ဖေ့စ်ဘုတ်ပေါ်မှာmemeအဖြစ်နဲ့ အမြဲတွေ့နေရတဲ့ ကလေးရုပ်နဲ့ Osita Ihemeရဲ့သရုပ်မှန်

ositalheme instagram

Osita Iheme ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ meme အဖြစ် လူသိများပြီး ဖေ့စ်ဘုတ်အသုံးပြုသူတော်တော်များများကတော့ သူ့ကို နာမည်မသိရင်တောင် မျက်နာကို ရင်းနှီးနေကြမှာပါ။ သူကိုတော့ ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး တော်တော်များများက ကလေးလေးတစ်ယောက်လို့ပဲ ထင်ထားကြတာပါ။ ဒါပေမဲ့ သူကတော့ အသက် ၃၇ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

thisiconkid instagram
ositalheme instagram

သူကတော့ နိုင်ဂျီးရီးယား နိုင်ငံသား နာမည်ကျော် မင်းသားတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ဂျီးရီးယားနဲ့ အာဖရိကန် လူငယ်တွေကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ဖို့အတွက် Inspired Movement Africa ကိုတည်ထောင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ositalheme instagram

သူကတော့ Lagos State University ကနေ Computer Science နဲ့ကျောင်းပြီးထားတာဖြစ်ပါတယ်။ အနုပညာလောကမှာတော့ Aki na Ukwaရုပ်ရှင်ကားက သူရဲ့ဇာတ်ကောင် ‘Pawpaw’ ဆိုတဲ့ ကြောင့် နာမည်ကြီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ Lifetime Achievement Award ဆုကို African Movie Academy Awards ပွဲမှာ ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Best Actor Africa Magic Viewer’s Choice Awards  ဆုကို ရရှိခဲ့ပါတယ်။

READ
မတ်လ ဒုတိယအပတ်အတွင်း BILLBOARD TOP TEN ဝင်နိုင်ငံတကာ သီချင်းကောင်းများ
ositalheme fan instagram
ositalheme instagram

Osita Iheme ကတော့ ဟာသသရုပ်ဆောင် ဘဝကနေ စွယ်စုံရအနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားပေါင်း ၁၀၀ကျော်မှာ ပါဝင်ထားပြီး Nollywood(နိုင်ဂျီးရီးယားရုပ်ရှင်လောက) မှာ အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။

ositalheme instagram

Source: Wikipedia

SHARE