လူတစ်ယောက်ရဲ့ ခါးသာသာပဲအမြင့်ရှိတဲ့ ဆူနာမီရဲ့ ထိတ်လန့်ဖွယ်ကောင်းပုံ

Pexels/GEORGE DESIPRIS

ဂျပန်နိုင်ငံဟာ ငလျင်နဲ့ပတ်သက်ပြီး သေးသေးကြီးကြီး ခံစားခဲ့ရဖူးပြီ ဖြစ်ပါတယ်။ မကြာသေးခင် ဇွန်(၁၈) ရက်တုန်းက ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်လည်း နီဂါတာ၊ ယာမာဂါတာနဲ့ အီရှီကာဝါ စီရင်စုနယ်တွေမှာ ဆူနာမီသတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရပါတယ်။ ၄င်းသတိပေးချက်မှာ ဆူနာမီရေလှိုင်းတွေဟာ ၁ မီတာ (၃.၂ ပေ) အထိရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၁ မီတာဟာ (၂၀၁၁) ခုနှစ်တုန်းက ဂျပန်နိုင်ငံကို ရိုက်ခတ်ခဲ့တဲ့ (၁၆.၇) မီတာထက်စာရင် ဘာမှမဟုတ်ဘူးထင်ရပေမယ့် ပေါ့ဆလို့မဖြစ်တဲ့အကြောင်းကို တွစ်တာပေါ်မှာ တွေ့ခဲ့ရပါတယ်။

ပုံမှာ ပြထားတာကတော့ သာမန်(၄) မီတာအမြင့်ရှိတဲ့ ရေလှိုင်းနဲ့ (၄) မီတာအမြင့်ရှိတဲ့ ဆူနာမီရေလှိုင်းတို့ကို နှိုင်းယှဉ်ဖော်ပြထားတာ ဖြစ်ပါတယ်။ ဆူနာမီရေလှိုင်းမှာတော့ သာမန်ရေလှိုင်းနဲ့မတူပဲ သူ့ထဲမှာ နစ်မြုပ်ဝင်နေတဲ့ ပစ္စည်းတွေ၊ အရာဝတ္ထုတွေပါ ပါဝင်နေတာကိုလည်း တွေ့ရမှာပါ။

အချို့ကတော့ (၁) မီတာ အမြင့်ရှိတဲ့ ဆူနာမီရေလှိုင်းဟာ လူအတွက် အန္တရာယ်မရှိနိုင်ဘူးလို့ မှတ်ယူကြပေမယ့် တကယ်တမ်းမှာ လူအတွက် အန္တရာယ်ရှိနိုင်တာကို ဗီဒီယိုဖိုင်လေးမှာ တွေ့ရမှာပါ။ ရေလှိုင်း ၁မီတာ ဟာ ၃ပေလောက်သာရှိပြီး လူတစ်ယောက်ရဲ့ခါးသာသာပဲ ရှိတယ်ဆိုပေမယ့် လူတစ်ယောက်ကို အသာလေး ဇီဝှိန်ခြွေနိုင်ကြောင်း အခုလို သိရပါတယ်။

“(၁) မီတာအမြင့်ရှိတဲ့ ဆူနာမီက အလေးချိန်(၁) တန်အားနဲ့ ညီမျှတယ်။ ဒါကြောင့် လူကို (၁၀၀) ရာခိုင်နှုန်း သေစေနိုင်ဖို့ အခွင့်အလမ်းရှိတယ်။ လူတစ်ယောက်ကို လဲကျအောင်လုပ်ဖို့ဆိုတာ ဆူနာမီလှိုင်း စင်တီမီတာ (၅၀)လောက်ပဲ လိုတယ်။ ဆူနာမီက ကြောက်စရာအရမ်းကောင်းပါတယ်။ ဆူနာမီလာတယ်ဆိုတာ ရေလှိုင်းလေးတင် လာတာမဟုတ်ဘူး။ သမုဒ္ဒရာကြီးတစ်ခုလုံးအားနဲ့ တက်လာတာပါ…”  လို့ ဆူနာမီဗဟုသုတရှိသူတစ်ဦးက အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ဆူနာမီရေလှိုင်းတွေက (၁) မီတာလောက်ပဲ အမြင့်ရှိရှိ  အန္တရာယ်များတာမို့ ပင်လယ်အနီးနေထိုင်သူတွေဟာ အမြဲသတိဝီရီယနဲ့နေသင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE