လမ်းသွားရင်း ဖုန်းသုံးနေတဲ့အမျိုးသမီးကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ စက်ဘီးသမား

Dailymail

(၂၀၁၅) ခုနှစ် ဇူလိုင်လ(၂၀) ရက်တုန်းက အသက်(၂၈) အရွယ် ဂမ်မာဘရူးရှက်တ်ဆိုသူအမျိုးသမီးဟာ လန်ဒန်အလယ်ပိုင်းက လမ်းတစ်ခုမှာ လမ်းဖြတ်ကူးရင်း စက်ဘီးအတိုက်ခံခဲ့ရပါတယ်။ စက်ဘီးတိုက်တဲ့အရှိန်နဲ့ ဂမ်မာဟာ ရှေ့သွားတစ်ချောင်း ပျက်စီးခဲ့ပြီး မျက်နှာမှာလည်း ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။ သူမကို စက်ဘီးနဲ့ တိုက်မိခဲ့သူကတော့ ရောဘတ်ဟေဇယ်ဒိန်းဆိုသူ အမျိုးသားဖြစ်ပါတယ်။

gofundme

ဂမ်မာဟာ စက်ဘီးတိုက်မှုအပြီးမှာ ရောဘတ်ကို တရားစွဲကာ လျော်ကြေးတောင်းခဲ့တာ ဖြစ်ပါတယ်။ တရားသူကြီးကတော့ ဒီဖြစ်ရပ်မှာ တရားလိုဖြစ်သူ ဂမ်မာရဲ့ အပြစ်လည်း မကင်းဘူးလို့ဆိုထားပါတယ်။ ဂမ်မာဟာ လမ်းသွားရင်း ဖုန်းသုံးနေခဲ့ရာကနေ အခုလို စက်ဘီးနဲ့ဝင်တိုးခဲ့တာပါ။ တရားလိုရဲ့ အပြစ်မကင်းဘူးလို့ တရားသူကြီးက သုံးသပ်ထားပေမယ့်လည်း ရောဘတ်ကို လျော်ကြေးငွေ ပေါင်(၄,၁၆၁) နဲ့ စုစုပေါင်း တရားစရိတ်ကုန်ကျငွေ ပေါင်(၁) သိန်းကို ပေးဆပ်ဖို့ အမိန့်ချခဲ့ပါတယ်။

READ
စိတ်ကသိကအောက်အဖြစ်ဆုံး နေ့တစ်နေ့ကြုံနေရတဲ့ လူတွေရဲ့ ဓာတ်ပုံများ

ထို့နောက်မှာတော့ ရောဘတ်ဟာ တရားစရိတ်ကများလွန်းတဲ့အတွက် မတတ်နိုင်တာနဲ့ သူ့ဖြစ်စဉ်ကို အွန်လိုင်းပေါ်တင်ကာ အလှူငွေကောက်ခံခဲ့ပါတယ်။ တကယ်လို့သာ တရားစရိတ်ကို အကုန်သာပေးလိုက်ရင် သူ့ဘ၀ဟာ လုံးဝမွဲတေသွားတော့မှာ ဖြစ်တဲ့အကြောင်း ရောဘတ်က ပြောပြခဲ့တာပါ။

Gemma Brushett/Instagram

ရောဘတ်က စက်ဘီးသမားတွေဟာ လမ်းသွားလမ်းလာတွေကို သတိပြုဂရုစိုက်သင့်ကြောင်း၊ ကိုယ်က ကိုယ့်လမ်းကြောင်းအတိုင်း သွားနေပေမယ့် လူအချို့က လမ်းသွားရင်းဖုန်းကြည့်နေတာကြောင့် စက်ဘီးကို ၀င်တိုးမိတတ်ကြကြောင်း၊ ဒီအခါ စက်ဘီးသမားက ကိုယ့်အမှားလည်းမဟုတ်ပါပဲနဲ့ မတော်လို့တိုက်မိတဲ့အခါ ရုံးရောက်ဂတ်ရောက်နဲ့ ငွေကုန်ကြေးကျအများကြီးရှိတတ်ကြောင်းတွေကိုပါ ရင်ဖွင့်သွားခဲ့ပါတယ်။

အခုဆိုရင်လည်း အမှုတရားစရိတ်က သိန်းချီကုန်ပြီး တကယ်လို့ အကုန်သာ တရားစရိတ်ဆပ်လိုက်ရင် သူဘ၀ဟာ ရေစုန်မျှောတော့မှာဖြစ်တာကြောင့် သူ့ကို ကူညီတဲ့အနေနဲ့ အလှူငွေလေးထည့်ပေးကြဖို့ ရောဘတ်က တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းသွားတဲ့အခါ ကိုယ့်ရဲ့  အဆင်အခြင်နည်းမှုကြောင့် သူတစ်ပါးထိခိုက်နစ်နာတာမျိုး မတွေ့ကြုံရအောင် ဂရုစိုက်ဆင်ခြင်သင့်ကြောင်း telegraph ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

READ
နော်ဝေလေယာဉ်တစ်စီး ခရီးစဉ်ဆုံးခါနီးမှ လာလမ်းကိုလှည့်ပြန်ခဲ့ရတဲ့ အကြောင်းအရင်း

လင်းလင်း (ShweMom)

SHARE