တော်ဝင်အမျိုးသမီးတွေရဲ့ (၄၂) နှစ်ကြာ ရိုးရာအစဉ်အလာကို ချိုးဖောက်ခဲ့ပြန်တဲ့ မီဂန်

ဆော့စ်ဆက်မြို့စားကတော် မီဂန်မာကယ်ဟာ တော်ဝင်အမျိုးသမီးတွေရဲ့ (၄၂) နှစ်ကြာ ထိန်းသိမ်းလာခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်မယ်လို့ သိရပါတယ်။ တော်ဝင်မျိုးနွယ်ဝင် အမျိုးသမီးတွေဟာ ကလေးမွေးပြီးတဲ့အခါ ဆေးရုံအဆင်း တံခါးပေါက်မှာ ကလေးကို လူထုဆီ ပြသရပါတယ်။ ဒါပေမယ့် မီဂန်ကတော့ ဒီလိုလုပ်မှာ မဟုတ်ပဲ ကလေးပုံကို အင်စတာဂရမ်ပေါ်မှာသာ တင်ပေးမယ်လို့ ဆိုပါတယ်။

ကလေးမီးဖွားရာ ဆေးရုံရဲ့ အပြင်ဘက်မှာ တော်ဝင်မျိုးနွယ် ရင်သွေးလေးကို နောက်ဆုံးပြသခဲ့သူတွေကတော့ ၀ီလျံနဲ့ ကိတ်ပဲ ဖြစ်ပါတယ်။ တော်ဝင်မိသားစုတွေ ဆက်တိုက်ဟာ ဒီအစဉ်အလာကို ထိန်းသိမ်းခဲ့ပေမယ့် မီဂန်နဲ့ ဟယ်ရီကတော့ သူတို့ရဲ့ ရင်သွေးလေးကို ခေတ်သစ်နည်းလမ်းနဲ့ပဲ ကမ္ဘာကို ချပြချင်ပုံ ရပါတယ်။

(Image: Ian Vogler/Daily Mirror)

တော်ဝင်အမျိုးသမီးတွေရဲ့ မိမိတို့ ရင်သွေးကို မွေးပြီးပြီးချင်း လူထုဆီ ပြသရတဲ့ အစဉ်အလာကို (၁၉၇၇) ခုနှစ်မှာ မင်းသသမီးအန်းန်လက်ထက်ကတည်းက စတင်ခဲ့တာပါ။ မီဂန်ဟာ ကလေးကို မွေးပြီးပြီးချင်း လူထုရှေ့ဆီ မချပြရုံတင်မကပဲ ကလေးကိုလည်း တခြား တော်ဝင်ကိုယ်ဝန်ဆောင်သည်တွေလို ဆေးရုံမှာ မမွေးပဲ သူ့အိမ်မှာပဲ မွေးမယ်ဆိုပြီး ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။

READ
ပုလင်းနဲ့တစ်ကိုယ်ရေအာသာဖြေကာ ဖြုတ်မရဖြစ်နေပြီး ငယ်ပါဆုံးရှုံးခဲ့ရတဲ့အမျိုးသား
(Image: Mirrorpix)
(Image: PA)

ဒီအကြောင်းနဲ့ ပတ်သက်ပြီး တော်ဝင်မိသားစုရဲ့ ပရိသတ်အများအပြားဟာ စိတ်ပျက်သွားခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သန်းပေါင်းများစွာသော အားပေးကြည့်ရှုသူတွေအနေနဲ့လည်း တော်ဝင်ကလေးငယ်လေးကို ပထမဆုံးမြင်တွေ့ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ပြောနေကြတာတော့ မီဂန်ဟာ သူမရဲ့ ကလေးမီးဖွားမှုမှာ ဖိအားတွေမလိုချင်တာဖြစ်ကြောင်းနဲ့ ဟယ်ရီကလည်း တစ်သဘောတည်းဖြစ်ပြီး ပြင်ပကလာတဲ့ အာရုံနောက်စရာတွေကို လက်မခံချင်ကြောင်း သိရပါတယ်။

Majesty Magazine ရဲ့ အယ်ဒီတာချုပ်တစ်ဦးဖြစ်တဲ့ အင်းဂရစ်ဆီဝေါ့ဒ်ကတော့ “..ဆယ်စုနှစ်တွေအများကြီး ကြာအောင် တော်ဝင်အမျိုးသမီးတွေဟာ ဒီအစဉ်အလာကို ထိန်းသိမ်းခဲ့ကြတယ်။ ဒါကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်ရမှာပါပဲ။ လူတွေက ဘယ်လိုထင်ကြမလဲဆိုတော့ မီဂန်က ပြည်သူပိုင်လေ။ သူခုလို ကောင်းကောင်း ဇိမ်ကျကျနေရတာ ပြည်သူတွေဆီက ရတဲ့ အခွန်အခတွေနဲ့ နေရတာလေ။ ပြည်သူတွေကို နည်းနည်းပါးပါးလောက်တော့ ပြန်သိတတ်ပေးဖို့ ကောင်းပါတယ်…” လို့ ဆိုပါတယ်။ နန်းတော်ကတော့ မီဂန်ကလေးမွေးပြီးပြီးချင်းမှာ မီဒီယာတွေကို အကြောင်းကြားသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

READ
မိခင်ကို အပိုင်ရဖို့ကြံနေသူက မအေကိုမရတော့ သားဖြစ်သူကို အက်စစ်နဲ့ပက်ပြီး တိုက်ခိုက်ခဲ့

လင်းလင်း (ShweMom)

Ref: mirror

SHARE