တော်ဝင်မိသားစုထဲက ထွက်ခွာတော့မယ် ညီအတွက် ၀မ်းနည်းစကားဆိုလိုက်တဲ့ ၀ီလျံ

instagram/kensingtonroyal, instagram/ sussexroyal

ယခုရက်သတ္တပတ် အစောပိုင်းတုန်းက ဟယ်ရီနဲ့ မီဂန်တို့နှစ်ဦးဟာ ဗြိတိန်တော်ဝင်မိသားစုထဲက ခွဲထွက်မယ်ဆိုပြီး တရားဝင်ကြေညာခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဟယ်ရီရဲ့ အစ်ကိုဖြစ်တဲ့ ၀ီလျံမင်းသားကတော့ ၀မ်းနည်းလျက်ရှိနေကြောင်း huffingtonpost သတင်းစာမျက်နှာအရ သိရပါတယ်။

ဝီလျံဟာ ၄င်းရဲ့ သူငယ်ချင်းတစ်ယောက်ဆီကို “…ကျွန်တော်ဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ သူ့အပေါ်ကို အမြဲတမ်း ဖေးမပေး၊ ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော် ဘာမှမတတ်နိုင်တော့ဘူး။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရပ်တည်မှုက ကွာခြားခဲ့ကြပြီ။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်…” လို့ အခုလို ရင်ဖွင့်ခဲ့တာပါ။

View this post on Instagram

The Duke and Duchess of Sussex joined hundreds of veterans and their families at the 91st Field of Remembrance at Westminster Abbey, to honour and remember those who lost their lives in service of their country. Their Royal Highnesses each planted a Cross of Remembrance, paying respect to those who have served in our Armed Forces. They were then honoured to spend time meeting with veterans and family members from all areas of the Armed forces – from those who have served in past campaigns to more recent conflicts. This is the seventh time The Duke has attended the Field of Remembrance – having previously accompanied The Duke of Edinburgh for several years. The Duchess of Sussex was grateful to be able to join her husband on this important day and to personally recognise those who have served. #remembrance #lestweforget

A post shared by The Duke and Duchess of Sussex (@sussexroyal) on

ဝီလျံနဲ့ ကြင်ယာတော် ကိတ်ကတော့ “…ကျွန်မတို့ဘက်က လုပ်ပေးနိုင်သမျှ ဟယ်ရီတို့မောင်နှံကို ကြိုးစားပြီး ပံ့ပိုးပေးသွားမှာပါ။ အားလုံး စည်းစည်းလုံးလုံး ရှိကြဖို့ပဲ ဆန္ဒရှိပါတယ်…” လို့ ဆိုခဲ့ပါတယ်။

READ
Christmas Bonus အဖြစ် ဝန်ထမ်း(၂၀၀)လောက်ကို ဒေါ်လာသန်းချီ ပေးခဲ့တဲ့ ကုမ္ပဏီ

ဆော့ဆက်စ်မြို့စားတွေဖြစ်တဲ့ ဟယ်ရီနဲ့ မီဂန်တို့ တော်ဝင်မိသားစုထဲက ထွက်ခွာတော့မယ်လို့ သတင်းထွက်ပြီးနောက် တစ်ကမ္ဘာလုံးက အံ့သြနေခဲ့ကြတာပါ။ ဒီလို ဆုံးဖြတ်ချက်ကို ချနိုင်ဖို့အတွက် လပေါင်းအချိန်ကြာ စဉ်းစားပြီး အသေးစိတ်ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့လည်း သူတို့ကိုယ်တိုင် အင်စတာဂရမ်ပေါ်မှာ အသိပေးထားပါသေးတယ်။

View this post on Instagram

Merry Christmas! This year The Queen's Speech was filmed in the Green Drawing Room at Windsor Castle. It will be broadcast on Christmas Day at 3pm GMT. This year also marked the 75th Anniversary of D-Day and in The Queen's Christmas Speech Her Majesty will reflect on the commemorations. "For the Seventy-Fifth Anniversary of that decisive battle, in a true spirit of reconciliation, those who had formerly been sworn enemies came together in friendly commemorations either side of the Channel, putting past differences behind them. . "By being willing to put past differences behind us and move forward together, we honour the freedom and democracy once won for us at so great a cost.” Watch The Queen's Christmas broadcast on TV, radio and online here tomorrow at 3pm GMT.

A post shared by The Royal Family (@theroyalfamily) on

တော်ဝင်မိသားစုထဲက ခွဲထွက်ချင်တဲ့ အကြောင်းရင်းဟာ ငွေရေးကြေးရေးအရ လွတ်လပ်မှုရလိုတာကြောင့်လို့ ဆော့ဆက်စ်မောင်နှံက ဆိုပါတယ်။ တော်ဝင်မိသားစုဝင်တွေအဖြစ်က အနားယူပြီး မိသားစုထဲက ခွဲထွက်မယ်ဆိုပေမယ့် ဘုရင်မကြီးနဲ့ ချစ်ကြည်မပျက်ရှိမယ့်အကြောင်းလည်း ပြောထားပါတယ်။

READ
ကမ္ဘာ့ချန်ပီယံကို အံ့အားသင့်ဖွယ်အနိုင်ယူပြီး၊ ဒေါ်လာသန်းချီ ဆုကြေးရခဲ့တဲ့ ဂျပန်လက်ဝှေ့သမား

ဆော့ဆက်စ်တို့ဟာ မယုံနိုင်စရာကောင်းလှတဲ့ ဒီဆုံးဖြတ်ချက်ကို ကနေဒါနိုင်ငံဆီ (၆) ပတ်တာ အလုပ်ခရီးစဉ်ထွက်ပြီးနောက် ပြန်အလာမှာပဲ အားလုံးထံ အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆော့ဆက်စ်မောင်နှံတို့ရဲ့ ဆုံးဖြတ်ချက်ဟာ တော်ဝင်မိသားစုဝင်တွေကို အကြီးအကျယ်ရှော့ခ်ရစေပြီး အများစုက ဒေါသထွက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE