အသက်(၄၅)နှစ်အထိ ကွာခြားလို့ ဖိအားတွေ၊ ဝေဖန်မှုတွေ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့စုံတွဲ

Facebook/StefaniWalper

ဇနီးမောင်နှံစုံတွဲတစ်တွဲဟာ အသက် (၄၅)နှစ်အထိ ကွာခြားလို့ သူတို့တစ်တွေ ကြင်စဦးဘဝမှ အခုအချိန်ထိ အများသူငါရဲ့ ဝေဖန်မှုတွေ၊ ဖိအားတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ခင်ပွန်းရဲ့နာမည်ကတော့ Don ဖြစ်ပြီး၊ အသက်(၇၀)ပါ။ ဇနီးအမည်ကတော့ Stefani Walper ဖြစ်ပြီး အသက်(၂၅)နှစ်ပဲ ရှိပါသေးတယ်။

သူတို့စုံတွဲဟာ Stefani အသက်(၂၀)အရွယ်ကတည်းက ချစ်ခရီးလမ်းကို အတူလျှောက်ခဲ့ကြတာပါ။ အခုဆိုရင် သူတို့မှာ (၂)နှစ်အရွယ်သားလေး Lachlan ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Stefani အလုပ်လုပ်ကိုင်တဲ့ Bar မှာ စတင်ဆုံစည်းခဲ့ကြတာပါ။ Don က အဲဒီ Bar ကို နောက်တော့ နေ့တိုင်းလာပါတော့တယ်တဲ့။

01.30.17

Posted by Stefani Walper on Saturday, July 28, 2018

Stefani ဟာ ကနေဒါနိုင်ငံ၊ ဗြိတိန်ကိုလံဘီယာ၊ Armstrong မှာ နေထိုင်သူပါ။ Stefani က “ ပြောရရင် ကျွန်မက စပြီး ချစ်ခဲ့တာပါ … Don ကို မြင်လိုက်ရတဲ့ တစ်စက္ကန့်လောက်ကလေးအတွင်းမှာ ချစ်ခဲ့မိတာ … ဒါက တကယ်ထူးဆန်းပါတယ် … အားလုံးလည်း ဒီလို ခံစားမိမယ် ထင်တယ် … ကျွန်မက တွေးမိတယ် အို ဘုရားရေ … ဒီလူက ကိုယ့်ထက် အနည်းဆုံး (၃၀)လောက် ပိုကြီးလိမ့်မယ်ပေါ့ ”လို့ ပြန်ပြောင်းပြောပြပါတယ်။

သူမက “ ကျွန်မစိတ်ထဲ ထင်မိတယ် … သူ သိပ်ချောတာပဲပေါ့ … နောက် သူက ချစ်စရာကောင်းပြီး တကယ် စွဲဆောင်မှုရှိတယ် … သူ ဒီဆိုင်ကို ရောက်လာတိုင်း ကျွန်မ ဘာလို့ ပျော်နေတာလဲဆိုတာ မတွေးတတ်အောင်ပါပဲ … ”လို့ ပြောပါတယ်။ အသက်(၂၀) လှသွေးကြွယ်နေဆဲ Stefani က Don ဟာ ကွယ်လွန်သွားတဲ့ သူမအဖေရဲ့အသက်နဲ့ အတူတူပဲဆိုတာ နောက်တော့ သိလိုက်ပါတယ်။

THANK YOU! Barcroft TV 💜 for yet another opportunity to film a second episode… We had so much fun + very glad it all…

Posted by Stefani Walper on Wednesday, December 18, 2019

ဒါပေမယ့် သူမရဲ့အချစ်တွေက လျော့ပါးမသွားခဲ့ဘဲ၊ Don ဆိုင်ထဲဝင်လာတာနဲ့ အကဲပိုပြီး ဂရုစိုက်ကာ အထာတွေဘာတွေ ပေးပါတော့တယ်။ ထိုစဉ်က Stefani ရဲ့ဖခင်ကလည်း ရှိသေးပြီး၊ တစ်မိသားစုလုံးက သူတို့ချစ်ခြင်းကို သဘောမကျခဲ့ပါဘူး။ ဝိုင်းဖြတ်ကြပေမယ့် ဖြတ်လို့မရတော့ မသိကျိုးကျွန် ပြုလိုက်ပါတော့တယ်။

သူတို့ဟာ မိဘဆွေမျိုးတွေ ကန့်ကွက်နေတဲ့ကြားက လက်ထပ်လိုက်ကြပါတယ်။ နောက်တော့ Don ကို Stefani ကို လက်ခံလာခဲ့ပါတယ်။ သို့သော်လည်း ယနေ့အချိန်ထိ သူတို့စုံတွဲကို မြင်ရင် တို့ကနန်းဆိတ်ကနန်း လှောင်ပြောင်တာ၊ စောင်းမြောင်းပြောဆိုတာ၊ ခနဲ့တဲ့တဲ့နဲ့ တိုက်ခိုက်တာတွေ အခုထက်ထိ ခံနေရပါသေးတယ်တဲ့။ ဒါပေမယ့် အခုတော့ Don တို့စုံတွဲဟာ ဒီလောကဓံကို ကြံ့ကြံ့ခံနိုင်နေပါပြီ။

Stefani က “ ကျွန်မတို့ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ခဲ့တာပဲ … ကျွန်မ အကြံပေးချင်တာက ဘာလို့ ကိုယ့်ရဲ့အချစ်ရေးကို ပုန်းလျှိုးကွယ်လျှိုး လုပ်နေရမှာလဲ … ကိုယ့်ကျမှ ဖုံးကွယ်နေရမှာလား … တစ်ခြားလူတွေကတော့ ဘာလို့ မဖုံးကွယ်ကြတာလဲ … ကျွန်မတို့မှာလည်း ဒီအခွင့်ရေးက ရှိကိုရှိတယ် ”လို့ ပြောခဲ့ပါတယ်။

သူမက “ လူတွေက ပြောတယ် … ကျွန်မအတွက် ဆုတောင်းပေးပါ့မယ်ပေါ့ … မသိရင် ဒီက တကယ့် ကြောက်စရာအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတိုင်း … သူက မင်းကို သိမ်းသွင်းထားတာ … သူက မင်းကို အဓမ္မလက်ထပ်ထားတာ … မင်း တစ်ယောက်ယောက်ဆီကနေ အကူအညီတောင်းပြီး လွတ်မြောက်ဖို့ ကြိုးစားသင့်တယ် … တကယ့်ကို မဟုတ်မဟက် အချစ်ရေးကို ပိုင်ဆိုင်ထားတယ်လို့ ထင်နေကြတာ ”လို့ ပြောခဲ့ပါတယ်။

Don ကတော့ အေးအေးဆေးဆေးပဲ “ ကျုပ်ကတော့ သက်သေပြဖို့တွေ ဘာတွေ မလိုအပ်ဘူးလို့ ထင်တာပဲ … ကျုပ်တို့က ဘဝမှာ ဘယ်လိုအကောင်းဆုံး ရင်ဆိုင်ရမယ်ဆိုတာ သူတို့ကို ပြခဲ့ပြီးပါပြီ … ကိုယ့်ရဲ့ အသွေးအသားဖြစ်တဲ့ သားသမီးတွေကို အကောင်းဆုံး ဘယ်လိုပံ့ပိုးရမလဲဆိုတာ ပြသခဲ့ပြီးပါပြီ ”လို့ ပြောခဲ့ပါတယ်။

လင်းသုတ

SHARE