) စင်တီမီတာပဲ ကျယ်ဝန်းပါတယ်

clickstay

ဗင်းနစ်စ်မှာ လမ်းလိပ်စာနဲ့ အိမ်ရှာဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်တွေကို ခရိုင်အလိုက်သာ အိမ်နံပတ်တွေ တပ်ထားတာ ဖြစ်ပါတယ်

clickstay

မြို့ထဲမှာ ရေထဲပတ်မောင်းတဲ့ ၀မ်းပြားလှေအစီးပေါင်း (၇၅၀) နီးနီး ရှိပါတယ်

clickstay

(၁၆၀၈) ခုနှစ်မှာတော့ မျက်နှာဖုံးတွေကို ဗင်းနစ်စ်ကာနီဗယ်ပွဲတော်မှာပဲ ၀တ်ဆင်ခွင့်ပြုမှာဖြစ်ကြောင်း ဥပဒေချမှတ်ခဲ့ပါတယ်။ တကယ်လို့ မလိုက်နာရင်တော့  ထောင်ဒဏ်(၂) နှစ် သို့မဟုတ် အများပြည်သူရှေ့မှာ ကြိမ်ဒဏ်ခံရမှာ ဖြစ်ပါတယ်

clickstay

မြို့ထဲမှာ ဒီရေတက်ပြီး မြို့ရေကြီးတဲ့ Acqua Alta ဖြစ်ရပ်ဟာ မြို့ရဲ့ ထူးခြားချက်ပါ။ ဒါပေမယ့် မြို့ခံတွေအတွက်တော့ အဆန်းမဟုတ်တော့ပါဘူး

clickstay

ဗင်းနစ်စ်ရဲ့ ပြည်သူ့ရင်ပြင် Piazza San Marco မှာ ခိုတွေကို အစာမကျွေးဖို့ ဥပဒေထုတ်ထားပါတယ်

clickstay

ဗင်းနစ်စ်မှာ တူးမြောင်းပေါင်း (၁၇၇) ခုရှိပါတယ်။ Grand Canal ကတော့ အထင်ရှားဆုံးပဲ ဖြစ်ပါတယ်

clickstay

ဗင်းနစ်စ်ဟာ တစ်နှစ်ကို (၁-၂) မီလီမီတာနှုန်းနဲ့ ရေမြုပ်နေပါတယ်

clickstay

လင်းလင်း (ShweMom)

READ
ကာတွန်းကမ္ဘာထဲ ရောက်သွားသလို ခံစားမိစေမယ့် ဆိုးလ်မြို့က ကော်ဖီဆိုင်

Ref: clickstay

SHARE