မျက်လုံးကို ကုသမရသည်အထိ အမြင်အာရုံဆုံးရှုံးစေနိုင်တဲ့ LED မီးလုံးတွေရဲ့ အန္တရာယ်

ပြင်သစ်ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်းတစ်ခုက LED မီးလုံးတွေရဲ့အန္တရာယ်ကို အများပြည်သူသိစေဖို့ သတိပေးထုတ်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအဖွဲ့ကတော့ The French Agency for Food, Environmental and Occupational Health and Safety ဖြစ်ပြီး ANSES လို့ အတိုကောက်အနေနဲ့ ခေါ်ဆိုကြပါတယ်။

၎င်းတို့ရဲ့အဆိုအရ အိမ်တွေ၊ ရုံးတွေ၊ ကျောင်းတွေမှာ အသုံးပြုနေတဲ့ LED မီးလုံးတွေဟာ သာမန်မီးလုံးတွေထက် အလင်းရောင်ပိုပေးနိုင်ပြီး၊ လျှပ်စစ်မီတာကိုလည်း သာမန်ထက်ချွေတာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရသော်လည်း တကယ်တမ်းမှာတော့ မျက်လုံးအတွက် အလွန်ဆိုးကျိုးတွေ ပေးပါတယ်တဲ့။

Which.uk

စာရွက်ရေ (၄၀၀)အထိပါတဲ့ ANSES ရဲ့ အစီရင်ခံစာထဲမှာ စွမ်းအားပြင်း LED မီးလုံးတွေမှာ Phototoxicity လို့ခေါ်တဲ့ အရေပြားကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေထုတ်လွှတ်ကြောင်း ဖော်ပြထားပါတယ်။ မျက်မှောက်ခေတ် နည်းပညာအရ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ Tablet တွေ၊ TV တွေကို LED နဲ့ အခြေခံထုတ်လုပ်ကြပါတယ်။

သို့သော်လည်း အဲဒီနည်းပညာပစ္စည်းတွေက မျက်လုံးရဲ့အမြင်အာရုံကို ထိခိုက်မှုနည်းပါးအောင် ကြိုစားထုတ်လုပ်ထားတာဖြစ်လို့ အရမ်းကြီး စိတ်ပူရမယ့် အခြေအနေမဟုတ်သော်လည်း ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကတော့ နှင်းခွဲမီးကဲ့သို့သော မီးလုံးတွေကို စွမ်းအားအမြင့်ဆုံး သုံးထားကြကြောင်း၊ ဒါကို ရှောင်ဖို့လိုတယ်လို့ တိုက်တွန်းထားပါတယ်။

နောက် LED တွေရဲ့ဆိုးကျိုးကတော့ မျက်လုံးရဲ့အမြင်အာရုံနဲ့ မျက်ကြည်လွှာကို ပြန်ကုသလို့မရအောင် ထိခိုက်ပျက်စီးစေနိုင်တဲ့ အလင်းစူးအား ပါဝင်လို့ တိုက်ရိုက်ကြည့်ခြင်းကနေ ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ တစ်ချို့ LED မီးလုံးတွေဟာ သဘာဝအိပ်စက်မှုဟန်ချက် (Natural sleep rhythms)ကိုပါ အနှောက်အယှက် ပေးသည်အထိ ဖြစ်တတ်ပါတယ်။

ANSES

LED မီးလုံးတွေဟာ အရည်သွေးပိုကောင်းတယ်ဆိုတဲ့ မီးလုံးတွေက Blue Light လို့ခေါ်တဲ့ ရောင်ခြည်ကို ပိုပြီးထုတ်လုပ်ပေးတာဖြစ်ပြီး အလင်းရဲ့ Exposure ကို ပိုပြီးအားပြင်းစေပါတယ်။ ဒီလို အလွန်အားပြင်းလေ မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်က ပိုများလေပါ။

ဒါကြောင့် ANSES က LED ထုတ်လုပ်သူများအနေနဲ့ အလင်းစူးအားကို တက်နိုင်သမျှ လျှော့ချထုတ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ LED နည်းပညာအသုံးပြုမှုဟာ ခေတ်နဲ့အညီ ပေါ်ထွန်းလာတဲ့အရာဖြစ်ပြီး၊ အခုနှစ် နှစ်မကုန်ခင်မှာ လက်ရှိထုတ်လုပ်မှုထက် (၆၀)%အထိ ရောက်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းထားပါတယ်။

လင်းဇော်ကို (Shwemom)

READ
ကယ်လိုရီအမြန်လောင်ကျွမ်းစေမည့် ဖျော်ရည်များ

Source : dailymail.co.uk

SHARE