စားပွဲထိုးမလေးကို မုန့်ဖိုး ဒေါ်လာ(၄၀၀)ပေးပြီး၊ ပညာသင်ခွင့်ပေးဖို့ ဒုတိယအကြိမ် ပြန်လာတဲ့ စုံတွဲ

CBS News/YouTube

ကျောင်းသူတစ်ဖြစ်လဲ စားပွဲထိုးမလေးတစ်ယောက်ဟာ စားသောက်ဆိုင်နှစ်ခုမှာ အချိန်ပိုင်း အလုပ်ဆင်းနေရပြီး၊ သူမရဲ့ အကြွေးနွံနစ်နေတဲ့ ဘဝထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေခဲ့ပါတယ်။ သူမ အလုပ်လုပ်တဲ့ဆိုင်ကို လာရောက်အားပေးခဲ့တဲ့ စုံတွဲတစ်တွဲက သူမကို ဒေါ်လာ(၄၀၀) မုန့်ဖိုးပေးခဲ့ရာ၊ သူမကလည်း ကျေးဇူးအလွန်တင်ကြောင်း စာပြန်ရေးပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၇)ခုနှစ်တုန်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန်နာမည်ကျော် CBS သတင်းဌာနက တင်ဆက်ခဲ့တာပါ။

အဲဒီအခါမှာ အဆိုပါစုံတွဲက စိတ်ပြောင်းသွားပြီး၊ သူမအလုပ်လုပ်တဲ့ဆိုင်ကို နောက်တစ်ကြိမ် ပြန်ရောက်လာပါတယ်။ ဒီအခေါက်မှာတော့ စားပွဲထိုးမလေး ကျောင်းအတွက် ကုန်ကျမယ့်စာရိတ်ကို သူတို့လင်မယားက တာဝန်ယူချင်လို့ပါတဲ့။ ကျောင်းသူရဲ့နာမည်ကတော့ Cayla ဖြစ်ပြီး၊ သူမဟာ ကျောင်းတက်ဖို့အတွက် ဟာဝိုင်အီကို ရောက်နေတာပါ။

Posted by Cayla Chay on Monday, July 31, 2017

ဒါပေမယ့် ကျောင်းစရိတ်က အကြွေးတွေ လည်ပင်းနစ်အောင် တက်လာတော့ သူမဟာ ကျောင်းခဏထွက်ပြီး၊ စားသောက်ဆိုင်နှစ်ခုမှာ စားပွဲထိုးအဖြစ် ပင်ပင်ပန်းပန်း အလုပ်လုပ်ရပါတော့တယ်။ မိဘတွေကတော့ သူမ အလုပ်ထဲမှာနစ်ပြီး ကျောင်းပြန်မတက်နိုင်မှာကို စိုးရိမ်နေပေမယ့်-

လိုအပ်တာတွေကိုလည်း သူတို့ဘက်က ဒီထက်ပိုပြီး မထောက်ပံ့နိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ သမီးကို လက်ပိုက်ကြည့်နေရတော့တာပါ။ အလုပ်ရှာရင်းနဲ့ Cayla ဟာ Cheesecake စက်ရုံရဲ့ အရောင်းဆိုင်ခွဲမှာ အလုပ်ရခဲ့သလို၊ Noi Thai Cuisine စားသောက်ဆိုင်မှာလည်း အလုပ်ရခဲ့ပါတယ်။

သူမဟာ အလုပ်နှစ်ခုကို အချိန်ပိုင်းခွဲဆင်းခဲ့ပြီး၊ သူမ တက်နိုင်သလောက် ငွေရှာခဲ့ပါတယ်။ တစ်နေ့ Noi Thai Cuisine စားသောက်ဆိုင်မှာ ဧည့်သည်စုံတွဲတစ်တွဲက သူမကို သနားပြီး မုန့်ဖိုးပေးခဲ့ပါတယ်။ အဲဒီမုန့်ဖိုးဟာ သူမအတွက် တစ်လစာ အခန်းငှားစာရိတ် လုံလောက်တဲ့ပမာဏပါ။

ရက်အနည်းငယ်ကြာတဲ့အခါ အဲဒီဆိုင်ကို အဆိုပါစုံတွဲ ပြန်ရောက်လာပါတယ်။ သူတို့က သြစတေးလျကပါ။ ဒီတစ်ခါမှာတေ့ Cayla အတွက် မင်္ဂလာရှိတဲ့သတင်းပါ။ သူမရဲ့ အကြွေး ဒေါ်လာ(၁၀၀၀၀)ကျော်ကိုလည်း ပေးဆပ်ပေးမယ့်အကြောင်း၊ ကျန်ရှိတဲ့ ကျောင်းစာရိတ်တွေကိုလည်း ထောက်ပံ့ပေးမယ့်အကြောင်း ကမ်းလှမ်းခဲ့တာပါ။ လိုအပ်ချက်တွေ အများကြီးနဲ့ Cayla အတွက်တော့ ထီပေါက်သလို ပျော်ရမယ့် ကမ်းလှမ်းမှုပဲ ဖြစ်ပါတယ်။

လင်းသုတ (Shwemom)

SHARE