အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့သူကို လုံးဝအဖက်မလုပ်ဖို့ ၀ီလျံကို သတိပေးလိုက်တဲ့ ကိတ်

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ကိန်းဘရစ်မြို့စားကတော်ဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ ရို့စ်ဟန်ဗျူရီကို ပြိုင်ဖက်အဖြစ် သတ်မှတ်နေပုံရကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မင်းသားဝီလျံအနေနဲ့ ကိတ်နဲ့ ရို့စ်ကြားမှာ ပြေလည်မှုရအောင် ကြိုးစားခဲ့ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ ၀ီလျံနဲ့ ကိတ်နဲ့ တစ်တွဲ၊ ရို့စ်နဲ့ သူ့အမျိုးသား ဒေးဗစ်က တစ်တွဲ အတွဲနှစ်တွဲပေါင်းပြီး ဒိတ်လုပ်ခဲ့ကြသေးတာကြောင့် ဖြစ်ပါတယ်။

REX FEATURES

ဒါပေမယ့် တော်ဝင်မိသားစုရဲ့ ဓာတ်သိတွေကတော့ ကိတ်ဟာ ၀ီလျံရဲ့ ဖြောင်းဖြစကားကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ သူမက မော်ဒယ်ဟောင်းဖြစ်၊ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်ခဲ့တဲ့ ရို့စ်ကို မိသားစုရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ် မသတ်မှတ်ဖို့နဲ့၊ သူတို့နဲ့ ခပ်ကင်းကင်းနေဖို့ ၀ီလျံကို ပြောခဲ့တယ်လို့ သိရပါတယ်။ အောက်မှာတွေ့ရတဲ့ ဓာတ်ပုံမှာတော့ ကိတ်နဲ့ ရို့စ်ဟာ စကားပြောနေတုန်း ၀ီလျံဟာ ခပ်လှမ်းလှမ်းကနေပဲ ရှိနေခဲ့တာကို တွေ့ရမှာပါ။

REX FEATURES

ကြားရတဲ့အတိုင်းဆိုရင်တော့ ကိတ်နဲ့ ရို့စ်ကြားမှာ ခံစားချက်ပြင်းထန်တဲ့ ကိစ္စတစ်ခုရှိခဲ့တယ်လို့ အားလုံးက ခန့်မှန်းနေကြပါတယ်။ တချို့ကလည်း ရို့စ်ဟာ ၀ီလျံနဲ့များ ဇာတ်လမ်းရှိခဲ့လေသလားဆိုပြီး ထင်ကြေးပေးနေကြပါတယ်။ တော်ဝင်မိသားစုရဲ့ ရင်းနှီးသူတစ်ဦးကတော့ “….၀ီလျံက သူတို့နှစ်ယောက်ကို ပြန်တည့်စေချင်တယ်။ ဖျန်ဖြေပေးတယ်။ ဘာကြောင့်လည်းဆိုတာ့ ကိတ်နဲ့ ရို့စ်နဲ့က အရင်ကလည်း ရင်းနှီးတယ်၊ အချင်းချင်းမှာလည်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ရှိတယ်ဆိုတော့။”

READ
ဘောလုံးကန်ကြီးထဲမှာ နစ်ခဲ့လို့ အသက်လုခဲ့ရတယ်ဆိုတဲ့ မိခင်တစ်ဦး
REX FEATURES

“….ဒါပေမယ့် ကိတ်က ခါးခါးသီးပဲ။ ရို့စ်တို့ကို ထပ်လည်းမတွေ့ချင်ဘူး။ သူတို့က ဂုဏ်သရေရှိပြီး တော်ဝင်မိသားစုတွေနဲ့ တန်းတူ သြဇာအာဏာကြီးတဲ့သူတွေ ဖြစ်ပေမယ့် သူတို့နဲ့ မပတ်သက်ပါနဲ့ဆိုပြီး ၀ီလျံကို ပြောခဲ့တာ… ” လို့ ဆိုပါတယ်။  ၀ီလျံနဲ့ ကိတ်ဟာ ဘုရင်မကြီးက သူမတို့ဇနီးမောင်နှံကို လက်ဆောင်ပေးတဲ့ Anmer Hall ကို ကျေးလက်အိမ်လေးဆီ ရွှေ့ပြောင်းလာခဲ့ရာမှ ရို့စ်တို့နဲ့ အိမ်နီးချင်းတွေအဖြစ် ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

REX FEATURES
REX FEATURES

လင်းလင်း (ShweMom)

Ref: thesun, cosmopolitan

SHARE