ပင်ပန်းလွန်းလို့ ဟန်မဆောင်နိုင်လောက်အောင် အိပ်မောကျနေတဲ့ သားအဖရဲ့ဗီဒီယို

facebook/三小

ဥပမာအားဖြင့် ဇနီးမောင်နှံနှစ်ယောက်မှာ တစ်ယောက်က မအားလို့ တစ်ယောက်က ကလေးနေအောင် ထိန်းပေးရတာဟာ ခက်ခဲပင်ပန်းလွန်းပါတယ်။ ကလေးထိန်းတဲ့ပုံစံကတော့ မိခင်နဲ့ ဖခင်နှစ်ယောက်ဟာ မတူကြပါဘူး။ တစ်ချို့မိဘတွေဟာဆိုရင် တစ်ယောက်တည်း ကလေးထိန်းရတာ ပင်ပန်းလွန်းတဲ့အတွက် လူကြားသူကြားထဲမှာတောင် ဟန်မဆောင်နိုင်ပဲ အိပ်နိုင်ကြတာကို worldofbuzz သတင်းကနေ အခုလို သိရပါတယ်။

အောက်မှာ တွေ့ရမယ့် ဗီဒီယိုလေးကိုတော့ ထိုင်ဝမ်ဖေ့စ်ဘုတ်စာမျက်နှာပေါ်က တွေ့ခဲ့ရတာပါ။ ဗီဒီယိုထဲမှာတော့ တစ်နေကုန် သမီးနဲ့ အပြင်လျှောက်လည်ခဲ့ပုံရတဲ့ ဖခင်တစ်ယောက်ဟာ သမီးဖြစ်သူနဲ့အတူ ရထားပေါ်မှာ ပိုးလိုးပက်လက် အိပ်မောကျနေတာပါ။ အွန်လိုင်းအသုံးပြုတွေကတော့ သားအဖနှစ်ယောက်ရဲ့ ပင်ပန်းလွန်းပြီး အိပ်ပျော်သွားကြတဲ့ပုံကို အင်မတန်သဘောကျနေပါတယ်။

facebook/三小

ဗီဒီယိုမှာတော့ အဖေက ကလေးထိန်းရလို့ ပင်ပန်းနေတယ်၊ ကလေးကတော့ အဖေထိန်းတာခံရလို့ ပိုတောင်ပင်ပန်းနေပါတယ်…” ဆိုပြီး ခေါင်းစီးတပ်ရေးသားထားတာပါ။

ဖခင်ဖြစ်သူက ပါးစပ်ထဲယင်တောင်ဥလို့ ရနိုင်လောက်အောင် ပါးစပ်ကြီးဟကာ အိပ်မောကျနေပါတယ်။ ကလေးမလေးကတော့ ဖခင်ကို ခွထားရင်းကနေ ခုံပေါ်ကို ခေါင်းကြီးငိုက်စိုက်ကျလို့ အိပ်ပျော်နေတာပါ။ အွန်လိုင်းပေါ်မှာတော့ သားအဖနှစ်ယောက်တို့ရဲ့ ချစ်စဖွယ် ဗီဒီယိုလေးနဲ့ ပတ်သက်လို့ လူပြောများနေပါတယ်။ တစ်ချို့ဆိုရင်လည်း ကလေးရဲ့ မိခင် တွေ့ရင်တော့ ကလေးထိန်းတော်လှတဲ့ ဖခင်အပေါ် ဒေါသထွက်နေလိမ့်မယ်ဆိုပြီးလည်း စနောက်နေကြပါသေးတယ်။

လင်းလင်း (ShweMom)

SHARE