တက္ကသိုလ်ဘွဲ့ ရယူနိုင်ခဲ့ပြီဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ သားအကြီးဆုံး’ပရင့်စ်’

မိုက်ကယ်ဂျက်ဆင်ရဲ့အကြီးဆုံးသားဖြစ်တဲ့ ပရင့်စ်ကတော့ အသက် (၂၂)နှစ်အရွယ်မှာပဲ တက္ကသိုလ်ဘွဲ့တစ်ခု ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရင့်စ်ဟာ Loyola Marymount University ကနေ စီးပွားရေးဘွဲ့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ကျန်ရစ်သူ ဇနီးသည် Debbie Rowe အတွက် ဂုဏ်ယူစရာ ဖြစ်စေမှာပါ။

ပရင့်စ်ရဲ့နာမည်အရင်းဟာ မိုက်ကယ်ဂျိုးဆက်ဂျက်ဆင်ဂျေအာ ဖြစ်ပါတယ်။ သူဟာ မွေးချင်းတွေဖြစ်တဲ့ ပဲရစ်စ်နဲ့ ဘလန့်ကတ်တို့ရဲ့ အစ်ကိုကြီးဖြစ်ပါတယ်။ ဘွဲ့ယူအခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်းကို ဗွီဒီယိုမှတ်တမ်း ရယူကာ လူမှုကွန်ရက်ပေါ်လည်း ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။

Instagram
Instagram

ဘွဲ့ယူအခမ်းအနားမှာ ချစ်သူ Molly Schirmang လည်း အတူတူ ဘွဲ့ယူခဲ့တာဖြစ်ပြီး၊ ဝမ်းကွဲညီအစ်ကိုဖြစ်တဲ့ TJ Jackson ကလည်း ပရင့်စ်ရဲ့ဘွဲ့ယူအခမ်းအနားကို ဝန်းရံခဲ့ပါတယ်။ TJ က သူရဲ့တွစ်တာမှာလည်း ပရင့်စ်ကို ဂုဏ်ပြုပေးခဲ့ပြီး အများကလည်း အဲဒီပို့စ်ကို သဘောကျခဲ့ကြပါတယ်။

 

 

View this post on Instagram

 

Yesterday I graduated from @loyolamarymount Cum Laude in the school of business with a focus on entrepreneurship. I met so many people and learned so much that the experience alone is worth it. I wish I could thank everyone that helped me make it to the end but I can’t and unfortunately they’re not all pictured here. But the biggest thanks goes to @tjjackson9 and his brothers @tarylljackson and @tajjackson who kept pushing me to graduate and finish up my degree when I wanted to quit. Honestly I can’t tell you if all of it was worth it yet but I am proud of my degree as I believe it is a testament to my dedication and discipline. I’m thankful for LMUs education of a whole person and the implementation of Jesuit values because I believe they inspire graduates like me to continue to change the world for the better.

A post shared by Prince Jackson (@princejackson) on

TJ က “ ပရင့်စ်ရေ … ဒါဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးပါဘဲ … မင်း ရောက်သင့်သလောက် ရောက်ခဲ့ပြီး … ဆက်ပြီး သင်နေရမယ် … ဆက်ပြီး ရှင်သန်ရမယ် … ကိုယ်ပေးနိုင်တာတွေ လောကကြီးကို ပြန်ပေးနေရမယ် … မင်းအတွက် ဂုဏ်ယူပါတယ် … မင်းကို အရမ်းချစ်တယ် ”လို့ ရေးသားခဲ့ပါတယ်။

hellomagazine
Glamour Fame

ပရင့်စ်ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ ဒုတိယဇနီးဖြစ်တဲ့ Debbie Rowe နဲ့ ရတဲ့သားကြီးဖြစ်ပါတယ်။ မိုက်ကယ်ဟာ ပထမမယားကြီးဖြစ်တဲ့ လီဆာမာရီပရက်စ်လေနဲ့ (၁၉၉၄)မှာ လက်ထပ်ခဲ့ပြီး၊ (၁၉၉၆)မှာ ကွာရှင်းခဲ့တာပါ။ အဲဒီနောက် Rowe နဲ့ လက်ထပ်ခဲ့ပြီး၊ (၁၉၉၉)ခုနှစ်မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။

လင်းသူရိန် (Shwemom)

READ
Adele ရဲ့ ဖခင်အစစ်ဟာ ကျွန်တော်ပါလို့ဆိုလာတဲ့ တူရကီအဆိုတော်တစ်ဦး

Source : mirror.co.uk

SHARE