လိမ်လည်မှုကြောင့် ထောင်ဒဏ် စံချိန်တင် ချမှတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံသားနှစ်ဦး

Pixabay-4711018

ထိုင်းနိုင်ငံရှိ တရားရုံးတစ်ခုဟာ ပြီးခဲ့တဲ့ မေလထဲမှာ အမျိုးသားနှစ်ယောက်ကို ထောင်ဒဏ် အနှစ် ၁,၄၄၆ နှစ် ကျခံဖို့ အမိန့်ချမှတ်ခဲ့ပြီး တစ်ဦးဆီကို ထောင်ဒဏ် (၇၂၃) နှစ်ကျခံဖို့ ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒီလိုနှစ်ပေါင်းရာချီအောင် ထောင်ကျခံခဲ့ရလို့ သူတို့အဖြစ်ဟာ လူသတ်မှုလို့ ထင်ကောင်းထင်သွားပါလိမ့်မယ်။ တစ်ကယ်တော့ သူတို့ရဲ့ အမှုဟာ လိမ်လည်မှုသက်သက်ပါပဲ။

Pixabay-jodylehigh

အဆိုပါအမျိုးသားနှစ်ယောက်ကတော့ Apichart Joab Bawonbancharak နဲ့ Prapatsorn Bawonbancha လို့ အမည်ရတဲ့ အမျိုးသားနှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ လိမ်လည်မှု ၇၂၃ မှုနဲ့ တရားအစွဲခံရပြီး ပြစ်မှုထင်ရှားတဲ့အတွက် တစ်ဦးစီကို ထောင်ဒဏ် ၇၂၃ နှစ်ကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးရဲ့ ကုမ္ပဏီဖြစ်တဲ့ Laem Ket Infiniter Co, ဟာလည်း လိမ်လည်မှုတစ်ခုချင်းဆီအတွက် ဘတ် ၅,၀၀၀ လျော်ကြေးပြန်ပေးရမှာဖြစ်ပြီး အမှု ၇၂၃ မှုဆိုတော့ စုစုပေါင်း ဘတ် ၃သန်းကျော် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။

READ
ဓားနဲ့ (၁၃) ချက်ထိုးခဲ့တဲ့ချစ်သူကို တရားရုံးမှာလက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား
Pixabay-PublicDomainPictures

သူတို့လိမ်လည်မှုကတော့ တစ်ခြားမဟုတ်ပါဘူး။ ပင်လယ်စာ ဘူဖေးအခမဲ့စားခွင့်လက်မှတ်တွေကို လိမ်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။ Online ပေါ်မှာ မကြာခင်အသစ်ဖွင့်လှစ်မယ့် Laem Ket Seafood ဆိုင်တွင် ပင်လာစာဘူဖေးအခမဲ့စားသုံးခွင့်လက်မှတ်တွေကို အများအပြားရောင်းချခဲ့ပါတယ်။

Pixabay-viarami

ဆိုင်တကယ်ဖွင့်ရမယ့် အချိန်ရောက်လည်း ရောက်လာရော အခမဲ့စားသုံးခွင့်တွေ အရမ်းများပြားလွန်းတာကြောင့် ဆိုင်မဖွင့်ဖြစ်တော့တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် စားသုံးသူအခွင့်အရေးချိုးဖောက်မှုနဲ့ ပြည်သူတွေက တိုင်ကြားခဲ့ပါတယ်။ နောက်ုံးရသတင်းကတော့ သူတို့နှစ်ဦးဟာ တရားရုံးမှာ အယူခံဝင်တာအောင်မြင်သွားပြီး တစ်ဦးဆီကို ထောင်ဒဏ် နှစ် ၂၀ သာကျခံဖို့ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE