သင်မသိသေးတဲ့ အသင့်စားခေါက်ဆွဲခြောက်တွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းများ

ဒီလို COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ စားနပ်ရိက္ခာဆိုတာ အရေးကြီးဆုံးပါပဲ။ နိုင်ငံတော်တော်များများရဲ့ အစိုးရတွေက သူတို့ပြည်သူတွေကို အပြင်မထွက်ဖို့ မေတ္တာရပ်ခံထားတဲ့ ဒီလိုအချိန်မျိုးမှာ အအပြင်ထွက်လို့ရတုန်း ရိက္ခာခြောက်တွေကို တစ်ခါတည်း ဝယ်ယူထားသင့်ပါတယ်။ ရိက္ခာခြောက်ထဲမှာ လူတွေအကြိုက်ဆုံးကတော့ ခေါက်ဆွဲခြောက်တွေပါပဲ။ လူတော်တော်များများဟာ အသင့်စားခေါက်ဆွဲခြောက်တွေကို ကြိုက်ပေမယ့် အဲဒီခေါက်ဆွဲခြောက်တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ချို့ကိုတော့ မသိလောက်သေးပါဘူး။ ဒါ့ကြောင့် Shwemom စာဖတ်ပရိသတ်ကြီးတို့ မသိလောက်သေးတဲ့ ဒီအသင့်စားခေါက်ဆွဲခြောက်တွေရဲ့ အကြောင်းအရာတစ်ချို့ကို Insider သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို မှီငြမ်းပြီး တင်ဆက်ပေးလိုက်ပါတယ်။

Pixabay-imnow316

၁. တစ်ချိန်တုန်းက ခေါက်ဆွဲခြောက်တွေဟာ ဇိမ်ခံကုန်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။ ဒီခေါက်ဆွဲခြောက်တွေကို စတင်ထုတ်လုပ်ခဲ့တဲ့ ဂျပန်နိုင်ငံမှာ ခေါက်ဆွဲခြောက်စပေါ်ပေါ်ခြင်း လူတိုင်းနီးပါး ဝယ်မစားနိုင်ပါဘူး။ အဲဒီအချိန်တုန်းက ခေါက်စွဲခြောက်ထုပ်တွေဟာ ခေါက်ဆွဲအစစ်တွေထက် ၆ ဆလောက် ဈေးကြီးခဲ့ဖူးပါတယ်။

၂. တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသင့်စားခေါက်ဆွဲခြောက်ကို အစားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ WINA(World Instant Noodles Association) ရဲ့ စာရင်းအရ တရုတ်နိုင်ငံမှာ ခေါက်ဆွဲခြောက်ထုပ်ပေါင်း ဘီလီယံ ၄၀ ကျော် စားသုံးခဲ့တယ်လို့ သိရပါတယ်။

READ
အမျက်ရှသူတွေကိုကွပ်မျက်ရာမှာ ကင်ဂျုံအန် သုံးလေ့ရှိတဲ့ ကြောက်မက်ဖွယ်နည်းလမ်း (၅)မျိုး

၃. ကမ္ဘာပေါ်မှာ နှစ်စဉ် အသင့်စားခေါက်ဆွဲခြောက်ထုပ်ပေါင်း ၁၀၃ ဘီလီယံလောက်စားကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ တရုတ် နိုင်ငံကတော့ အများဆုံးဖြစ်ပြီး ဒုတိယကတော့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ အအမေရိကန်နိုင်ငံကတော့ စားသုံးသူအနည်းဆုံး ဖြစ်ပါတယ်။

Pixabay-Licht-aus

၎. ဒီလို အသင့်စားခေါက်ဆွဲခြောက်ကို စတင်တီထွင်ခဲ့တာကတော့ ၁၉၅၈ ခုနှစ်မှာ ဂျပန်နိုင်ငံက Momofuku Ando လို့ အမည်ရတဲ့ အမျိုးသားကြီးက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Nissin Foods ကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့ပြီး အဲဒီခေါက်ဆွဲခြောက်ထုပ်နာမည်ကတော့ “Chikin Ramen” ပဲ ဖြစ်ပါတယ်။ Ando ကတော့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူမသေခင်တောက်လျှောက် Chicken Ramen ခေါက်ဆွဲခြောက်ကိုပဲ ကြိုက်နှစ်သက်စွာ စားသုံးခဲ့ပါတယ်။

၅. ဒါ့အပြင် Ando ဟာ ၁၉၇၀ ခုနှစ်အစောပိုင်းမှာ အမေရိကန်နိုင်ငံကို အသင့်စားခေါက်ဆွဲခြောက်တွေ စတင်ပြီး တင်သွင်းခဲ့ပါတယ်။ အဲဒီအချိန်မှစပြီး အမေရိကန်လူမျိုးတွေဟာ အသင့်စားခေါက်ဆွဲခြောက်တွေက စတင်စားသုံးဖူးတာ ဖြစ်ပါတယ်။

READ
Titanicသင်္ဘောကြီးနစ်မြုပ်မယ့်အကြောင်းကို ၁၄နှစ်ကြိုတင်ဟောသလိုဖြစ်ခဲ့တဲ့စာအုပ်
Pixabay-Clker-Free-Vector-Images

၆. ၁၉၇၁ ခုနှစ်ရောက်တော့မှ Nissin Foods ကုမ္ပဏီဟာ အသင့်စားခေါက်ဆွဲခြောက်တွေကို ဗူးလေးတွေထဲထည့်ပြီး ခေါက်ဆွဲခြောက်ဗူးတွေကို စတင်ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးအနှံ့ကို တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။

၇.ခေါက်ဆွဲခြောက်ဘူးပြတိုက်ရှိတယ်ဆိုရင် သင်ယုံပါ့မလား။ ဒအဲဒီပြတိုက်ဟာ ဂျပန်နိုင်ငံ၊ Osaka မြို့မှာ ဒီနေ့အထိရှိပါသေးတယ်။ Ando ကိုယ်တိုင် ၁၉၉၉ ခုနှစ်မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြတိုက်မှာ အသင့်စားခေါက်ဆွဲခြောက်ဘူးတွေရဲ့ ရာဇဝင်တွေအပြင် တီထွင်ဖန်တီးခဲ့ပုံ အဆင့်ဆင့်ကို ပြသထားပါတယ်။

 

 

View this post on Instagram

 

A post shared by Soichi Noguchi (@astro.soichi) on

၈. အာကာသမှာပါဆွဲလို့ရမယ့် အသင့်စားခေါက်ဆွဲခြောက်ကို ဂျပန်နိုင်ငံအာကာသပညာရှင်တစ်ဦးဖြစ်တဲ့ Soichi Noguchi ကိုယ်တိုင် Nissin Foos ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ၂၀၀၅ ခုနှစ်၊ ဇူလိုင်လမှာ တီထွင်ခဲ့ပါတယ်။

Pyi Hein Kyaw

SHARE